Zawgyi
Ref:gadgets.ndtv
Unicode
Fingerprint ပါဝင်တဲ့ Vivo Y81 ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်
Vivo Y81 ဆိုတာကတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဗီယက်နမ် နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ယခုအခါမှာလည်း Vivo Y81 ကို အိန္ဒိယနိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပြန်ပါတယ်။ Vivo Y81 ကို အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ အိန္ဒိယငွေ ၁၂,၉၉၉ ရူပီးဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ တန်ဖိုးငွေ ၂၅၉,၀၀၀ ကျပ်ဖြင့် ရောင်းချနေတယ်လို့ သိရပါတယ်။
Vivo Y81 ရဲ့ Display အပိုင်းအတွက် ၆.၂၂ လက်မ မျက်နှာပြင် အကျယ်ရှိ HD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 720 x 1520 Pixels ရှိပါမယ်။ Processor အပိုင်းအတွက် Clock Speed 2.0 GHz ရှိတဲ့ MediaTek MT6762 Helio P22 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 3GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 32GB ထည့်သွင်းပေးထားပြီး MicroSD 256GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။
နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Aperture f/2.2 အကျယ်ရှိတဲ့ 13MP Camera ကို တပ်ဆင်ထားပြီး ရှေ့ဘက် မျက်နှာပြင်မှာတော့ 5MP Camera ကိုတပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမဏအနေနဲ့ 3260mAh ပါဝင်ပြီး အလေးချိန်ကတော့ ၁၄၆.၅ ဂရမ် ရှိပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ပါဝင်မှာ ဖြစ်သလို Face Unlock စနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ Vivo Y81 ကတော့ Fingerprint Sensor ပါဝင်မှာ မဟုတ်ပါဘူး။ Vivo Y81 ကို အရောင်တွေ အနေနဲ့ Black နဲ့ Gold ဆိုပြီး အရောင် ၂မျိူး ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Ref:gadgets.ndtv