vivo ဟာ ပြီးခဲ့တဲ့လတုန်းက Y78+ ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း နောက်ထပ်ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ vivo Y78 ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

အစောပိုင်းကမိတ်ဆက်ခဲ့တဲ့ vivo Y78+ ဖုန်းဟာ Qualcomm Snapdragon 695 Chipset ကို အသုံးပြုခဲ့ပေမယ့် အခုအသစ်ထွက်ရှိလာတဲ့ vivo Y78 ဖုန်းက MediaTek Dimensity 7020 Chipset ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Y78+ ဖုန်းမှာ 6.78″ 120Hz FullHD+ Curved AMOLED Display ကို အသုံးပြုထားပေမယ့် Y78 ဖုန်းမှာတော့ 6.64″ 120Hz FullHD+ Flat LCD Display ကိုပဲ အသုံးပြုထားမှာပါ။

ဒါကြောင့် vivo Y78 ဖုန်းမှာပါဝင်တဲ့ Fingerprint Sensor ဟာ Under Display အစား Power Button မှာပဲ ထည့်သွင်းပေးထားပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ 44W Fast Charging ပါဝင်တဲ့ 5000mAh Battery ၊ 50MP + 2MP Depth Sensor ပါဝင်တဲ့ Dual Camera Setup အပြင် 8MP Selfie Camera တွေပါဝင်မှာဖြစ်ပါတယ်။

Software ပိုင်းအနေနဲ့ Android 13 ကို အခြေခံထားတဲ့ OriginOS 3 ကို အသုံးပြုထားပြီး USB-C ၊ 3.5mm Audio Port နဲ့ Bluetooth 5.3 လိုမျိုး Feature တွေပါဝင်မှာပါ။ vivo Y78 ဖုန်းဟာ RAM 8GB + 128GB ၊ RAM 8GB + 256GB နဲ့ RAM 12GB + 256GB ဆိုပြီး ၃ မျိုး ထွက်ရှိထားပြီး စျေးနှုန်းအနေနဲ့ အနိမ့်ဆုံး တရုတ်ယွမ်ငွေ ၁,၃၉၉ (မြန်မာငွေ ၆ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena