[Zawgyi]
Vivo Z1x ကို Fusion Blue နဲ့ Phantom Purple ဆိုပြီး အရောင် ၂မျိုး ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းတွေအနေနဲ့ RAM 6GB + Storage 64GB မော်ဒယ်က အိန္ဒိယငွေ ၁၆,၉၉၀ ရူပီး (မြန်မာငွေ ၃၆၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်ပြီး RAM 6GB + Storage 128GB မော်ဒယ်က အိန္ဒိယငွေ ၁၈,၉၉၀ ရူပီး (မြန်မာငွေ ၄သိန်း ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။
Ref : GSM Arena
[Unicode]
Snapdragon 712 SoC နဲ့ Super AMOLED Display တွေပါတဲ့ ၃သိန်းခွဲကျော်တန် Vivo Z1x
Vivo အနေနဲ့ Z1x ကို အိန္ဒိယနိုင်ငံမှာ မနေ့တုန်းက မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Snapdragon 712 SoC နဲ့အတူ စင်မြင့်ထက်ကို ရောက်ရှိခဲ့တဲ့ Vivo Z1x ဟာ Mid-range စမတ်ဖုန်း အမျိူးအစားဖြစ်ပြီး RAM အနေနဲ့ 6GB ပါဝင်ပါတယ်။ Memory Storage ကတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။
Display အပိုင်းအတွက် ၆.၃၈လက်မ မျက်နှာပြင်အကျယ်ရှိ Super AMOLED Display ကို အသုံးပြုထားပြီး Resolution က 1080 x 2340 pixels ရှိပါတယ်။ Waterdrop Notch Display အမျိူးအစားဖြစ်ပြီး၊ Notch ထဲမှာ 32MP Selfie Camera ကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ Security အပိုင်းအတွက် In-display Fingerprint Sensor ပါဝင်မှာဖြစ်သလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။
နောက်ကျောဘက်မှာတော့ Triple Camera Setup ကို ဒေါင်လိုက်တပ်ဆင်ထားပြီး၊ 48MP Main Camera ကို 8MP Ultra-wide + 2MP Depth Sensor တွေနဲ့ တွဲဖက်ပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4500mAh ထည့်သွင်းပေးထားပြီး USB Type-C ကနေတဆင့် 22.5W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
Vivo Z1x ကို Fusion Blue နဲ့ Phantom Purple ဆိုပြီး အရောင် ၂မျိူး ထုတ်လုပ်ထားပါတယ်။ စျေးနှုန်းတွေအနေနဲ့ RAM 6GB + Storage 64GB မော်ဒယ်က အိန္ဒိယငွေ ၁၆,၉၉၀ ရူပီး (မြန်မာငွေ ၃၆၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်ပြီး RAM 6GB + Storage 128GB မော်ဒယ်က အိန္ဒိယငွေ ၁၈,၉၉၀ ရူပီး (မြန်မာငွေ ၄သိန်း ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။
Ref : GSM Arena