မြန်မာကျပ်ငွေ ၃၆၉,၈၀၀ ကျပ်သာ ကုန်ကျမည်ဖြစ်သော်လည်း ကြာရှည်ခံသည့်ဘတ္ထရီ ၊ ကြီးမားသော မျက်နှာပြင် ၊ လှပသော ဒီဇိုင်း၊ ကောင်းမွန်သော ကင်မရာစနစ်ဖြင့် ဖန်တီးထားသည့် Midrange ဖုန်းအသစ်သည် သုံးစွဲသူ၏ လိုအပ်ချက်အများအပြားကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်

Vivo Mobile Myanmar သည် ၎င်း၏ ဈေးနှုန်းသင့်တင့်ပြီး စွမ်းရည်သာလွန်ကောင်းမွန်သည့် Y စီးရီး ဖြစ်သည့် Y50 ကို မြန်မာပြည်တွင် မိတ်ဆက်ပေးခဲ့သည်။ ယခင်လ အစောပိုင်းက မိတ်ဆက်ပေးခဲ့သော စွမ်းဆောင်ရည်မြင့် Flagship စမတ်ဖုန်းတစ်ခုဖြစ်သည့် V19 အောင်မြင်မှုရပြီးနောက်တွင် Vivo က Y50 ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ စွမ်းဆောင်ရည်မြင့်မားခြင်းနှင့် စတိုင်ကျလှပသည့်အသွင်အပြင်တို့ဖြင့် တစ်မူထူးခြားသော Y50 ကို အင်တာနက်ပေါ်တွင် ကြည့်ရှုခြင်း၊ ဖန်တီးခြင်းတို့ဖြင့် ၎င်းတို့အချိန်အများစုကို ကုန်ဆုံးလေ့ရှိသည့် အသုံးပြုသူလူငယ်တစ်ဦးစီအတွက် တစ်မူထူးခြားမှုများ ယူဆောင်ပေးမည့် စိန်ကျောက်များကဲ့သို့ လင်းလက်တောက်ပသော နောက်ဘက် 3D မှန်ဖြင့် ဒီဇိုင်းဆင်ယင်ပေးထားပါသည်။

အတွင်းနှင့်အပြင် နှစ်မျိုးစလုံး စတိုင်ကျ ကောင်းမွန်သည့် ဤဖုန်းတွင် အဆင့်မြင့် iView ဖန်သားပြင်၊ အလွန်ကြီးမားသော 5000mAh ဘက်ထရီနှင့် 8GB+128GB RAM & ROM တို့ ပါဝင်ပြီး ဈေးကွက်ဦးဆောင် ဒီဇိုင်းနှင့် အားကောင်းသော စွမ်းဆောင်ရည်တို့ဖြင့် ပြည့်စုံသော ဤဖုန်းကို ဆွဲဆောင်မှုကောင်းသည့် ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြင့် အသုံးပြုသူများအား Ultra Speed နှင့် Ultra Style တို့ကို ရယူခံစားစေနိုင်မည် ဖြစ်ပါသည်။

“Vivo Y50 ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးရတဲ့အတွက် ကျွန်တော့်အနေနဲ့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဖုန်းပုံစံဒီဇိုင်းအရ ဒီဖုန်းဟာ အသုံးဝင်တာနဲ့ လှပတာအကြား ဟန်ချိန်ညီညီ ထိန်းထားနိုင်ပြီး အသုံးပြုသူ လူငယ်တွေကို သူတို့နေ့စဉ်ဘဝမှာ လိုအပ်တဲ့ စွမ်းဆောင်ရည်တွေကို အနှောင့်အနှေးမရှိ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးကို စတိုင်ကျလှပစွာ ကိုင်ဆောင်စေနိုင်မှာ ဖြစ်ပါတယ်” ဟု Vivo Mobile Myanmar မှ Product Manager ကိုကိုအောင်မှ ဆိုပါသည်။

ဒီဇိုင်းနှင့် ဖန်သားပြင်

6.53 လက်မ Ultra O ဖန်သားပြင် ပါဝင်သည့် Vivo Y50 တွင် 1080p resolution ဖြင့်ကြည့်ရှုနိုင်သော ဖန်သားပြင်ပေါ်၌ အကောင်းဆုံး သုံးနိုင်ရန်အတွက် အသေးဆုံး selfie ကင်မရာပေါက် တစ်ခုသာ ပါဝင်မည် ဖြစ်ပါသည်။ ဗီဒီယို ကြည့်သူများ၊ ဂိမ်းကစားသူများ မည်သူမဆို ကြိုက်နှစ်သက်မည် ဖြစ်ပါသည်။ ဖန်သားပြင်နှင့် ကိုယ်ထည်အချိုးမှာ 90.77 ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး မြင်ကွင်းအချိုး 19.5:9 နှင့် FHD+ resolution ဖြစ်သည့် 2340 x 1080 ကို ခံစားအသုံးပြုနိုင်မည် ဖြစ်ပါသည်။

အမြင်ပိုင်းအရ ဆွဲဆောင်အားကောင်းသည့် ဤဖုန်းသည် ဘေးဘက်အကာများမှ ချောမွတ်တောက်ပြောင်သော ထောင့်များ၊ မျဉ်းများအတွင်း ရော‌နှောဝင်ရောက်သွားမည့် ချောမွေ့သော 3D မျဉ်းကွေးများဖြင့် စတိုင်ကျသော ပုံစံကို ဖော်ဆောင်ထားပါသည်။ အစင်းကွက်ပုံ အလင်းတောက်ပုံစံများသည် အလွှာလွှာထပ်ထားသည့် ဒီဇိုင်းပုံစံကို ပြသနေပြီး တင့်တယ်လှပသည့် Pearl White နှင့် သမုဒ္ဒရာ ရေနက်ပိုင်းကဲ့သို ဆွဲဆောင်မှုအားကောင်းသည့် Starry Black ဟူသော အရည်အသွေးမြင့် အရောင်နှစ်မျိုးဖြင့် အနုပညာ ရသမြောက်စေပါသည်။

စွမ်းဆောင်ရည်

လုပ်ဆောင်ချက် အများအပြားကို တစ်ပြိုင်တည်းသုံးလိုသူများ အနေဖြင့် octa-core Snapdragon 665 ပရိုဆက်ဆာနှင့် 8GB RAM တို့ ပါရှိသည့်အတွက် စွမ်းဆောင်ရည်မကျဘဲ အသုံးပြုနိုင်မည်ဖြစ်ပြီး သိုလှောင်မှုပမာဏ 128GB ပါရှိသည့်အတွက် အသုံးပြုသူများအနေဖြင့် ဤလက်ကိုင်ဖုန်း တစ်ခုတည်းတွင် ရုပ်ပုံ၊ ဗီဒီယိုနှင့် အကြိုက်ဆုံး ဖျော်ဖြေရေးဖိုင်များ အများအပြားကို ထည့်သွင်းထားနိုင်မည် ဖြစ်ပါသည်။ သိုလှောင်မှုအား ကောင်းသည့်အတွက် ဤဖုန်းအတွင်း နှစ်သက်ရာ အမှတ်တရ အားလုံးကို သိမ်းဆည်းနိုင်ရန်အတွက် ဖိုင်များဖျက်ခြင်း၊ နေရာရွှေ့ခြင်းများ လုပ်ရန်မလိုဘဲ အလွယ်တကူ သိမ်းဆည်းနိုင်မည် ဖြစ်ပါသည်။

အမြင်ပိုင်းအရသာ တိုးတက်လာသည် မဟုတ်ဘဲ နောက်ဆုံးပေါ် Multi-Turbo 3.0 နှင့် စမတ်ဖုန်းလောကတွင် ပထမဆုံးသော VPG (Vivo Process Guardian) နည်းပညာ အမျိုးအစားတို့ကြောင့် စွမ်းဆောင်ရည်နှင့် ဖုန်းစနစ် အမြန်နှုန်းတို့လည်း တိုးမြင့်လာပါသည်။ ဗဟိုစနစ်သုံး ရင်းမြစ်များကို Center Turbo အသုံးချ၍ အမြင့်ဆုံး အမြန်နှုန်းသို့ ဦးစားပေး မြှင့်တင်ပေးထားပြီး AI Turbo မှ အသိဉာဏ်မြင့် ဆုံးဖြတ်မှုများကို လုပ်ဆောင်ပေးထားသည့်အတွက် ဤဖုန်းသည် အခြားကုမ္ပဏီ (third-party) မှ အက်ပ်များကြောင့် ဖြစ်ရသည့် စနစ်မူမမှန်ဖြစ်စဉ်များကို မဖြစ်ပွားမီက ကြိုတင်ခန့်မှန်းနိုင်ပြီး ၎င်းပြဿနာများ မဖြစ်မီ ရှာဖွေ ဖြေရှင်းပေးနိုင်ပါသည်။

ထို့ပြင် Y50 ၏ အဆင့်မြင့်တင်ထားသော OS စနစ်ကြောင့် Funtouch OS 10 လုပ်ဆောင်ချက်များဖြင့် အသုံးပြုသူမှ USB ကြိုး ထိုးထားလျှင်ဖြစ်စေ၊ ဖုန်းစခရင်ကို ဖွင့်ထား၊ ပိတ်ထားလျှင်ဖြစ်စေ နောက်ခံအလင်းရောင်နှင့် လှုပ်ရှားရုပ်ပုံများ ပြပေးနိုင်ပြီး အသုံးပြုသူအနေဖြင့် ဂရုစိုက်မှုနှင့် မိမိစိတ်ကြိုက် ပြောင်းလဲမှုများကို ခံစားရယူနိုင်မည် ဖြစ်ပါသည်။

ကင်မရာများ

Y50 ၏ အထူးမြင်ကွင်းကျယ် Quad Camera သည် အထူးပြုကင်မရာ လေးခုဖြင့် ဓာတ်ပုံရိုက်ရန် အခွင့်အလမ်းသစ် များစွာကို လမ်းဖွင့်ပေးနိုင်ပါသည်။ 13MP ပင်မကင်မရာကို ရှင်းလင်းပြတ်သားမှု အမြင့်ဆုံးရစေရန် ဒီဇိုင်းထုတ်ထားပြီး 8MP အထူးမြင်ကွင်းကျယ် ကင်မရာကမူ ရှုခင်းမြင်ကွင်းကျယ်များနှင့် လူအများအပြားကို ရိုက်ကူးနိုင်ရန်အတွက် အလျားလိုက် 120 ဒီဂရီမြင်ကွင်းကို ရရှိစေမည် ဖြစ်ပါသည်။ အသုံးပြုသူအား မနက်ခင်း နှင်းရည်ပွင့်များမှသည် ပျားအုံတွင် အရောင်ပြန်ထနေသော ပျားရည်စက်များအထိ သေးငယ်သော အရာဝတ္ထုများမှ လှပသော ကမ္ဘာကြီးကို ပုံဖော်နိုင်ရန်အတွက် 2MP Macro ကင်မရာကိုလည်း ထည့်သွင်းထားပါသည်။ Face Beauty ပါဝင်သည့် 16MP ရှေ့ကင်မရာသည် ဘဝတွင် အလှပဆုံးသော အခိုက်အတန့်များအား အခက်အခဲမရှိ ဖမ်းယူရိုက်ကူးပေးနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် 2MP Bokeh ကင်မရာဖြင့် မီးမောင်းထိုး ပြသလိုသည့် အရာဝတ္ထု/ပုဂ္ဂိုလ်အား နောက်ခံပုံရိပ်များမှ ခွဲခြားပေးပြီး ထင်ရှားသိသာသည့် ရုပ်ပုံတို့ကို ဖန်တီးပေးနိုင်ပါသည်။

အသိဉာဏ်မြင့် Super Night algorithm သည် အလင်းမှောင်သွားသည်နှင့် အလိုအလျောက် ပွင့်လာပြီး အစက်အပြောက်များကို လျော့ချပေးကာ အလင်းလွန်ကဲသည့် နေရာများကို အလင်းရောင် လျော့ချပေးခြင်းဖြင့် ပိုမိုရှင်းလင်းပြီး ထင်ရှားသော အလင်းအမှောင် အလွှာများဖြင့် လှပတင့်တယ်သည့် ရုပ်ပုံများကို ရရှိစေပါသည်။ ဤလုပ်ဆောင်ချက်ကို ရှေ့ကင်မရာနှင့် နောက်ကင်မရာ နှစ်ခုစလုံးမှ အသုံးပြုနိုင်ပြီး အသုံးပြုသူများအား လှပသည့် ညနေခင်း selfie များ ရိုက်ကူးစေနိုင်သလို မှော်ဝင်ညရှုခင်းများကိုလည်း ဖမ်းယူစေနိုင်မည် ဖြစ်ပါသည်။ ဗီဒီရိုက် ရိုက်မည်ဆိုပါကလည်း သဘာဝအလျောက် လက်တုန်နိုင်သော်လည်း Y50 ၏ အထူးတည်ငြိမ်သည့် Ultra stable ဗီဒီယိုဖြင့် မီလီမီတာ အတိုင်းအတာအထိ တိကျသည့် ဈေးကွက်ဦးဆောင် တည်ငြိမ်မှုထိန်း algorithm များနှင့် ရွေ့လျားမှု အာရုံခံကိရိယာများဖြင့် ရုပ်ရှင်ရိုက်ကူးသကဲ့သို့ ထင်မှတ်မှားရမည့် တည်ငြိမ်မှုနှင့် ရှင်းလင်းမှုများကို ရရှိစေပါသည်။

“ကျွန်တော်တို့ Vivo ဟာ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပြီး ပိုမိုတိုးတက်ဖို့နဲ့ ဆန်းသစ်တီထွင်နိုင်ဖို့ အမြဲအားထုတ်လျက် ရှိပါတယ်။ Y50 midrange (ဈေးနှုန်းအသင့်အတင့်) စမတ်ဖုန်းဟာ ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ တန်ဖိုးကိုက်ညီမှုတွေကို အကောင်းဆုံး ဟန်ချက်ထိန်းပေးထားပြီး သုံးစွဲသူလူငယ်တွေ အနေနဲ့ ဤစမတ်ဖုန်းပါ ထိပ်တန်းဒီဇိုင်းတီထွင်မှုအားလုံးကို ခံစားရယူနိုင်မဲ့အပြင် မိတ်ဆွေသူငယ်ချင်း၊ ရင်းနှီးကျွမ်းဝင်သူတွေ အားလုံးက အားကျရမည့် ရင်သပ်ရှုမောဖွယ် အရောင်အသွေးစုံလင် လှပတဲ့ အဖော်ကောင်းတစ်ခုကိုလည်း ရရှိမှာ ဖြစ်ပါတယ်” ဟု Vivo Mobile Myanmar ၏ Chief Operating Officer ဖြစ်သည့် Mr. Nelson Ni က ဆိုပါသည်။

ဘယ်လိုရနိုင်မလဲ

ဤမြန်နှုန်းမြင့်၊ စတိုင်ကျ (Ultra Speed, Ultra Style) စမတ်ဖုန်းကို Pearl White နှင့် Starry Black (Iris Blue) အရောင်များဖြင့် ရနိုင်ပြီး 8GB+128GB RAM အမျိုးအစားကို မြန်မာကျပ်ငွေ ၃၆၉,၈၀၀ ကျပ် ဖြင့် ဇွန်လ ၁ ရက်နေ့ မှ စတင်ပြီး Vivo Myanmar အသိအမှတ်ပြုဆိုင် အားလုံးတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

Source – Vivo