[Zawgyi]

Vivo ဟာ Snapdragon 439 chipset ကို အသုံးျပဳထားတဲ့ Y93 အမ်ိဳးအစား စမတ္ဖုန္းကို တရားဝင္ေရာင္းခ် လိုက္ပါတယ္။ Y93 ဟာ မ်ားျပားတဲ့ ဘက္ထရီပမာဏ၊ Dual camera, 6.20-inch မ်က္ႏွာျပင္ Waterdrop notch ပါဝင္တဲ့ အလယ္အလတ္တန္းစား ဖုန္းတစ္လုံးျဖစ္တဲ့အျပင္ Vivo ရဲ႕ Snapdragon 439 ကို ပထမဆုံး အသုံးျပဳတဲ့ အမ်ိဳးအစား ျဖစ္ပါတယ္။

12nm FinFET ေပၚအေျချပဳၿပီး တည္ေဆာက္ထားတဲ့ ဒီ Chipset ဟာ အလယ္အလတ္တန္းစား စမတ္ဖုန္း ေတြအတြက္ ေက်နပ္ဖြယ္ရာ စြမ္းေဆာင္ရည္ကို ေပးအပ္ႏိုင္တဲ့ Chipset လို႔ ဆိုရပါလိမ့္မယ္။ CPU ဟာ Eight Cortex-A53 cores ျဖစ္တဲ့အတြက္ Clock speed ကေတာ့ 1.95 GHz ျဖစ္ပါတယ္။ GPU ကေတာ့ Adreno 505 ပါ။ ဒီစြမ္းေဆာင္ရည္ဟာ ဖုန္းရဲ႕ တန္ဖိုးနဲ႔ ႏႈိင္းယွဥ္ရင္ သင့္ေတာ္တယ္လို႔ ဆိုရမွာပါ။ Camera ပိုင္းအတြက္လည္း 21 MP အထိ ေထာက္ပံ့ေပးႏိုင္ ပါတယ္။ ဒါေပမယ့္ Y93 ကေတာ့ အေနာက္ကင္မရာ ႏွစ္လုံးကို 13 MP f/2.2 + 2 MP f/2.4 ေတြပဲ တပ္ဆင္ေပးထားပါတယ္။ Selfie ကေတာ့ တစ္လုံးတည္းပါ။ 8 MP f/2.0 ျဖစ္တာေၾကာင့္ အမ်ားႀကီးေတာ့ ေမွ်ာ္လင့္လို႔ မရပါဘူး။

Y93 မွာ Fingerprint Scanner မပါဝင္တာေၾကာင့္ Face Unlock တစ္မ်ိဳးတည္းကိုသာ အသုံးျပဳရမွာပါ။ ဒါေၾကာင့္ လုံၿခဳံေရးပိုင္းအတြက္ေတာ့ ဟိုးအရင္ နည္းလမ္းေဟာင္းေတြကိုပဲ သုံးရပါလိမ့္မယ္။ OS ကေတာ့ Android Oero .1 ကို အေျခခံထားတဲ့ FunTouch OS ျဖစ္ၿပီး ေနာက္ပိုင္းဖုန္းေတြမွာ ေထာက္ပံ့ေပးထားတဲ့ Voice assistant Jovi လည္း သုံးလို႔ရပါလိမ့္မယ္။ ဘက္ထရီကေတာ့ 4,030 mAh ျဖစ္လို႔ အားရစရာေကာင္းတယ္လို႔ ဆိုရပါမယ္။ ဒါေပမယ့္ 4GB RAM, 64GB နဲ႔ Micro USB port ဆိုတာကိုေတာ့ လက္ခံရမွာပါ။ Dual SIM slot ျဖစ္ေပမယ့္ LTE speeds ကေတာ့ 150/75 Mbps အထိပဲ ေထာက္ပံ့ေပးပါလိမ့္မယ္။ ဒါေပမယ့္ Y93 ရဲ႕ ေဈးႏႈန္းက $215 ဝန္းက်င္တာျဖစ္တာေၾကာင့္ စိတ္ဝင္စားစရာ ေကာင္းတယ္လို႔ ဆိုရမွာပါ။ လက္ရွိအခ်ိန္မွာေတာ့ Starry Black နဲ႔ Sunset Red ႏွစ္ေရာင္ကို တ႐ုတ္ျပည္တြင္းမွာေရာင္းခ်ေနပါၿပီ။ ျမန္မာႏိုင္ငံထဲကို ေရာက္မေရာက္ ဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: gsmarena

[Unicode]

Vivo ဟာ Snapdragon 439 chipset ကို အသုံးပြုထားတဲ့ Y93 အမျိုးအစား စမတ်ဖုန်းကို တရားဝင်ရောင်းချ လိုက်ပါတယ်။ Y93 ဟာ များပြားတဲ့ ဘက်ထရီပမာဏ၊ Dual camera, 6.20-inch မျက်နှာပြင် Waterdrop notch ပါဝင်တဲ့ အလယ်အလတ်တန်းစား ဖုန်းတစ်လုံးဖြစ်တဲ့အပြင် Vivo ရဲ့ Snapdragon 439 ကို ပထမဆုံး အသုံးပြုတဲ့ အမျိုးအစား ဖြစ်ပါတယ်။

12nm FinFET ပေါ်အခြေပြုပြီး တည်ဆောက်ထားတဲ့ ဒီ Chipset ဟာ အလယ်အလတ်တန်းစား စမတ်ဖုန်း တွေအတွက် ကျေနပ်ဖွယ်ရာ စွမ်းဆောင်ရည်ကို ပေးအပ်နိုင်တဲ့ Chipset လို့ ဆိုရပါလိမ့်မယ်။ CPU ဟာ Eight Cortex-A53 cores ဖြစ်တဲ့အတွက် Clock speed ကတော့ 1.95 GHz ဖြစ်ပါတယ်။ GPU ကတော့ Adreno 505 ပါ။ ဒီစွမ်းဆောင်ရည်ဟာ ဖုန်းရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ရင် သင့်တော်တယ်လို့ ဆိုရမှာပါ။ Camera ပိုင်းအတွက်လည်း 21 MP အထိ ထောက်ပံ့ပေးနိုင် ပါတယ်။ ဒါပေမယ့် Y93 ကတော့ အနောက်ကင်မရာ နှစ်လုံးကို 13 MP f/2.2 + 2 MP f/2.4 တွေပဲ တပ်ဆင်ပေးထားပါတယ်။ Selfie ကတော့ တစ်လုံးတည်းပါ။ 8 MP f/2.0 ဖြစ်တာကြောင့် အများကြီးတော့ မျှော်လင့်လို့ မရပါဘူး။

Y93 မှာ Fingerprint Scanner မပါဝင်တာကြောင့် Face Unlock တစ်မျိုးတည်းကိုသာ အသုံးပြုရမှာပါ။ ဒါကြောင့် လုံခြုံရေးပိုင်းအတွက်တော့ ဟိုးအရင် နည်းလမ်းဟောင်းတွေကိုပဲ သုံးရပါလိမ့်မယ်။ OS ကတော့ Android Oero .1 ကို အခြေခံထားတဲ့ FunTouch OS ဖြစ်ပြီး နောက်ပိုင်းဖုန်းတွေမှာ ထောက်ပံ့ပေးထားတဲ့ Voice assistant Jovi လည်း သုံးလို့ရပါလိမ့်မယ်။ ဘက်ထရီကတော့ 4,030 mAh ဖြစ်လို့ အားရစရာကောင်းတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် 4GB RAM, 64GB နဲ့ Micro USB port ဆိုတာကိုတော့ လက်ခံရမှာပါ။ Dual SIM slot ဖြစ်ပေမယ့် LTE speeds ကတော့ 150/75 Mbps အထိပဲ ထောက်ပံ့ပေးပါလိမ့်မယ်။ ဒါပေမယ့် Y93 ရဲ့ ဈေးနှုန်းက $215 ဝန်းကျင်တာဖြစ်တာကြောင့် စိတ်ဝင်စားစရာ ကောင်းတယ်လို့ ဆိုရမှာပါ။ လက်ရှိအချိန်မှာတော့ Starry Black နဲ့ Sunset Red နှစ်ရောင်ကို တရုတ်ပြည်တွင်းမှာရောင်းချနေပါပြီ။ မြန်မာနိုင်ငံထဲကို ရောက်မရောက် ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: gsmarena