vivo Y55s 5G ကို ထိုင်ဝမ်မှာ ကြေညာလိုက်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ရောင်းချခဲ့တဲ့ vivo Y55s 5G နဲ့ အနည်းငယ်ကွဲပြားတဲ့ Specs တွေပါလာပါတယ်။ အခုမော်ဒယ်အသစ်မှာ FHD+ မျက်နှာပြင်၊ 5G ထောက်ပံ့တဲ့ Chip ၊ ကြီးမားတဲ့ ဘက်ထရီနဲ့ 50MP ကင်မရာတွေ ပါလာပါတယ်။

vivo Y55s 5G မှာ ၆.၅၅ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး Full HD+ Resolution ထောက်ပံ့ထားပါတယ်။ 60Hz Refresh Rate ထောက်ပံ့ထားပြီး Screen-to-body Ratio က ၉၀.၆ ရာခိုင်နှုန်း ရှိပါတယ်။ ညာဘက်ခြမ်းက ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

เปิดตัว vivo Y55s 5G เวอร์ชันไต้หวัน ใช้ขุมพลัง Dimensity 700 l กล้อง 50MP l แบต 5000mAh

vivo Y55s 5G မှာ Dimensity 700 Chipset မောင်းနှင်ထားပြီး 4GB နဲ့ 6GB RAM Version တွေ ထုတ်လုပ်ထားပါတယ်။ Storage က 128GB ဖြစ်ပြီး 18W Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။

Android 12 အခြေပြု FunTouch OS 12 မောင်းနှင်ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Portrait ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံး ထည့်သွင်းထားပါတယ်။ 1080p Video ကို 30fps နဲ့ အရှေ့ ကင်မရာက ရိုက်ကူးနိုင်ပြီး 1080p Video ကို 60fps နဲ့ အနောက်ကင်မရာက ရိုက်ကူးနိုင်ပါတယ်။

ထိုင်ဝမ်မှာ vivo Y55s 5G 4GB RAM+128GB Storage ကို  ဒေါ်လာ ၂၆၄ ဝန်းကျင်၊ 6GB RAM+128GB Storage ကို ဒေါ်လာ ၂၈၀ ဝန်းကျင်နဲ့ ရောင်းချထားပြီး Galaxy Blue နဲ့ Star Black ၂ ရောင်ထုတ်လုပ်ထားပါတယ်။

Ref : gizmochina