[Zawgyi]


Y12 မှာ 5000mAh Battery ကြီး ပါဝင်ပြီး ဈေးနှုန်းက ၂သိန်း ဝန်းကျင်သာ ရှိနိုင်ပါတယ်။ မျက်နှာပြင်မှာလည်း 6.35 လက်မရှိပြီး Halo FullView Display ကို အသုံးပြုထားတဲ့အတွက် မျက်နှာပြင် အကြီးကြီး အသုံးပြုချင်သူတွေအတွက် သင့်တော်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။


[Unicode]

ဈေးနှုန်း ၂သိန်း ဝန်းကျင်သာရှိနိုင်တဲ့ 5000mAh Battery နဲ့ vivo Y12 မကြာခင် ပြည်တွင်းဈေးကွက်ထဲသို့ ဝင်ရောက်မည်

vivo ရဲ့ Y series ဖြစ်တဲ့ Y12 က မကြာခင်မှာ ပြည်တွင်းဈေးကွက်ထဲသို့ ဝင်ရောက်လာပါတော့မယ်။ ဈေးနှုန်း သင့်တင့်ပြီး အကောင်းဆုံး အရည်အသွေးတွေကို အသုံးပြုသူများအတွက် အမြဲတမ်း ထုတ်လုပ်ပေးနေတဲ့ vivo က ဒီတစ်ခါမှာလည်း Battery ကြီးကြီးနဲ့ ဂိမ်းကစားတဲ့သူတွေ အဆင်ပြေစေဖို့ Y12 မော်ဒယ် စမတ်ဖုန်းကို မကြာခင်ချိန်အတွင်း ဈေးကွက်ထဲကို အရောက်ပေးပို့နိုင်ဖို့ စီစဉ်နေပါပြီ။

Y12 မှာ 5000mAh Battery ကြီး ပါဝင်ပြီး စျေးနှုန်းက ၂သိန်း ဝန်းကျင်သာ ရှိနိုင်ပါတယ်။ မျက်နှာပြင်မှာလည်း 6.35 လက်မရှိပြီး Halo FullView Display ကို အသုံးပြုထားတဲ့အတွက် မျက်နှာပြင် အကြီးကြီး အသုံးပြုချင်သူတွေအတွက် သင့့်တော်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

ဒါ့အပြင် အနောက်ကင်မရာ 13MP + 8MP + 2MP ဆိုပြီး ကင်မရာ ၃ လုံး ပါဝင်တဲ့အပြင် wide angle နဲ့ AI features တွေလည်း ပါဝင်တဲ့အတွက် ဓာတ်ပုံအရည်အသွေးလည်း ကောင်းမွန်နိုင်ပါတယ်။ Y12 ရဲ့ အဓိက အားသာချက်ကတော့ Battery ဖြစ်နေတော့ တစ်နေ့တာ အပြင်သွားရင် အားလွယ်လွယ်ကူကူ ကုန်သွားမှာ၊ အားမခံမှာတွေ တွေးမပူရတော့သလို power bank လည်း အမြဲ ဆောင်သွားစရာ မလိုတော့ပါဘူး။ ဒါကြောင့် Y12 က ဈေးနှုန်းသင့် ဖုန်းတွေထဲမှာ ဘက်ထရီအပိုင်းအတွက် ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။