Vivo ကနေ Mid Range ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ Vivo Y50 ဖုန်းကို တရားဝင်မိတ််ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Vivo Y50 ဖုန်းဟာ စျေးနှုန်းအနေနဲ့ ၁,၆၉၈ ယွမ် (မြန်မာငွေ ၃ သိန်း ၄ သောင်းဝန်းကျင်) ကျသင့်မယ်လို့ သိရပြီး တရုတ်နိုင်ငံမှာ လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Vivo Y50 စမတ်ဖုန်းဟာ Performance ပိုင်းမှာတော့ Qualcomm Snapdragon 665 Processor ကို အသုံးပြုထားပြီးတော့ RAM 8GB နဲ့ Storage 128GB ပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ MicroSD Card ကနေလည်း နောက်ထပ် 256GB အထိ ထပ်ပြီးတိုးချဲ့နိုင်ဦးမှာပါ။

Display ပိုင်းအနေနဲ့တော့ 6.53″ Full HD+ Punch-hole Display ကို အသုံးပြုထားပြီး Screen to Body Ratio အနေနဲ့ 90.7% အထိရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် 18W Fast Charging ကို Support ပြုလုပ်နိုင်တဲ့ 5000mAh Battery ကိုလည်း ထည့်သွင်းထားပါသေးတယ်။

Camera ပိုင်းမှာတော့ Quad Camera Setup ကိုထည့်သွင်းထားပြီး 13MP Primary Sensor ၊ 8MP Ultrawide Sensor ၊ 2MP Macro Sensor နဲ့ 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကိုထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ Vivo Y50 ဖုန်းဟာ မကြာသေးခင်ကမှ တရုတ်နိုင်ငံမှာ မိတ်ဆက်ထားတဲ့ OPPO A52 နဲ့ A72 စမတ်ဖုန်းတွေနဲ့ အဓိကယှဥ်ပြိုင်ရဖို့များနေပါတယ်။

Ref – Gizmo China