Vivo က Y Series ဖုန်း အသစ်ကို ရောင်းချပေးလိုက်ပါပြီ။ Vivo Y50 မှာ Snapdragon 665 Processor , 5,000mAh ဘက်ထရီနဲ့ အနောက်ကင်မရာ ၄ လုံး ပါလာပါတယ်။ 8GB LPDDR4X RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားပြီး 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Dual SIM Slot နဲ့ microSD Slot တွေ ထောက်ပံ့ထားပါတယ်။

အမြန်ဆုံး အနေနဲ့ 400Mbps Download Speed ကို ထောက်ပံ့ပေးတဲ့ Qualcomm Snapdragon X12 Baseband ပါလာပြီး MU-MIMO နည်းပညာထောက်ပံ့တဲ့ 802.11ac WiFi ထည့်ထားပါတယ်။ 18W Dual-engine Flash Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။

၆.၅၃ လက်မ 2340x1080p Punch Hole မျက်နှာပြင် ပါလာပြီး FHD+ Resolution ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးက ၉၀.၇ ရာခိုင်နှုန်းရှိတဲ့အတွက် တန်ဖိုးနည်း ဖုန်းဆိုပေမယ့် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။ အဲဒီ ဖုန်းရဲ့ အလန်းဆုံး အစိတ်အပိုင်းတွေက အနောက်ကင်မရာ ၄ လုံး ဖြစ်ပြီး 13MP , 8MP Wide-angle , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ 8MP ကင်မရာက ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်နဲ့ 2MP Macro က ၄ စင်တီမီတာ အကွာအဝေးကို Focus လုပ်နိုင်ပါတယ်။ Depth ကင်မရာက နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံတွေ ဖမ်းယူပေးပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။

Vivo Y50 အတွက် Obsidian Black , Streamer Silver နဲ့ Glacier Blue အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၆၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၄ သောင်းလောက်ရှိပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : gizchina