Vivo ဆီက 5G Midrange ဟန်းဆက်အသစ် အဖြစ် Y51s အား တရုတ်စျေးကွက်သို့ မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းဟာ မကြာသေးခင်က ကြေညာထားတဲ့ Y70s မှာပါဝင်တဲ့ 6.53” FHD+ LCD Display တစ်ခု၊ Exynos 880 5G ချစ်ပ်ဆက်နဲ့ 4,500 mAh ဘက္ထရီတို့ကို ပြန်လည်ယူဆောင်လာပါတယ်။

Punch-hole Display ထဲမှာတော့ 8MP ဆဲလ်ဖီးကင်မရာတစ်ခုပါဝင်ပြီး Aspect Ratio က 19.5:9 ရှိပါတယ်။ နောက်ဘက်မှာ 48MP အဓိကကင်မရာကို 2MP Macro နဲ့ 2MP Depth Sensor နှစ်ခုက ဝန်းရံထားပြီး 4K Resolution ထိ ရိုက်ကူးနိုင်ပါတယ်။

မန်မိုရီပိုင်းမှာတော့ 6GB RAM / 129GB Storage ဗားရှင်းတစ်ခုပဲ ရရှိနိုင်မှာဖြစ်ပြီး Fingerprint Reader ကို ဘေးဘက်မှာ ထည့်သွင်းလာမှာပါ။ ဆော့ဖ်ဝဲပိုင်းမှာ Android 10 အခြေခံ Funtouch OS 10.5 နဲ့ အသုံးပြုရမှာဖြစ်ပြီး 4,500 mAh ဘက္ထရီကို 18W Micro USB အားသွင်းစနစ်နဲ့ ဖြစ်ပါတယ်။

Vivo Y51s ဖုန်းကို အနက်၊ အပြာနဲ့ အဖြူရောင်များဖြင့် ရရှိနိုင်ပြီး တန်ဖိုးက တရုတ်ယွမ် ၁၇၉၈ (မြန်မာငွေ သုံးသိန်းခွဲ) သတ်မှတ်ထားပါတယ်။

Ref – GSMArena