[Zawgyi]

Vivo Z1 Pro ဟာ မၾကာခင္မွာ အိႏၵိယေဈးကြက္အတြင္း မိတ္ဆက္ေတာ့မယ့္ စမတ္ဖုန္း ျဖစ္ပါတယ္။ ကနဦးသတင္းေတြအရ တ႐ုတ္မွာ Z5x အျဖစ္ ျဖန႔္ခ်ိခဲ့တဲ့ စမတ္ဖုန္းကို အမည္ေျပာင္းထားတဲ့ Z1 Pro ဟာ Punch-hole နဲ႔ စမတ္ဖုန္းတစ္လုံးျဖစ္ၿပီး 32MP Selfie ကင္မရာ သုံးထားမယ္လို႔ သိထားတာပါ။

လက္ရွိသိရသေလာက္ကလည္း ဒီ Z1 Pro ဟာ 5,000mAh ဘက္ထရီပမာဏပါဝင္မွာျဖစ္ၿပီး Snapdragon 712 Chipset အဆင့္ျမႇင့္ထားတဲ့ GPU နဲ႔အတူ ဂိမ္းကစားသူေတြကို အထူးဦးတည္ထားတယ္လို႔ ဆိုရမွာပါ။ ဒါ့အျပင္ Vivo အိႏၵိယရဲ႕ လူမႈကြန္ရက္မွာ ေဖာ္ျပထားတာကလည္း Z1 Pro ဟာ အေအးေပးမႈပိုင္း ပိုမိုေကာင္းမြန္လာသလို၊ Net Turbo ပိုင္းကလည္း ပိုၿပီးစိတ္ဝင္စားစရာ ေကာင္းလာတာကို ေတြ႕ျမင္ရပါတယ္။

Vivo Z1 Pro ဟာ ဂိမ္းကစားေနခ်ိန္မွာ အေႏွာင့္အယွက္မျဖစ္ဖို႔ အထူးျပဳလုပ္ထားသလို PUBG ကစားေနခ်ိန္မွာလည္း အသံကို ေျပာင္းလဲႏိုင္ေအာင္ ျပဳလုပ္ေပးထားတယ္လို႔ သိရပါတယ္။ ဂိမ္းစတင္တာနဲ႔ စမတ္ဖုန္းဟာ 4D vibrations နဲ႔ 3D Surround Sound ကို ေထာက္ပံ့ေပးမယ္လို႔လည္း ဆိုပါတယ္။ ဒီ Feature ေတြကေတာ့ ဒီေန႔ေခတ္ ဂိမ္းကစားသူေတြရဲ႕ ႏွစ္သက္မႈကိုရယူႏိုင္မယ္လို႔ ယူဆပါတယ္။

အျခားအခ်က္အလက္ေတြကေတာ့ အေစာပိုင္းမွာ ရည္ၫႊန္းထားသလို မ်ားျပားတဲ့ ဘက္ထရီပမာဏရယ္၊ 18W အျမန္အားသြင္းစနစ္ရယ္ ပါဝင္မယ္ဆိုတာပါပဲ။ Live image အျဖစ္ ေပၚထြက္လာတဲ့ပုံမွာေတာ့ ေက်ာဘက္ကင္မရာ ၃ လုံးကိုေတြ႕ျမင္ရသလို Fingerprint scanner ကိုလည္း ေတြ႕ျမင္ရပါတယ္။ Vivo Z1 Pro လို႔ေဖာ္ျပထားတဲ့ ဒီဓါတ္ပုံေတြဟာ Z5x နဲ႔ အေတာ္ေလးကို တူညီတာလည္း ေတြ႕ရပါတယ္။

Ref: GSMArena

[Unicode]

ဂိမ်းကစားသူတွေကို ဦးတည်ထားတဲ့ပုံစံတွေ့ရတဲ့ Vivo Z1 Pro

Vivo Z1 Pro ဟာ မကြာခင်မှာ အိန္ဒိယဈေးကွက်အတွင်း မိတ်ဆက်တော့မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ကနဦးသတင်းတွေအရ တရုတ်မှာ Z5x အဖြစ် ဖြန့်ချိခဲ့တဲ့ စမတ်ဖုန်းကို အမည်ပြောင်းထားတဲ့ Z1 Pro ဟာ Punch-hole နဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး 32MP Selfie ကင်မရာ သုံးထားမယ်လို့ သိထားတာပါ။

လက်ရှိသိရသလောက်ကလည်း ဒီ Z1 Pro ဟာ 5,000mAh ဘက်ထရီပမာဏပါဝင်မှာဖြစ်ပြီး Snapdragon 712 Chipset အဆင့်မြှင့်ထားတဲ့ GPU နဲ့အတူ ဂိမ်းကစားသူတွေကို အထူးဦးတည်ထားတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် Vivo အိန္ဒိယရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားတာကလည်း Z1 Pro ဟာ အအေးပေးမှုပိုင်း ပိုမိုကောင်းမွန်လာသလို၊ Net Turbo ပိုင်းကလည်း ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာတာကို တွေ့မြင်ရပါတယ်။

Vivo Z1 Pro ဟာ ဂိမ်းကစားနေချိန်မှာ အနှောင့်အယှက်မဖြစ်ဖို့ အထူးပြုလုပ်ထားသလို PUBG ကစားနေချိန်မှာလည်း အသံကို ပြောင်းလဲနိုင်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ ဂိမ်းစတင်တာနဲ့ စမတ်ဖုန်းဟာ 4D vibrations နဲ့ 3D Surround Sound ကို ထောက်ပံ့ပေးမယ်လို့လည်း ဆိုပါတယ်။ ဒီ Feature တွေကတော့ ဒီနေ့ခေတ် ဂိမ်းကစားသူတွေရဲ့ နှစ်သက်မှုကိုရယူနိုင်မယ်လို့ ယူဆပါတယ်။

အခြားအချက်အလက်တွေကတော့ အစောပိုင်းမှာ ရည်ညွှန်းထားသလို များပြားတဲ့ ဘက်ထရီပမာဏရယ်၊ 18W အမြန်အားသွင်းစနစ်ရယ် ပါဝင်မယ်ဆိုတာပါပဲ။ Live image အဖြစ် ပေါ်ထွက်လာတဲ့ပုံမှာတော့ ကျောဘက်ကင်မရာ ၃ လုံးကိုတွေ့မြင်ရသလို Fingerprint scanner ကိုလည်း တွေ့မြင်ရပါတယ်။ Vivo Z1 Pro လို့ဖော်ပြထားတဲ့ ဒီဓါတ်ပုံတွေဟာ Z5x နဲ့ အတော်လေးကို တူညီတာလည်း တွေ့ရပါတယ်။

Ref: GSMArena