vivo က အင်ဒိုနီးရှားမှာ Y36 ရဲ့ 4G နဲ့ 5G Version ကို ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးရဲ့ ၁ ခုတည်းသော ကွာခြားချက်က Chipset နဲ့ အရောင်တွေ ဖြစ်ပါတယ်။ 4G မှာ Snapdragon 680 ပါလာပြီး Glitter Aqua နဲ့ Meteor Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 5G မှာ MediaTek Dimensity 6020 ထည့်ထားပြီး Crystal Green နဲ့ Mystic Black အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ ကျန်တဲ့ Specs တွေက တူညီကြပါတယ်။

vivo Y36 goes official in 4G and 5G versions

ဖုန်း ၂ လုံးစလုံးမှာ 6.64” Ultra O LCD 1080 x 2388p မျက်နှာပြင် တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။

Vivo Y36 4G, Y36 5G phone launched in Indonesia: supports 90Hz refresh rate - TechGoing

44W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Android 13 အခြေပြု vivo Funtouch OS 13 မောင်းနှင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံက 164.06 x 76.17 x 8.07 mm ဖြစ်ပြီး အလေးချိန်က ၂၀၂ ဂရမ် ဖြစ်ပါတယ်။

vivo Y36 4G Version ကို ၂၂၆ ဒေါ်လာ သတ်မှတ်ထားပြီး 5G Version ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ အင်ဒိုနီးရှား ပြင်ပမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena