ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်သည့် vivo သည်လူငယ်များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ၎င်း၏ ထူးခြားအံ့ဩဖွယ်လုပ်ဆောင်ရည်များပါဝင်သည့် Y series စမတ်ဖုန်းအသစ်ဖြစ်သော Y51 ဖြင့် ၂၀၂၁ နှစ်သစ်ကို ကြိုဆိုလိုက်ပါသည်။ ထို Y51 ဖုန်းအသစ်ကို မကြာမီ မြန်မာနိုင်ငံတွင် မိတ်ဆက်တော့မည်ဖြစ်သည်။

vivo ၏ Y series သည် မြန်မာနိုင်ငံဈေးကွက်အတွင်းရှိ တန်ဖိုးတူ စမတ်ဖုန်းများအကြားတွင် ၎င်း၏ ကွဲထွက်နေသည့်ဒီဇိုင်း နှင့် တီထွင်ဆန်းသစ်မှုများကြောင့် လူငယ်အသုံးပြုသူများ အလွန်ကြိုက်နှစ်သက်သည့် အမျိုးအစားဖြစ်ပါသည်။

ကြာရှည်အသုံးခံသည့် ဘက်ထရီပမာဏ၊ အမြန်ပြန်လည်အားဖြည့်နိုင်စွမ်း၊ ရင်သပ်ရှုမောဖွယ်ဒီဇိုင်း၊ အဆင့်မြင့်ပြီးသာလွန်ကောင်းမွန်သည့် ကင်မရာနည်းပညာများ၊ အဆင့်မြှင့်ထားသည့် processor နှင့် စွမ်းဆောင်ရည်များကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်းကို ရရှိထားပါသည်။

အကယ်၍ ထွက်ပေါ်ထားသည့် အချက်အလက်များနှင့် တရားဝင်ထုတ်ပြန်ကြေညာချက်များ တူညီမည်ဆိုပါက vivo Y51 တွင် အားသာသည့် လုပ်ဆောင်ချက်အနေဖြင့် အယ်ပလီကေးရှင်းများစွာကို အဆင်ပြေစွာအသုံးပြုနိုင်ရန် 8GB RAM + 128 GB ROM ပါဝင်မည်ဟု မျှော်လင့်ထားပါသည်။ ထွက်ပေါ်ထားသော အချက်အလက်များအရ Y series ၏ အရင်ဖုန်းများကဲ့သို့ ပင်မအနောက်ကင်မရာသည် 48 MP ဖြစ်နိုင်ချေရှိပြီး သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက် အမှတ်တရအချိန်များကို ကောင်းစွာ မှတ်တမ်းတင်နိုင်မည်ဖြစ်ပါသည်။ Ultra-wide ရိုက်ကူးနိုင်မည့် စွမ်းဆောင်ရည်များလည်းပါဝင်နိုင်ပြီး ကြည်လင်ပြတ်သားသည့် ရိုက်ချက်များကို နေ့ရောညပါ ကောင်းမွန်သေချာစွာ ရိုက်ကူးနိုင်တော့မည်ဖြစ်သည်။

ထို့အပြင် သတင်းများအရလည်း ချောမွေ့မြန်ဆန်သည့်စမတ်ဖုန်း အတွေ့အကြုံအတွက် Y51 တွင် မြင့်မားသည့် စွမ်းဆောင်ရည်နှင့် ကင်မရာစွမ်းရည်၊ ကြီးမားသော 5000mAh ဘက်ထရီနှင့် 18W Fast Charge စွမ်းရည်တို့ တပ်ဆင်ထားနိုင်ကြောင်း ဖော်ပြထားသည်။

ထင်မြင်တာထက် ပိုမိုစိတ်ဝင်စားဖို့ကောင်းသောအရာများရှိသည် ဟူသောအဆိုသည် အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် Y51 သည် ယနေ့လူငယ်များကို ဆွဲဆောင်နိုင်ပြီး စတိုင်ကျသောဒီဇိုင်းဖြင့် ထွက်ရှိလာမည် ဟု မျှော်လင့်ရသည်။ ဓာတ်ပုံရှုထောင့်အမျိုးမျိုးကို စမ်းသပ်ရိုက်ကူးနိုင်ရန်အတွက် မတူညီသည့် ကင်မရာများနှင့် filter များ ပါဝင်လာနိုင်သည်။ စမတ်ဖုန်း၏ ကနဦးထွက်ပေါ်လာသောဓာတ်ပုံများကို ကြည့်ခြင်းအားဖြင့် ၎င်းတွင် Display နှင့် ဖုန်းကိုအလွယ်တကူဖွင့်နိုင်သော Side Mounted Fingerprint Scanner လည်း ပါဝင်သည်။

ယေဘုယျအားဖြင့် Y51 တွင် ပါဝင်လာနိုင်သည့် နည်းပညာများကို ဈေးကွက်တွင် ပြောဆိုနေကြပြီးဖြစ်သည်။ ၎င်းသည် vivo Y စီးရီး၏ ယခုနှစ်အတွက် သိသာထင်ရှားစွာ ပွဲဦးထွက်လာသော ဖုန်းများထဲမှ တစ်ခုဖြစ်သည်။ စမတ်ဖုန်း၏ တရားဝင်ဖြန့်ချိမည့်ရက်၊ ရရှိနိုင်မှု နှင့် စျေးနှုန်းကိုမူ မသိရသေးပါ။ နောက်ထပ်အချက်အလက်များအတွက် vivo မှ တရားဝင်ကြော်ငြာချက်တစ်ခုကို စောင့်ဆိုင်းရမည်ဖြစ်သည်။

ကြိုတင်မှာယူမှုကာလမှာ ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိဖြစ်ပြီး vivo ၏ တရားဝင်အရောင်းပြခန်းများနှင့် ၎င်း၏မိတ်ဖက်လက်လီအရောင်းဆိုင်များတွင် မှာယူနိုင်ပြီး ဤကာလအတွင်း မှာယူပါက power bank လက်ဆောင်ရရှိမည်ဖြစ်ပြီး Y51 ဝယ်ယူအားပေးသူများအတွက် FOOMEE နားကြပ်လက်ဆောင်များကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

တိုးတက်လာသည့် နည်းပညာများနှင့်အတူ vivo သည် သုံးစွဲသူများ၏ ပြောင်းလဲနေသော ကြိုက်နှစ်သက်မှုများကို အမြဲတမ်းနားလည်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ထင်ရှားကျော်ကြားပါသည်။ ထို့ကြောင့် အသစ်မိတ်ဆက်လာမည့် ဖုန်းသည် စျေးနှုန်းနှင့်စွမ်းဆောင်ရည် နှစ်မျိုးလုံးတွင် မျှော်လင့်ချက်ထားသည့်အတိုင်း ထွက်ပေါ်လာမည်ဟု ယုံကြည်ထားသည်။

vivo ၏ အစဉ်အလာနှင့် ကတိစကားအတိုင်း လူငယ်များအတွက် လှုပ်ရှားမှုတိုင်းတွင် အကောင်းဆုံး စွမ်းဆောင်ရည်ပေးနိုင်မည့် စမတ်ဖုန်းကို မိတ်ဆက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်ကို မြင့်မားစွာထား၍ စမတ်ဖုန်းမိတ်ဆက်ခြင်းကို စောင့်ဆိုင်းပြီး၊ ပြီးခဲ့သည့် Y series မော်ဒယ်များကဲ့သို့ပင် vivo မှ ကျွန်ပ်တို့ကို ဘယ်လိုအံ့အားသင့်စရာကောင်းအောင် ပြုလုပ်အုံးမလဲဆိုတာကို စောင့်ကြည့်ရမည်ဖြစ်သည်။

Y51 နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လာမည့်ရက်များအတွင်း ကြေညာပေးတော့မည် ဖြစ်ပါသည်။

ယခုလို stay-home ကာလအတွင်း vivo Myanmar အဖွဲ့သည် vivo ၏ သုံးစွဲသူများ အဆင်ပြေစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် အခမဲ့အိမ်အရောက်ပို့ဆောင်ပေးမည့်အစီအစဉ်နှင့် အွန်လိုင်းငွေပေးချေမှု များကိုလည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ vivo စမတ်ဖုန်းများ၏ အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိလိုပါက vivo Myanmar Facebook Page တွင် ကြည့်ရှုနိုင်ပါသည်။

Source – vivo