[Zawgyi]

China Telecom မွာ Vivo Y9s ေရာက္လာတဲ့အတြက္ မၾကာခင္ တရုတ္မွာ  ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။ အဲဒီဖုန္းရဲ႕ Specs ေတြဟာ မၾကာခင္က အေရွ႕ေတာင္အာရွမွာ မိတ္ဆက္ခဲ့တဲ့ Vivo S1 Pro နဲ႔ အကုန္ တူေနပါတယ္။ အဲဒီအတြက္ Y9s ဟာ S1 Pro ရဲ႕ တရုတ္မွာ ေရာင္းမယ့္ ေမာ္ဒယ္ ျဖစ္ပါတယ္။ China Telecom မွာ ဒီလ ၂၄ ရက္ေန႔မွာ ေရာင္းမယ္ ေျပာထားၿပီး  Glazed Black, Nebula Blue နဲ႔ Magic Clear Sky အေရာင္ေတြ ေရြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။

Vivo Y9s မွာ ၆.၃၈ လက္မ AMOLED Display တပ္ဆင္ထားၿပီး Waterdrop Notch ပါပါတယ္။ Full HD+ Resolution ျဖစ္ၿပီး Display ေအာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Snapdragon 665 Chipset ေမာင္းႏွင္ထားၿပီး 8GB RAM နဲ႔ 128GB Storage ေတြ ပါပါတယ္။ microSD Card  နဲ႔ Storage ကို ျမွင့္တင္ႏုိင္ပါတယ္။ Android 9 Pie OS ပါလာၿပီး FunTouch OS 9.2 UI ျဖစ္ႏုိင္ပါတယ္။

အေနာက္ဘက္မွာ စိန္ပံုသ႑ာန္ ကင္မရာနဲ႔ LED Flash ၁ လံုး ပါပါတယ္။ အေနာက္ကင္မရာေတြက 48-Megapixel + 8-Megapixel + 2-Megapixel + 2-Megapixel ေတြ ျဖစ္ပါတယ္။ ဆဲလ္ဖီး ကင္မရာက 32MP ျဖစ္ပါတယ္။ 4,390mAh Battery လို႔ ေဖာ္ျပထားၿပီး တကယ္ေတာ့ 4,500mAh Battery ျဖစ္ပါတယ္။ 18W Fast Charging ပါတဲ့အတြက္ အားသြင္းရင္ ျမန္မွာပါ။ အရြယ္အစား အျပည့္အစံုမွာ 159.25 x 75.19 x 8.68mm နဲ႔ အေလးခ်ိန္မွာ ၁၈၆.၇ ဂရမ္ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

Vivo Y9s ကို တရုတ်မှာ ကြေညာတော့မည်

China Telecom မှာ Vivo Y9s ရောက်လာတဲ့အတွက် မကြာခင် တရုတ်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းရဲ့ Specs တွေဟာ မကြာခင်က အရှေ့တောင်အာရှမှာ မိတ်ဆက်ခဲ့တဲ့ Vivo S1 Pro နဲ့ အကုန် တူနေပါတယ်။ အဲဒီအတွက် Y9s ဟာ S1 Pro ရဲ့ တရုတ်မှာ ရောင်းမယ့် မော်ဒယ် ဖြစ်ပါတယ်။ China Telecom မှာ ဒီလ ၂၄ ရက်နေ့မှာ ရောင်းမယ် ပြောထားပြီး Glazed Black, Nebula Blue နဲ့ Magic Clear Sky အရောင်တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Vivo Y9s မှာ ၆.၃၈ လက်မ AMOLED Display တပ်ဆင်ထားပြီး Waterdrop Notch ပါပါတယ်။ Full HD+ Resolution ဖြစ်ပြီး Display အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Snapdragon 665 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ Android 9 Pie OS ပါလာပြီး FunTouch OS 9.2 UI ဖြစ်နိုင်ပါတယ်။

အနောက်ဘက်မှာ စိန်ပုံသဏ္ဍာန် ကင်မရာနဲ့ LED Flash ၁ လုံး ပါပါတယ်။ အနောက်ကင်မရာတွေက 48-Megapixel + 8-Megapixel + 2-Megapixel + 2-Megapixel တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ 4,390mAh Battery လို့ ဖော်ပြထားပြီး တကယ်တော့ 4,500mAh Battery ဖြစ်ပါတယ်။ 18W Fast Charging ပါတဲ့အတွက် အားသွင်းရင် မြန်မှာပါ။ အရွယ်အစား အပြည့်အစုံမှာ 159.25 x 75.19 x 8.68mm နဲ့ အလေးချိန်မှာ ၁၈၆.၇ ဂရမ် ဖြစ်ပါတယ်။

Ref : gizmochina