[Zawgyi]




Ref : gizmochina

[Unicode]

8GB RAM ပါတဲ့ Vivo Z1x ကို အိန္ဒိယမှာ ရောင်းမည်

အိန္ဒိယမှာ 8GB RAM ပါတဲ့ Vivo Z1x ကို ရောင်းပေးတော့မယ်လို့ ထင်ပါတယ်။ 91mobiles က အဲဒီ ဖုန်းရဲ့ ဈေးနှုန်းတွေကို ဖော်ပြထားပါတယ်။ 6GB RAM + 128GB Storage ပါတဲ့ မော်ဒယ်ထက် 8GB RAM မော်ဒယ်ဟာ ရူပီး ၃,၀၀၀ (မြန်မာငွေ ၆၄,၀၀၀ ဝန်းကျင်) ပိုများပါတယ်။

Vivo Z1x မှာ ၆.၃၈ လက်မ Full HD+ Super AMOLED Display ထည့်သွင်းထားပြီး 1080x2340p Resolution ဖြစ်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာနဲ့ အရွယ်သေး Notch ထည့်သွင်းထားပါတယ်။ Screen-to-body Ratio က ၉၀ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် ဒီဇိုင်းက အရမ်းကို မိုက်ပါတယ်။ 19.5:9 Aspect Ratio ဖြစ်တဲ့အတွက် ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်လို့ကောင်းတဲ့ မျက်နှာပြင် အရှည် ဒီဇိုင်းပါ။ Snapdragon 712 SoC မောင်းနှင်ထားပြီး 128GB Storage ပါပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 48MP Main , 8MP Ultrawide နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ Continuous Shooting, Bokeh Mode, Exposure Compensation, Face Detection, ISO Control And High Dynamic Range Mode HDR အပါအဝင် AI လုပ်ဆောင်ချက်တွေ ပါပါတယ်။

22.5W Flash Charging ပါတဲ့ 4,500mAh Battery ထည့်သွင်းထားပါတယ်။ Android 9.0 Pie အခြေပြု Funtouch OS 9 မောင်းနှင်ထားပါတယ်။ ရူပီး ၂၁,၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၄၆၀,၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina