Zawgyi

Vivo Y95 ဆိုတာကေတာ့ မၾကာေသးခင္ကမွ ျပည္တြင္းေစ်းကြက္ထဲကို ဝင္ေရာက္လာတဲ့ တန္ဖိုးနည္း စမတ္ဖုန္း ျဖစ္ပါတယ္။ တန္ဖိုးနည္း စမတ္ဖုန္းဆိုေပမယ့္ ေစ်းကေတာ့ ၃သိန္းေက်ာ္တဲ့ အေနအထားမွာ ရွိပါတယ္။ ဒီေဆာင္းပါးေလးမွာေတာ့ Vivo Y95 ဟာ ေပးရတဲ့ေစ်းႏႈန္းနဲ႔ ကိုယ္ျပန္ရလိုက္တဲ့ အရည္အေသြး ကိုက္ညီမႈရွိရဲ႕လားဆိုတာကို အဓိကထားၿပီး ေျပာျပေပးသြားမွာပါ။

Build Quality / Body Design

Body ကို Polycarbonates နဲ႔ လုပ္ထားတယ္။ Polycarbonates ဆိုတာက Thermoplastic Polymers ေတြရဲ႕ အုပ္စုခြဲျဖစ္ၿပီးေတာ့ ေရရွည္အသုံးခံတဲ့ Material အမ်ိဴးအစားပါ။ အားနည္းခ်က္ကေတာ့ ပြန္းရာ စင္းရာေတြ ထင္လြယ္ပါတယ္။ ေရွ႕ဘက္မွာဆိုရင္ 2.5D Curved Glass ကို သုံးေပးထားတယ္။ Gorilla Glass Protection ေတာ့ ပါမွာမဟုတ္ဘူး။ ဒါ့ေၾကာင့္ Cover တပ္မသုံးဘူးဆိုရင္ ပြန္းရာ စင္းရာေတြ ထင္ႏိုင္ပါတယ္။

ဒီဇိုင္းက Vivo V11 / V11i တို႔ရဲ႕ ဒီဇိုင္းနဲ႔ သြားဆင္တယ္။ သီးသန္႔ Frame သုံးထားတာမ်ိဴး မရွိဘူး။ Body ကိုပဲ Frame လုပ္ၿပီး ကြပ္ေပးထားတာေၾကာင့္ လက္ထဲမွာ ကိုင္တဲ့အခါ ေပါ့ေပါ့ပါးပါးနဲ႔ က်စ္က်စ္လစ္လစ္ရွိတယ္။ Rounded Frame ဒီဇိုင္းမ်ိဴး ဖန္တီးထားတဲ့အတြက္ Grip ပိုေကာင္းသလို ခံစားရတယ္။

Display

6.22 inches HD+ Resolution ရွိတဲ့ LCD Display နဲ႔ပါ။ Notch က V11, V11i တို႔ရဲ႕ Notch ထက္ ပိုႀကီးတယ္။ ေနာက္ၿပီး Chin ကလည္း နည္းနည္းေလး ပိုထူလာပါတယ္။ ဒါ့ေၾကာင့္ Screen-to-Body Ratio က V11, V11i တို႔ေလာက္ မ်ားမွာ မဟုတ္ပါဘူး။ Display Quality ကိုေျပာရမယ္ဆိုရင္ Color Re-production အပိုင္းကို မအားရဘူး။ ဒါ့ေပမယ့္ Maximum Brightness ကေတာ့ ေတာ္ေတာ္ေလး ေကာင္းမြန္ေနေတာေၾကာင့္ Outdoor ေတြမွာ ဖုန္းအသုံးမ်ားတဲ့ သူေတြအတြက္ အဆင္ေျပေစမယ့္ ဖုန္းတစ္လုံးပါ။

Performance

Processor အပိုင္းမွာဆိုရင္ Snapdragon 439 SoC ကို သုံးေပးထားတယ္။ ဒီ SoC ကို ၿပီးခဲ့တဲ့ ဇြန္လတုန္းကမွ Qualcomm က မိတ္ဆက္ခဲ့တာ ျဖစ္ၿပီးေတာ့ Affordable ဖုန္းေတြအတြက္ ရည္႐ြယ္ထုတ္လုပ္ထားတာပါ။ 439 က 12nm Chipset ျဖစ္သြားတဲ့အတြက္ ေသခ်ာတာကေတာ့ သူနဲ႔ မတိမ္းမယိမ္း SoC ေတြျဖစ္တဲ့ 450 တို႔၊ 435 တို႔ထက္ Power Consumption ပိုနည္းသြားမယ္။ ဒီေတာ့ 450 နဲ႔ 439 မွာ ဘက္ထရီပမာဏက အတူတူပါတယ္ ဆိုရင္ေတာင္ 439 က ဘက္ထရီ ပိုခံပါလိမ့္မယ္။

Performance အပိုင္းမွာဆိုရင္လည္း 450 ရဲ႕ Clock Speed က Up to 1.8GHz သာ ရွိေပမယ့္ 439 ကေတာ့ 2.0GHz အထိ ရွိပါတယ္။ သုံးထားတဲ့ CPU Cores ေတြကလည္း အတူတူပါပဲ။ Y95 မွာေတာ့ 1.95GHz ထိ Support ေပးထားတယ္။ ဒီေတာ့ 450 က 439 ထက္ Level ျမင့္ၿပီး Clock Speed က် 439 ကို ဘာလို႔ မမွီတာလဲဆိုတာ ေမးစရာရွိလာပါတယ္။ ဒီလိုပါ…439 လည္း လုံးဝ Perfect ျဖစ္ေနတဲ့ CPU အမ်ိဴးအစားေတာ့ မဟုတ္ပါဘူး။ Performance ကို ဦးစားေပးဖို႔အတြက္ Modem, Camera Megapixels Support, Video Capture, Video Playback စတာေတြမွာ Compromise လုပ္ထားရပါတယ္။

RAM က 4GB ပါၿပီး Storage ကေတာ့ 64GB ပါ။ RAM 4G ပါတဲ့အတြက္ Multi-tasking ေတြမွာ ေတာ္ေတာ္ေလး Smooth ျဖစ္လာတယ္။ သုံးရတာ အရမ္းႀကီး Delay ျဖစ္ေနတာမ်ိဴးေတြ မေတြ႕ရပါဘူး။ Injustice 2, PUBG နဲ႔ Asphalt 9 တို႔လိုမ်ိဴး Graphic Intensive ျဖစ္တဲ့ Heavy Game ႀကီးေတြေဆာ့လို႔ ရမယ္။ ဒါ့ေပမယ့္ လုံးဝ အဆင္မေျပပါဘူး။ Social App ေတြသုံးမယ္၊ YouTube ၾကည့္မယ္၊ Mobile Legends လိုမ်ိဴး ေပါ့ေပ့ါပါးပါးဂိမ္းေတြကို ေဆာ့မယ္ဆိုရင္ေတာ့ သာသာယာယာပါပဲ။

Battery

ဘက္ထရီက 4030mAh ပါ။ အားသြင္းစနစ္ကို ၁နာရီ အားသြင္းၿပီး စမ္းၾကည့္တဲ့အခါမွာ 50% အထိေရာက္တာ ေတြ႕ရတယ္။ ဒီေတာ့ 0 to 100 အားအျပည့္သြင္းဖို႔ဆိုရင္ ၂နာရီ ဝန္းက်င္ေလာက္ပဲ လိုအပ္မွာပါ။ Power Consumption ကို စမ္းသပ္ဖို႔အတြက္ ဘက္ထရီအား အရမ္းစားတဲ့ Mobile Legends ကို နာရီဝက္ စမ္းေဆာ့ၾကည့္တဲ့အခါမွာ ဘက္ထရီအားက 5% ပဲေလ်ာ့တာ ေတြ႕ရပါတယ္။ ဂိမ္းခ်ည္းပဲ တေနကုန္ ထိုင္ေဆာ့မယ္ဆိုရင္ေတာင္မွ ေနာက္ထပ္ အားသြင္းစရာ မလိုေတာ့တဲ့ အေနအထားပါ။

Speaker/ Security

Speaker က မဆိုးဘူး။ အသံထြက္ အရမ္းေကာင္းတဲ့ Speaker ေတြထဲမွာ မပါသလို အသံတိုးတိုးေလးပဲ ထြက္ေနတဲ့ Speeaker ေတြမွာလည္း မပါပါဘူး။ Fingerprint ေရာ၊ Face Unlock ပါ ၂မ်ိဴးစလုံးက ျမန္တယ္။ သုံးရတာ အဆင္ေျပတယ္။ Fingerprint ေဘာင္ေတြကို ဘယ္လိုလုပ္ထားလို႔လဲ မသိဘူးဗ်။ သုံးရတာ နဲနဲ ၾကမ္းရွရွျဖစ္ေနသလိုမ်ိဴး ခံစားရတယ္။ Unlock လုပ္ရတဲ့ Feel က သိပ္မမိုက္ဘူး။

Camera

13MP Main Camera နဲ႔ 2MP Depth Sensor ေတြကို ေက်ာဘက္မွာ တပ္ေပးထားတယ္။ Front Facing Camera ကေတာ့ 20MP Sensor ပါ။ 20MP Sensor မွာ AI Support ရတဲ့အတြက္ AI Face Beauty လိုမ်ိဴး Feature ေလးေတြပါလာတယ္။ ေနာက္ၿပီး Wide Angle Lensနဲ႔ ႐ိုက္သလိုမ်ိဴး Quality ကို ေပးႏိုင္တဲ့ Group Selfie Feature ေလးလည္းပါမယ္။ Group Selfie က မိသားစု ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔အတူတူ Selfie ဆြဲတဲ့အခါမ်ိဴးေတြမွာ ေတာ္ေတာ္ေလး အသုံးတည့္တဲ့ Feature ပါ။

Rear Camera ေတြကို သိပ္ၿပီး အားမရဘူး။ Low Light ေတြမွာ Noise ေတြထတယ္။ Auto Focus က တခါတေလမွာ Delay ျဖစ္တာေလးေတြ ေတြ႕ရတယ္။ သေဘာက်စရာ ေကာင္းတဲ့အခ်က္ကေတာ့ AI Portrait Framing နဲ႔ Backlight HDR Feature ေတြပါလာတာပါ။ AI Portrait Framing ဆိုရင္ Portrait ပုံေကာင္း တစ္ပုံကို အေနအထားမွန္မွန္နဲ႔ ရဖို႔အတြက္ AI နည္းပညာနဲ႔ ကူညီေပးတယ္။ Backlight HDR ဆိုရင္ ကိုယ္က အလင္းေရာင္ကို ေက်ာေပးၿပီး ႐ိုက္တဲ့အခါမ်ိဴးေတြမွာ ကိုမ်က္ႏွာကို ေဖြးေအာင္လုပ္ေပးတယ္။ ဒီအခ်က္ေလးေတြကေတာ့ Vivo Y95 ရဲ႕ အားသာခ်က္လို႔ ေျပာရမွာပါ။

နိဂုန္းခ်ဴပ္အေနနဲ႔ ေျပာရမယ္ဆိုရင္ ၃သိန္းဝန္းက်င္ေပးရတဲ့ ဖုန္းတစ္လုံးအေနနဲ႔ Battery နဲ႔ Selfie Camera ေတြကို အားရတယ္။ Processor ကို Snapdragon 400 Series ေတြအစား 600 Series ေတြကို သုံးသင့္တယ္လို႔ ျမင္တယ္။ Performance အပိုင္းကို ဦးစားေပးမယ့္ သူေတြအတြက္ ေငြ ၃သိန္းဝန္းက်င္ အကုန္အက်ခံမယ္ဆိုရင္ သူ႔ထက္ေကာင္းတာေတြ အမ်ားႀကီး ေ႐ြးခ်ယ္စရာ ရွိတယ္။

Unicode

ငွေကျပ် ၃၂၉၀၀၀ ပေးရတဲ့ Vivo Y95 အား ပြန်လည် သုံးသပ်ကြည့်ခြင်း

Vivo Y95 ဆိုတာကတော့ မကြာသေးခင်ကမှ ပြည်တွင်းစျေးကွက်ထဲကို ဝင်ရောက်လာတဲ့ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်းဆိုပေမယ့် စျေးကတော့ ၃သိန်းကျော်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Vivo Y95 ဟာ ပေးရတဲ့စျေးနှုန်းနဲ့ ကိုယ်ပြန်ရလိုက်တဲ့ အရည်အသွေး ကိုက်ညီမှုရှိရဲ့လားဆိုတာကို အဓိကထားပြီး ပြောပြပေးသွားမှာပါ။

Build Quality / Body Design

Body ကို Polycarbonates နဲ့ လုပ်ထားတယ်။ Polycarbonates ဆိုတာက Thermoplastic Polymers တွေရဲ့ အုပ်စုခွဲဖြစ်ပြီးတော့ ရေရှည်အသုံးခံတဲ့ Material အမျိူးအစားပါ။ အားနည်းချက်ကတော့ ပွန်းရာ စင်းရာတွေ ထင်လွယ်ပါတယ်။ ရှေ့ဘက်မှာဆိုရင် 2.5D Curved Glass ကို သုံးပေးထားတယ်။ Gorilla Glass Protection တော့ ပါမှာမဟုတ်ဘူး။ ဒါ့ကြောင့် Cover တပ်မသုံးဘူးဆိုရင် ပွန်းရာ စင်းရာတွေ ထင်နိုင်ပါတယ်။

ဒီဇိုင်းက Vivo V11 / V11i တို့ရဲ့ ဒီဇိုင်းနဲ့ သွားဆင်တယ်။ သီးသန့် Frame သုံးထားတာမျိူး မရှိဘူး။ Body ကိုပဲ Frame လုပ်ပြီး ကွပ်ပေးထားတာကြောင့် လက်ထဲမှာ ကိုင်တဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ ကျစ်ကျစ်လစ်လစ်ရှိတယ်။ Rounded frame ဒီဇိုင်းမျိူး ဖန်တီးထားတဲ့အတွက် Grip ပိုကောင်းသလို ခံစားရတယ်။

Display

6.22 inches HD+ Resolution ရှိတဲ့ LCD Display နဲ့ပါ။ Notch က V11, V11i တို့ရဲ့ Notch ထက် ပိုကြီးတယ်။ နောက်ပြီး Chin ကလည်း နည်းနည်းလေး ပိုထူလာပါတယ်။ ဒါ့ကြောင့် Screen-to-body Ratio က V11, V11i တို့လောက် များမှာ မဟုတ်ပါဘူး။ Display Quality ကိုပြောရမယ်ဆိုရင် Color reproduction အပိုင်းကို မအားရဘူး။ ဒါ့ပေမယ့် Maximum Brightness ကတော့ တော်တော်လေး ကောင်းမွန်နေတောကြောင့် Outdoor တွေမှာ ဖုန်းအသုံးများတဲ့ သူတွေအတွက် အဆင်ပြေစေမယ့် ဖုန်းတစ်လုံးပါ။

Performance
Processor အပိုင်းမှာဆိုရင် Snapdragon 439 SoC ကို သုံးပေးထားတယ်။ ဒီ SoC ကို ပြီးခဲ့တဲ့ ဇွန်လတုန်းကမှ Qualcomm က မိတ်ဆက်ခဲ့တာ ဖြစ်ပြီးတော့ Affordable ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ 439 က 12nm Chipset ဖြစ်သွားတဲ့အတွက် သေချာတာကတော့ သူနဲ့ မတိမ်းမယိမ်း SoC တွေဖြစ်တဲ့ 450 တို့၊ 435 တို့ထက် Power Consumption ပိုနည်းသွားမယ်။ ဒီတော့ 450 နဲ့ 439 မှာ ဘက်ထရီပမာဏက အတူတူပါတယ် ဆိုရင်တောင် 439 က ဘက်ထရီ ပိုခံပါလိမ့်မယ်။

Performance အပိုင်းမှာဆိုရင်လည်း 450 ရဲ့ Clock Speed က Up to 1.8GHz သာ ရှိပေမယ့် 439 ကတော့ 2.0GHz အထိ ရှိပါတယ်။ သုံးထားတဲ့ CPU Cores တွေကလည်း အတူတူပါပဲ။ Y95 မှာတော့ 1.95GHz ထိ Support ပေးထားတယ်။ ဒီတော့ 450 က 439 ထက် Level မြင့်ပြီး Clock Speed ကျ 439 ကို ဘာလို့ မမှီတာလဲဆိုတာ မေးစရာရှိလာပါတယ်။ ဒီလိုပါ…439 လည်း လုံးဝ Perfect ဖြစ်နေတဲ့ CPU အမျိူးအစားတော့ မဟုတ်ပါဘူး။ Performance ကို ဦးစားပေးဖို့အတွက် Modem, Camera Megapixels Support, Video Capture, Video Playback စတာတွေမှာ Compromise လုပ်ထားရပါတယ်။

RAM က 4GB ပါပြီး Storage ကတော့ 64GB ပါ။ RAM 4G ပါတဲ့အတွက် Multi-tasking တွေမှာ တော်တော်လေး Smooth ဖြစ်လာတယ်။ သုံးရတာ အရမ်းကြီး Delay ဖြစ်နေတာမျိူးတွေ မတွေ့ရပါဘူး။ Injustice 2, PUBG နဲ့ Asphalt 9 တို့လိုမျိူး Graphic Intensive ဖြစ်တဲ့ Heavy Game ကြီးတွေဆော့လို့ ရမယ်။ ဒါ့ပေမယ့် လုံးဝ အဆင်မပြေပါဘူး။ Social App တွေသုံးမယ်၊ YouTube ကြည့်မယ်၊ Mobile Legends လိုမျိူး ပေါ့ပေ့ါပါးပါးဂိမ်းတွေကို ဆော့မယ်ဆိုရင်တော့ သာသာယာယာပါပဲ။

Battery

ဘက်ထရီက 4030mAh ပါ။ အားသွင်းစနစ်ကို ၁နာရီ အားသွင်းပြီး စမ်းကြည့်တဲ့အခါမှာ 50% အထိရောက်တာ တွေ့ရတယ်။ ဒီတော့ 0 to 100 အားအပြည့်သွင်းဖို့ဆိုရင် ၂နာရီ ဝန်းကျင်လောက်ပဲ လိုအပ်မှာပါ။ Power Consumption ကို စမ်းသပ်ဖို့အတွက် ဘက်ထရီအား အရမ်းစားတဲ့ Mobile Legends ကို နာရီဝက် စမ်းဆော့ကြည့်တဲ့အခါမှာ ဘက်ထရီအားက 5% ပဲလျော့တာ တွေ့ရပါတယ်။ ဂိမ်းချည်းပဲ တနေကုန် ထိုင်ဆော့မယ်ဆိုရင်တောင်မှ နောက်ထပ် အားသွင်းစရာ မလိုတော့တဲ့ အနေအထားပါ။

Speaker/ Security

Speaker က မဆိုးဘူး။ အသံထွက် အရမ်းကောင်းတဲ့ Speaker တွေထဲမှာ မပါသလို အသံတိုးတိုးလေးပဲ ထွက်နေတဲ့ Speeaker တွေမှာလည်း မပါပါဘူး။ Fingerprint ရော၊ Face Unlock ပါ ၂မျိူးစလုံးက မြန်တယ်။ သုံးရတာ အဆင်ပြေတယ်။ Fingerprint ဘောင်တွေကို ဘယ်လိုလုပ်ထားလို့လဲ မသိဘူးဗျ။ သုံးရတာ နဲနဲ ကြမ်းရှရှဖြစ်နေသလိုမျိူး ခံစားရတယ်။ Unlock လုပ်ရတဲ့ Feel က သိပ်မမိုက်ဘူး။

Camera

13MP Main Camera နဲ့ 2MP Depth Sensor တွေကို ကျောဘက်မှာ တပ်ပေးထားတယ်။ Front facing camera ကတော့ 20MP Sensor ပါ။ 20MP Sensor မှာ AI Support ရတဲ့အတွက် AI Face Beauty လိုမျိူး Feature လေးတွေပါလာတယ်။ နောက်ပြီး Wide Angle Lensနဲ့ ရိုက်သလိုမျိူး Quality ကို ပေးနိုင်တဲ့ Group selfie feature လေးလည်းပါမယ်။ Group Selfie က မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူတူ Selfie ဆွဲတဲ့အခါမျိူးတွေမှာ တော်တော်လေး အသုံးတည့်တဲ့ Feature ပါ။

Rear Camera တွေကို သိပ်ပြီး အားမရဘူး။ Low Light တွေမှာ Noise တွေထတယ်။ Auto Focus က တခါတလေမှာ Delay ဖြစ်တာလေးတွေ တွေ့ရတယ်။ သဘောကျစရာ ကောင်းတဲ့အချက်ကတော့ AI Portrait Framing နဲ့ Backlight HDR feature တွေပါလာတာပါ။ AI Portrait Framing ဆိုရင် Portrait ပုံကောင်း တစ်ပုံကို အနေအထားမှန်မှန်နဲ့ ရဖို့အတွက် AI နည်းပညာနဲ့ ကူညီပေးတယ်။ Backlight HDR ဆိုရင် ကိုယ်က အလင်းရောင်ကို ကျောပေးပြီး ရိုက်တဲ့အခါမျိူးတွေမှာ ကိုမျက်နှာကို ဖွေးအောင်လုပ်ပေးတယ်။ ဒီအချက်လေးတွေကတော့ Vivo Y95 ရဲ့ အားသာချက်လို့ ပြောရမှာပါ။

နိဂုန်းချူပ်အနေနဲ့ ပြောရမယ်ဆိုရင် ၃သိန်းဝန်းကျင်ပေးရတဲ့ ဖုန်းတစ်လုံးအနေနဲ့ Battery နဲ့ Selfie Camera တွေကို အားရတယ်။ Processor ကို Snapdragon 400 Series တွေအစား 600 Series တွေကို သုံးသင့်တယ်လို့ မြင်တယ်။ Performance အပိုင်းကို ဦးစားပေးမယ့် သူတွေအတွက် ငွေ ၃သိန်းဝန်းကျင် အကုန်အကျခံမယ်ဆိုရင် သူ့ထက်ကောင်းတာတွေ အများကြီး ရွေးချယ်စရာ ရှိတယ်။