[Zawgyi]

Vivo ဟာ ေနာက္ထပ္ Entry-level စမတ္ဖုန္းတစ္မ်ိဳးကို အိႏၵိယေဈးကြက္ထဲ ပို႔ေဆာင္ဖို႔ အရွိန္ျမႇင့္လုပ္ေဆာင္ ေနပါတယ္။ ဒီစမတ္ဖုန္းကေတာ့ Vivo Y90 ျဖစ္ၿပီး အေစာပိုင္းကတည္းက သတင္းထြက္ေနခဲ့တာပါ။ အခုေတာ့ လတ္ဆတ္တဲ့ Y90 ႐ုပ္ပုံေတြက အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနၿပီ ျဖစ္ပါတယ္။

Y90 ဟာ တ႐ုတ္ စမတ္ဖုန္းကုမၸဏီႀကီးရဲ႕ ထုတ္လုပ္မႈလုပ္ငန္းစဥ္ထဲက ေနာက္ဆုံးထုတ္ျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။ Y90 ဟာ Entry-level ျဖစ္ေပမယ့္ ႀကီးမားတဲ့ ဘက္ထရီကို တပ္ဆင္ေပးထားၿပီး Waterdrop Notch မ်က္ႏွာျပင္မ်ိဳးနဲ႔ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေပါက္ၾကားမႈအရ Y90 ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားဟာ 6.22-inch ရွိၿပီး HD+ ျဖစ္တယ္လို႔ သိရပါတယ္။ Waterdrop Notch ထဲက Selfie ကင္မရာကေတာ့ 5MP ျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ 8MP ကင္မရာတစ္လုံးကို LED ဖလက္ရွ္နဲ႔အတူ တြဲဖက္တပ္ဆင္ေပးထားတာကို ျမင္ေတြ႕ရမွာပါ။ Fingerprint ေတာ့ ပါဝင္ျခင္းမရွိဘဲ သာမန္လုံၿခဳံေရးစနစ္ကိုပဲ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Vivo Y90 ဟာ Helio A22 နဲ႔ျဖစ္ၿပီး 2GB of RAM နဲ႔ သိုေလွာင္မႈက 32GB ျဖစ္ပါတယ္။ ဒါေပမယ့္ အထက္မွာေျပာခဲ့တဲ့အတိုင္းပဲ ဘက္ထရီကေတာ့ အားရစရာပါ။ 4,030 mAh ျဖစ္ပါတယ္။ Funtouch OS 9 နဲ႔ျဖစ္ၿပီး အေရာင္အားျဖင့္ အနက္ေရာင္နဲ႔ ေ႐ႊေရာင္ ႏွစ္မ်ိဳးႏွစ္စား ထုတ္လုပ္ထားေၾကာင္း သိရပါတယ္။ တန္ဖိုးကေတာ့ INR 6,990 ျဖစ္တာေၾကာင့္ ျမန္မာေငြ ၁သိန္းခြဲဝန္းက်င္သာ က်သင့္မွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

4030mAh Battery ပါတဲ့ Vivo Y90 ရဲ့ ဓာတ်ပုံများ မိတ်မဆက်ခင် ထွက်ပေါ်လာ

Vivo ဟာ နောက်ထပ် Entry-level စမတ်ဖုန်းတစ်မျိုးကို အိန္ဒိယဈေးကွက်ထဲ ပို့ဆောင်ဖို့ အရှိန်မြှင့်လုပ်ဆောင် နေပါတယ်။ ဒီစမတ်ဖုန်းကတော့ Vivo Y90 ဖြစ်ပြီး အစောပိုင်းကတည်းက သတင်းထွက်နေခဲ့တာပါ။ အခုတော့ လတ်ဆတ်တဲ့ Y90 ရုပ်ပုံတွေက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

Y90 ဟာ တရုတ် စမတ်ဖုန်းကုမ္ပဏီကြီးရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်ထဲက နောက်ဆုံးထုတ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ Y90 ဟာ Entry-level ဖြစ်ပေမယ့် ကြီးမားတဲ့ ဘက်ထရီကို တပ်ဆင်ပေးထားပြီး Waterdrop Notch မျက်နှာပြင်မျိုးနဲ့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပေါက်ကြားမှုအရ Y90 ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 6.22-inch ရှိပြီး HD+ ဖြစ်တယ်လို့ သိရပါတယ်။ Waterdrop Notch ထဲက Selfie ကင်မရာကတော့ 5MP ဖြစ်ပါတယ်။ ကျောဘက်မှာတော့ 8MP ကင်မရာတစ်လုံးကို LED ဖလက်ရှ်နဲ့အတူ တွဲဖက်တပ်ဆင်ပေးထားတာကို မြင်တွေ့ရမှာပါ။ Fingerprint တော့ ပါဝင်ခြင်းမရှိဘဲ သာမန်လုံခြုံရေးစနစ်ကိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Vivo Y90 ဟာ Helio A22 နဲ့ဖြစ်ပြီး 2GB of RAM နဲ့ သိုလှောင်မှုက 32GB ဖြစ်ပါတယ်။ ဒါပေမယ့် အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ဘက်ထရီကတော့ အားရစရာပါ။ 4,030 mAh ဖြစ်ပါတယ်။ Funtouch OS 9 နဲ့ဖြစ်ပြီး အရောင်အားဖြင့် အနက်ရောင်နဲ့ ရွှေရောင် နှစ်မျိုးနှစ်စား ထုတ်လုပ်ထားကြောင်း သိရပါတယ်။ တန်ဖိုးကတော့ INR 6,990 ဖြစ်တာကြောင့် မြန်မာငွေ ၁သိန်းခွဲဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။

Ref: GSM Arena