တရုတ်နည်းပညာကုမ္ပဏီကြီး Vivo က အရင်ကလည်း Y51 ဖုန်းတွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုလည်း  နောက် ၁ လုံးလာပါပြီ။ တန်ဖိုးနည်း Y51 မော်ဒယ် အသစ်ကို အင်ဒိုနီးရှားမှာ ကြေညာလိုက်ပြီး အနောက်ဒီဇိုင်းက စွမ်းရည်မြင့် X50 Series နဲ့ တူပါတယ်။

vivo Y51 Titanium Sapphire Crystal Symphony

Vivo Y51 အသစ်မှာ ၆.၅၈ လက်မ IPS LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးကို Dual-LED Flash ၁ လုံးနဲ့အတူ ဒေါင်လိုက် ထည့်သွင်းထားပါတယ်။

vivo Y51 Titanium Sapphire 01

Snapdragon 665 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ပါလာသလို 1TB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းနိုင်ပါတယ်။ ဆော့ဖ်ဝဲ အပိုင်းကို ပြောရရင် Android 11 အခြေပြု Funtouch OS မောင်းနှင်ထားပါတယ်။

vivo Y51 Crystal Symphony 01

ဖုန်းအောက်ခြေမှာ နားကြပ်ပေါက်၊ USB Type-C Port ၊ စပီကာ အပေါက်နဲ့ ပင်မ မိုက်ကရိုဖုန်းတွေ တပ်ဆင်ထားပြီး ထိပ်ဖက်မှာ Dual SIM Card+microSD Card Slot နဲ့ ဒုတိယ မိုက်ကရိုဖုန်းတွေကို ထည့်သွင်းထားပါတယ်။ ညာဖက်မှာ အသံခလုတ်နဲ့ ပါဝါ ခလုတ်တွေ တည်ရှိပြီး လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

18W Charging ပါတဲ့ 5,000mAh ဘက်ထရီက မိုက်ပြီး အရောင်အနေနဲ့ အပြာ၊ အစိမ်းတွေ ရွေးချယ်နိုင်ပါတယ်။ အင်ဒိုနီးရှားမှာ ၂၅၃ ဒေါ်လာလောက်နဲ့ ရောင်းပေးထားပြီး ၃ သိန်း ၃ သောင်းလောက် ကျသင့်မှာပါ။

Ref : gizmochina