Vivo ကနေ အခုအချိန်မှာ Vivo Y73s 5G နာမည်နဲ့ Mid Range 5G စမတ်ဖုန်းအသစ်ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Vivo အတွက် စျေးအသက်သာဆုံး 5G စမတ်ဖုန်းဖြစ်သလို MediaTek ရဲ့ Dimensity 720 Chipset ကို ပထမဆုံးသုံးစွဲလာတဲ့ Vivo စမတ်ဖုန်းလည်းဖြစ်ပါတယ်။

Vivo Y73s 5G ဟာ Display အနေနဲ့ 6.44″ Full HD+ AMOLED Display ကို အသုံးပြုထားပါတယ်။ Selfie Camera ကိုတော့ Punch-hole Design အစား Waterdrop Notch Design ကိုပဲ အသုံးပြုထားပြီး High Refresh Rate ကိုလည်း Support ပြုလုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် 20:9 Aspect Ratio ၊ Screen-to-Body Ratio 90.1% နဲ့ 103% NTSC Color Gamut တွေကို Support ပြုလုပ်မယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ MediaTek Dimensity 720 Chipset ကိုမှ RAM 8GB LPDDR4x RAM ၊ 128GB UFS 2.1 Storage တွေပါဝင်မှာဖြစ်ပါတယ်။ MicroSD Card Slot တော့ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Camera ပိုင်းမှာတော့ 48MP Primary + 8MP Ultrawide + 2MP Portrait Sensor တွေပါဝင်တဲ့ Triple Back Camera Setup ပါဝင်မှာဖြစ်သလို Selfie Camera အနေနဲ့လည်း 16MP Sensor ကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ Camera Feature တွေအနေနဲ့ 4K Video Recording ၊ 10x Digital Zoom ၊ EIS ၊ Night Mode ၊ Macro Mode တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Battery အနေနဲ့ကတော့ USB-C ကနေတစ်ဆင့် 18W Fast Charging ပါဝင်တဲ့ 4100mAh ပါဝင်မှာဖြစ်ပြီး Android 10 OS ကို အခြေခံထားတဲ့ FunTouchOS 10 ကို အသုံးပြုထားမှာပါ။ အရောင်အနေနဲ့ကတော့ Silver Moon နဲ့ Black Mirror ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာဖြစ်သလို စျေးနှုန်းအနေနဲ့ 1,998 Yuan (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China