Vivo က Samsung Exynos 880 Processor ပါတဲ့ ပထမဆုံး ဖုန်း Vivo Y70s ကို မေလမှာ ကြေညာခဲ့ပြီး အခုတော့ Specs တော်တော်များများ တူတဲ့ Vivo Y70 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Vivo Y70 ရဲ့ Specs Sheet ဟာ ဝီဘိုမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Vivo Y70 မှာ LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 2400x1080p Resolution ရှိပါတယ်။ JDI က မျက်နှာပြင်ကို ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး 60Hz Refresh Rate ရှိပါတယ်။ မျက်နှာပြင် အရွယ်အစားကို မသိရသေးပါဘူး။

Vivo Y70 မှာ Exynos 880 Chipset မောင်းနှင်ထားပြီး 6GB or 8GB RAM နဲ့ 128GB Storage ပါလာမှာပါ။ Y70s မှာလိုပဲ microSD Card Slot တော့ မပါလာနိုင်ပါဘူး။ Vivo Y70 မှာ 48MP Samsung GM1 Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေကို အနောက်ဘက်မှာ ထည့်သွင်းထားမှာပါ။ အဲဒီ ကင်မရာတွေဟာ Y70s နဲ့ တူပေမယ့် Y70 မှာ မတူညီတဲ့ ဆဲလ်ဖီး ကင်မရာ သုံးထားမှာပါ။ Specs Sheet အရ ဖုန်းမှာ Electronic Image Stabilization ပါလာမှာပါ။

Y70 မှာ 4,500mAh ဘက်ထရီနဲ့ 18W Fast Charging ထည့်ထားမှာ ဖြစ်ပြီး USB Type-C Port ထောက်ပံ့ထားမှာပါ။ Y70s မှာလို စတီရီယို စပီကာတွေ မပါဘဲ Y70 မှာ စပီကာ ၁ လုံးပဲ ထည့်ထားမှာပါ။ အဲဒီဖုန်းရဲ့ 6/128GB ကို ၁,၇၉၈ ယွမ်နဲ့ 8/128GB ကို ၁,၉၉၈ ယွမ် သတ်မှတ်ထားမှာ ဖြစ်ပြီး မြန်မာငွေ ၃ သိန်း ၅ သောင်းနဲ့ ၃ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ရောင်းမယ့်အချိန်ကို မသိရသေးပေမယ့် ဒီလထဲ ကြေညာနိုင်ပါတယ်။

Ref : gizmochina