Vivo ဟာ အရင်နှစ်က ကြေညာခဲ့တဲ့ Y19 ရဲ့ မျိုးဆက်သစ်ကို ဖန်တီးနေပါတယ်။ အဲဒီ မျိုးဆက်သစ်ရဲ့ နာမည်က Vivo Y20 ဖြစ်ပြီး မကြာခင်က အင်ဒိုနီးရှား အာဏာပိုင်တွေဆီမှာ မှတ်ပုံတင်လိုက်ပါတယ်။  အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ V2027 ဖြစ်ပါတယ်။

အဲဒီ မော်ဒယ်နံပါတ်ကို Geekbench မှာ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ခဲ့ရပြီး Single-core Test မှာ ၂၅၂ မှတ်နဲ့ Multi-core Test မှာ ၁,၂၃၉ မှတ်ရထားပါတယ်။

Geekbench မှာ တင်ထားတဲ့ သတင်းအချက်အလက်တွေအရ Vivo Y20 မှာ Qualcomm Snapdragon 460 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Android 10 အခြေပြု Vivo Funtouch OS Skin အုပ်ထားမှာ ဖြစ်ပါတယ်။

Vivo Y20 ရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena