[Unicode]

Battery ပမာဏ 5000mAh ပါဝင်သော Vivo Y11 ကို Vivo မှ အသစ် ထပ်မံထုတ်လုပ်လိုက်ပါပြီ။ ၆.၃၅ လက်မရှိ Halo FullView™ Display နဲ့ ဖန်တီးပြုလုပ်ထားပြီး Agate Red နှင့် Mineral Blue ဆိုပြီး အရောင် ၂ ရောင်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။ ဈေးနှုန်း ၂ သိန်း ဝန်းကျင်သာရှိသည့် Y11 သည် ဈေးကွက်ထဲသို့ရောက်ပြီး ရက်ပိုင်းအတွင်းမှာပင် ဝယ်လိုအားများ မြင့်တက်နေသည့် ဖုန်းတစ်လုံး ဖြစ်သည်ဟု ပြောကြားထားပါသည်။

Y11 တွင် 8MP AI Beauty အရှေ့ကင်မရာနှင့် အနောက်ကင်မရာမှာ 13MP + 2MP ပါဝင်သောကြောင့် ပြတ်သားသည့် ပုံရိပ်များကို ဖမ်းယူနိုင်မည်ဖြစ်ပြီး Face Access နှင့် လက်ဗွေရာစနစ် များလည်း ပါဝင်သည့်အတွက် ပေးရသည့်ဈေးနှုန်းထက် သာလွန်သော အရည်အသွေးများကြောင့် လူကြိုက်များနေသည့် ဖုန်းမော်ဒယ်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် 12nm octa-core processor နှင့် 1.95GHz အမြန်နှုန်းရှိပြီး 3GB RAM နဲ့ 32GB သိုလှောင်နိုင်စွမ်း ပါဝင်သည့်အပြင် အထူးပြုလုပ်ထားသည့် Android 9 ကို အခြေခံထားတဲ့ Vivo ရဲ့ Funtouch OS 9.1 က အမြန်နှုန်း မြှင်တင်ပေးသည်။ ဘက်ထရီ ပမာဏ 5000mAh ပါဝင်သည့်အတွက် အားတစ်ခါသွင်းထားပြီး ကြာရှည်အသုံးခံမှာလည်း ဖြစ်သည့်အတွက် မိုဘိုင်းဂိမ်းကစားသည့် သူများအတွက် သင့်တော်သော ဖုန်းတစ်လုံး ဖြစ်ပါသည်။ Y11 ကို ဝယ်ယူလိုပါက ဈေးနှုန်း ၂၁၉,၈၀၀ ကျပ်ဖြင့် Vivo အရောင်းဆိုင်များနှင့် ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။

[Zawgyi]

Vivo မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Vivo Y11 ၏ ဝယ်လိုအားများ ဈေးကွက်ထဲတွင် မြင့်တက်


