Zawgyi

ျပည္တြင္းက အလယ္အလတ္တန္းစား Mid-Range ဖုန္းေတြၾကားမွာ ေနရာတစ္ေနရာ အခိုင္အမာ ရရွိထားၿပီးျဖစ္တဲ့ Vivo ရဲ႕ ေနာက္ထပ္ ထပ္မံထြက္ရွိလာမယ့္ မ်ိဳးစက္သစ္ဖုန္းတစ္လုံးအျဖစ္ Y95 ကို ျမင္ေတြ႕ရဖို႔ ေသခ်ာသေလာက္ ရွိေနပါၿပီ။ ျပည္တြင္းစမတ္ဖုန္း ေဈးကြက္အတြက္ကေတာ့ ရင္ခုန္စရာပါပဲ။

ကနဦးရရွိထားတဲ့ သတင္းေတြအရေတာ့ Y95 အေနနဲ႔ RAM 4 GB၊ ROM 64 GB တို႔နဲ႔ ပြဲထြက္လာလိမ့္မယ္လို႔ ဆိုၾကၿပီး အေနာက္ကင္မရာ ၂ လုံးကို ေဒါင္လိုက္အေနအထားနဲ႔ ျမင္ေတြ႕ရဦးမွာပါ။ မ်က္ႏွာျပင္အေနနဲ႔ကေတာ့ Vivo ရဲ႕ ေရွ႕မွာထြက္ရွိခဲ့တဲ့ V11 တို႔ V11i တို႔အတိုင္း Halo FullView Display ျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။

သူ႔ရဲ႕ေဈးႏႈန္းအေနနဲ႔ကေတာ့ မမ်ားလြန္း၊ မနည္းလြန္းဆိုတဲ့ အေနအထားတစ္ခုမွာ ရွိေလာက္ပါတယ္။ ဒါကလည္း တျခားေသာၿပိဳင္ဖက္ဖုန္းေတြဆီကေန ေဈးကြက္ေဝစု ခပ္မ်ားမ်ားခြဲယူႏိုင္ဖို႔အတြက္ ဗ်ဴဟာေကာင္းတစ္ခုပါ။ ၿပီးေတာ့ Y95 ရဲ႕ ေနာက္ထပ္ဆြဲေဆာင္မႈေကာင္းတဲ့ အခ်က္တစ္ခ်က္ကိုလည္း သိရွိထားပါေသးတယ္။ ဒီေန႔ေခတ္လူသားေတြရဲ႕ တစ္ေန႔တာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို စမတ္ဖုန္းေတြနဲ႔ ျဖတ္သန္းၾကရာမွာ Battery အကုန္ျမန္တဲ့ ျပႆနာကလည္း စဥ္းစားစရာတစ္ခုပါ။ ဒီအတြက္ Y95 မွာ 4030 mAh Battery ကိုတပ္ဆင္ေပးသြားမယ္လို႔လည္း ဝမ္းသာစရာ သတင္းတစ္ခုအျဖစ္ ၾကားသိေနရပါတယ္။

ျပည္တြင္းေဈးကြက္မွာ Y95 ကို တရားဝင္ ရရွိႏိုင္မယ့္ အခ်ိန္ကိုေတာ့ လတ္တေလာ တိတိက်က် မသိရေသးေပမယ့္ သိပ္မၾကာေတာ့မယ့္ အခ်ိန္အတြင္းမွာ ျဖစ္လာႏိုင္ပါတယ္။ သူ႔ရဲ႕ေဈးႏႈန္းနဲ႔ User Experience အေနအထား ဘယ္လိုရွိမလဲဆိုတာကေတာ့ ပိတ္ကားထက္မွာ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Unicode

“ငြိမ့်ညောင်းတဲ့ အတွေ့အကြုံတစ်ခုအတွက် 4GB RAM နဲ့ ပွဲထွက်လာမယ့် Vivo Y95”

ပြည်တွင်းက အလယ်အလတ်တန်းစား Mid-Range ဖုန်းတွေကြားမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားပြီးဖြစ်တဲ့ Vivo ရဲ့ နောက်ထပ် ထပ်မံထွက်ရှိလာမယ့် မျိုးစက်သစ်ဖုန်းတစ်လုံးအဖြစ် Y95 ကို မြင်တွေ့ရဖို့ သေချာသလောက် ရှိနေပါပြီ။ ပြည်တွင်းစမတ်ဖုန်း ဈေးကွက်အတွက်ကတော့ ရင်ခုန်စရာပါပဲ။

ကနဦးရရှိထားတဲ့ သတင်းတွေအရတော့ Y95 အနေနဲ့ RAM 4 GB၊ ROM 64 GB တို့နဲ့ ပွဲထွက်လာလိမ့်မယ်လို့ ဆိုကြပြီး အနောက်ကင်မရာ ၂ လုံးကို ဒေါင်လိုက်အနေအထားနဲ့ မြင်တွေ့ရဦးမှာပါ။ မျက်နှာပြင်အနေနဲ့ကတော့ Vivo ရဲ့ ရှေ့မှာထွက်ရှိခဲ့တဲ့ V11 တို့ V11i တို့အတိုင်း Halo FullView Display ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

သူ့ရဲ့ဈေးနှုန်းအနေနဲ့ကတော့ မများလွန်း၊ မနည်းလွန်းဆိုတဲ့ အနေအထားတစ်ခုမှာ ရှိလောက်ပါတယ်။ ဒါကလည်း တခြားသောပြိုင်ဖက်ဖုန်းတွေဆီကနေ ဈေးကွက်ဝေစု ခပ်များများခွဲယူနိုင်ဖို့အတွက် ဗျူဟာကောင်းတစ်ခုပါ။ ပြီးတော့ Y95 ရဲ့ နောက်ထပ်ဆွဲဆောင်မှုကောင်းတဲ့ အချက်တစ်ချက်ကိုလည်း သိရှိထားပါသေးတယ်။ ဒီနေ့ခေတ်လူသားတွေရဲ့ တစ်နေ့တာ အချိန်တော်တော်များများကို စမတ်ဖုန်းတွေနဲ့ ဖြတ်သန်းကြရာမှာ Battery အကုန်မြန်တဲ့ ပြဿနာကလည်း စဉ်းစားစရာတစ်ခုပါ။ ဒီအတွက် Y95 မှာ 4030 mAh Battery ကိုတပ်ဆင်ပေးသွားမယ်လို့လည်း ဝမ်းသာစရာ သတင်းတစ်ခုအဖြစ် ကြားသိနေရပါတယ်။

ပြည်တွင်းဈေးကွက်မှာ Y95 ကို တရားဝင် ရရှိနိုင်မယ့် အချိန်ကိုတော့ လတ်တလော တိတိကျကျ မသိရသေးပေမယ့် သိပ်မကြာတော့မယ့် အချိန်အတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ဈေးနှုန်းနဲ့ User Experience အနေအထား ဘယ်လိုရှိမလဲဆိုတာကတော့ ပိတ်ကားထက်မှာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။