Vivo က တန်ဖိုးနည်း စွမ်းရည်နိမ့် Y1s ကို ကမ္ဘောဒီးယားမှာ ကြေညာလိုက်ပါတယ်။ အရွယ်ကြီး ၆.၂၂ လက်မ Halo FullView LCD မျက်နှာပြင် ထည့်သွင်းထားပြီး HD+ Resolution ရှိပါတယ်။ MediaTek Helio P35 Chipset မောင်းနှင်ထားပြီး 2GB RAM , 32GB Storage ထည့်ထားပါတယ်။ microSD Card Slot တပ်ဆင်ထားပြီး Android 10 အခြေပြု FunTouch OS 10.5 ပါပါတယ်။

Vivo Y1s မှာ 5MP အရှေ့ ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 13MP ကင်မရာ ၁ လုံးပဲ ထည့်သွင်းထားပြီး အနောက်ကင်မရာတွေကို LED Flash နဲ့ ထောက်ပံ့ထားပါတယ်။ 4,030mAh ဘက်ထရီ , Dual 4G VoLTE , 2.4GHz WiFi , Bluetooth 5.0 , GPS , microUSB 2.0 နဲ့ 3.5mm Audio Jack တွေပါလာပြီး လက်ဗွေရာ အာရုံခံ ကိရိယာ မပါပါဘူး။

2GB+32GB Version ကို ကမ္ဘောဒီးယားမှာ ၁၀၉ ဒေါ်လာလောက်နဲ့ ရောင်းချထားပြီး မြန်မာငွေ ၁ သိန်း ၅ သောင်းလောက်ပဲ ရှိပါတယ်။ Aurora Blue နဲ့ Olvie Black ၂ ရောင် ထုတ်လုပ်ထားပြီး တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina’