Vivo က အိန္ဒိယမှာ စွမ်းရည်သင့် ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Vivo Y51 လို့ နာမည်ပေးထားပြီး ဒီနှစ် ဧပြီလက ကြေညာခဲ့တဲ့ Y50 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ Y51 မှာ 48MP Main ကင်မရာ၊ နည်းနည်းပိုကြီးတဲ့ ဘက်ထရီ၊ Android 11 တို့နဲ့ အဆင့်မြှင့်ထားပါတယ်။

Vivo Y51 Titanium Blue

Vivo Y51 မှာ ၆.၅၈ လက်မ IPS LCD မျက်နှာပြင် ပါလာပြီး 2408x1080p Resolution ရှိပါတယ်။ 60Hz Refresh Rate ထောက်ပံ့ထားပြီး Qualcomm Snapdragon 665 SoC မောင်းနှင်ထားပါတယ်။ 8GB RAM , 128GB Storage နဲ့ Adreno 610 GPU တွေ ပါလာပါတယ်။

Vivo Y51 ရဲ့ အနောက်ဘက်မှာ ကင်မရာတွေကို လေးထောင့်အကွက်ထဲ ထည့်ထားပြီး အောက်ခြေမှာ Vivo Branding ကို မြင်ရပါတယ်။ အနောက်ကင်မရာ ၃ လုံးက 48MP Main , 8MP Wide Angle နဲ့ 2MP Macro တို့ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

ဘက်ထရီက အရွယ်ကြီးမားပြီး 5,000mAh ဖြစ်ပါတယ်။ 18W Fast Charging ထောက်ပံ့ထားပြီး Android 11 အခြေပြု Vivo FuntouchOS 11 မောင်းနှင်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Bluetooth 5.0 , Dual Band WiFi  , USB Type-C , 3.5mm Audio Jack ပါလာသလို microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ ၁၇,၉၉၀ ရူပီး သတ်မှတ်ထားပြီး 8/128GB Version ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ ၃ သိန်း ၂ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး Titanium Sapphire နဲ့ Crystal Symphony ၂ ရောင် ထုတ်လုပ်ထားပါတယ်။ Amazon India , Flipkart နဲ့ Vivo E Store တို့ကနေ ရောင်းမှာပါ။

Ref : xda-developers