ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် စက်ပစ္စည်းအသစ် ထုတ်လုပ်မှုတိုင်းတွင် vivo အသုံးပြုသူများ၏ လိုအပ်ချက်များနှင့်တကွ ပိုမိုထက်မြက်သောအနာဂတ်အား ပုံဖော်ရန် အဆက်မပြတ် ကြိုးစားအားထုတ်ခဲ့ပါသည်။ ဒီတစ်ခါမှာလည်း vivo မှ စျေးသက်သာ လူငယ်ဆန်ပြီး နည်းပညာစိတ်ဝင်စားသော အသုံးပြုသူများအတွက် vivo Y22 Y စီးရီးအသစ် အား မိတ်ဆက်ပေးရန်ရှိကြောင်း သတင်းရရှိထားပါသည်။ vivo Y22 သည် စွမ်းဆောင်ရည်မြင့်မားသော ပရီမီယံအင်္ဂါရပ်များ ပါဝင်လာနိုင်ပြီး အသုံးပြုသူများ၏ နှစ်သက်အားပေးမှု ရရှိလေ့ရှိသော မျိုးဆက်သစ် Y စီးရီး ဖြစ်လာမည်ဟု ယုံကြည်ပါသည်။ လက်ရှိသတင်းများအရ Y22 တွင် အာရုံခံကိရိယာပါရှိသော 50MP ကျောဘက်ကင်မရာ၊ 8MP HD ရှေ့ကင်မရာ နှင့် Video Face Beauty တို့ ပါဝင်လာမှာ ဖြစ်ပြီး လူငယ်များအတွက် တီထွင်ဖန်တီးမှု အားကောင်းကောင်း နှင့် ရင်သပ်ရှုမောဖွယ်ရိုက်ချက်များကို ရိုက်ကူးနိုင်မှာဖြစ်ပါသည်။

Y22 ၏ ကင်မရာပိုင်းတွင် MediaTek Helio G85 ပရိုဆက်ဆာဖြင့် ပံ့ပိုးပေးထားပြီး ဘက်စုံလုပ်ဆောင်ချက်များနှင့် ဂိမ်းကစားခြင်းတို့အား နှေးကွေးမှုမရှိရန် ထောက်ပံပေးပါသည်။ လက်ဗွေရာဖတ်စနစ်သည် Side Fingerprint ဒီဇိုင်းဖြစ် ပါဝါခလုတ်နေရာတွင် ပေါင်းစပ် ပါ၀င်သောကြောင့် သက်သောင့်သက်သာလွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါသည် ။ Y22 သည် ပေါ့ပါးလှပသောဒီဇိုင်းဖြစ် 2.5D Curvature ထည့်သွင်းထားသော ကြောင့် သစ်လွင်လှပနေမှာဖြစ်ပါတယ်။ vivo ၏ ထုတ်ကုန်ဒီဇိုင်းများသည် အမြဲ ခေတ်မီစွာတီထွင်ဆန်းသစ်ခဲ့ပြီး ယခုတစ်ခါ Y22 သည်လည်း vivo ၏ နောက်ထပ် ပြောင်မြောက်သော‌ထုတ်လုပ်မှုတစ်ခု ဖြစ်လာရန် ရည်ရွှယ်ပါသည်။ ခေတ်မီ Minimalism ဒီဇိုင်းများအား ကြိုက်နှစ်သက်သော ပရိသတ်များအတွက် vivo Y22 ၏ အရောင်များသည် ပြီးပြည့်စုံခြင်း ၊ တောက်ပခြင်း နှင့် အနာဂတ်ဆန်ခြင်းတို့နှင့် အသုံးပြုသူများကြား စိတ်လှုပ်ရှားစရာ ဖြစ်လာဖို့ မျော်လင့်ပါတယ် ။

vivo Y22 သည် ကင်မရာနှင့် ဒီဇိုင်းမှ စွမ်းဆောင်ရည်အထိ ယုံကြည်စိတ်ချရသော သုံးစွဲသူအတွေ့အကြုံအား ပေးဆောင်နိုင်မည့်အပြင် ကြံခိုင်သော စမတ်ဖုန်းတစ်လုံးဖြစ်လာမည်ဟု ခန့်မှန်းရပါသည်။ vivo သည် သုံးစွဲသူများအား တန်ဖိုးမြင့်ဆန်းသစ်တီထွင်မှုအား အမြဲ ပေးဆောင်ခဲ့သလိုပဲ Y22 တွင် လည်း အလားတူ ခြေရာနင်းနိုင်ဖို့ ယုံကြည်ပါသည်။

Y22 ၏ ပါဝင်သောအင်္ဂါရပ်များ ၊ ဖြန့်ချိမည့်ရက်စွဲ နှင့် အသေးစိတ်အချက်အလက် ကြေငြာချက်များအား စောင့်ကြည့်ပေးကြပါရန် ပန်ကြားအပ်ပါသည်။

Press Release – vivo