Vivo က ဒီလထဲမှာ  Y21T, V23, V23 Pro, Y33T, Y21e, Y55 5G နဲ့ Y21A စတဲ့ စမတ်ဖုန်း ၇ လုံးတောင် ကြေညာထားပါတယ်။ Vivo က ဒါတင် အားမရသေးဘဲ Y75 5G လို့ ခေါ်တဲ့ ၈ လုံးမြောက် စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။

Vivo Y75 5G ဟာ တကယ်‌တော့ စမတ်ဖုန်း အသစ် မဟုတ်ပါဘူး။ Y55 5G ထက် RAM ပိုများကာ ဆဲလ်ဖီး ကင်မရာ ပိုကောင်းလာတဲ့ မော်ဒယ် ဖြစ်ပါတယ်။ Y55 5G မှာ 4GB RAM နဲ့ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး Y75 5G မှာ 16MP ဆဲလ်ဖီး ကင်မရာနဲ့ 8GB (+ 4GB Virtual ) RAM ထည့်သွင်းထားပါတယ်။

vivo Y75 5G announced with more RAM and better selfie camera - GSMArena.com  news

Y75 5G ရဲ့ ကျန်တဲ့ Specs တွေက Dimensity 700 SoC , 6.58” FullHD+ LCD , Funtouch OS 12 (Android 11 အခြေပြု ဖြစ်နိုင်) , 128GB Storage တွေ ဖြစ်ပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားပါတယ်။

vivo Y75 5G announced with more RAM and better selfie camera - GSMArena.com  news

Vivo Y75 5G မှာ 18W Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး USB-C Port ပါပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Y75 5G အတွက် Starlight Black နဲ့ Glowing Galaxy ၂ ရောင် ထုတ်လုပ်ထားပြီး အိန္ဒိယမှာ ၂၁,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၂၀,၀၀၀ လောက် ကျသင့်မှာ ဖြစ်ပြီး Vivo ရဲ့ တရားဝင် အိန္ဒိယ Website နဲ့ မိတ်ဖက် စတိုးတွေကနေ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena