Vivo ကနေ Mid Range ဖုန်းအသစ်တစ်လုံးအနေနဲ့ Vivo Y50 ကို မိတ်ဆက်လာဖို့ရှိနေတယ်ဆိုတာက ယခုနှစ်အစောပိုင်းထဲက အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း Vivo Y50 ရဲ့ Model Number ဖြစ်တဲ့ Vivo V1935 ဟာ Google Play Console မှာထွက်ပေါ်လာခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ Leakster တစ်ဦးဖြစ်တဲ့ Sudhanshu Ambhore ကနေ Vivo Y50 ရဲ့ Official ဓါတ်ပုံတွေအပြင် Specification တွေနဲ့ စျေးနှုန်းကိုပါ ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ အခု ဖော်ပြလိုက်တဲ့ Vivo Y50 ဟာ Cambodia မှာရောင်းချသွားမယ့်အမျိုးအစားဖြစ်ပြီး တခြားနိုင်ငံတွေမှာတော့ အနည်းငယ်ကွဲလွဲနိုင်ပါတယ်။

အရင်ဆုံး Vivo Y50 စမတ်ဖုန်းဟာ Punch-hole Display ကို အသုံးပြုထားပြီးတော့ အရောင်အနေနဲ့ Violet နဲ့ Black Color ၂ မျိုးကို တွေ့ရပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာ Fingerprint Sensor အပြင် လေးထောင့်ကျကျ Camera Setup ကိုပါ အသုံးပြုထားတာဖြစ်ပါတယ်။

Specification အနေနဲ့ကတော့ Qualcomm Snapdragon 665 Processor ကို RAM 8GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပြီး RAM 6GB Version လည်း ထွက်ရှိလာမယ်လို့ သိရပါတယ်။ Display အနေနဲ့တော့ 6.53″ Full HD+ Display ကို အသုံးပြုပေးထားပါတယ်။

Camera ပိုင်းမှာတော့ Quad Camera Setup ပါဝင်မှာဖြစ်ပြီး 13MP Primary Sensor အပြင် 8MP Ultrawide Sensor ၊ 2MP Portrait Sensor နဲ့ 2MP Macro Sensor တွေကို ထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကို Support ပြုလုပ်မှာပါ။

စျေးနှုန်းအနေနဲ့တော့ RAM 8GB ၊ 128GB Version ကို ဒေါ်လာ ၂၄၉ နဲ့ရောင်းချသွားမှာဖြစ်ပြီးတော့ မြန်မာငွေ ၃ သိန်းခွဲဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China