[Zawgyi]
Vivo Z3 ဟာ တရုတ်နိုင်ငံအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းဖြစ်ပြီး၊ Snapdragon 710 အသုံးပြု Z3 နဲ့ Snapdragon 670 အသုံးပြု Z3 ဆိုပြီး ၂မျိုး ရှိပါတယ်။ Snapdragon 710 အသုံးပြု မော်ဒယ်မှာ RAM 6GB + Storage 64GB နဲ့ RAM 6GB + Storage 128GB ဆိုပြီး ၂မျိုး ရွေးချယ်ဝယ်ယူနိုင်ခဲ့ပေမယ့် Snapdragon 670 မှာတော့ RAM 4GB + Storage 64GB ၁မျိုးတည်းသာ ရွေးချယ်ဝယ်ယူနိုင်ခဲ့ပါတယ်။
Ref : Gizmochina
[Unicode]
အရောင်သစ်၊ Memory ဗားရှင်းအသစ်တွေနဲ့ ပွဲထွက်လာပြန်တဲ့ Vivo Z3
Vivo Z3 ဟာ တရုတ်နိုင်ငံအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းဖြစ်ပြီး၊ Snapdragon 710 အသုံးပြု Z3 နဲ့ Snapdragon 670 အသုံးပြု Z3 ဆိုပြီး ၂မျိူး ရှိပါတယ်။ Snapdragon 710 အသုံးပြု မော်ဒယ်မှာ RAM 6GB + Storage 64GB နဲ့ RAM 6GB + Storage 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်ခဲ့ပေမယ့် Snapdragon 670 မှာတော့ RAM 4GB + Storage 64GB ၁မျိူးတည်းသာ ရွေးချယ်ဝယ်ယူနိုင်ခဲ့ပါတယ်။
အခုတော့ Vivo ဟာ Snapdragon 670 အသုံးပြု Z3 မော်ဒယ်အတွက် Emerald လို့ခေါ်တဲ့ အရောင်သစ်နဲ့အတူ RAM 6GB + Storage 64GB နဲ့ RAM 6GB + Storage 128GB ဗားရှင်းတွေကိုပါ ထပ်မံ မိတ်ဆက်လာခဲ့ပါတယ်။ ဒါ့အပြင် အသစ်ထပ်မံ မိတ်ဆက်လိုက်တဲ့ Vivo Z3 မှာ ဂိမ်းဆော့တဲ့အခါ Graphics စွမ်းဆောင်ရည်ကို ၂၇.၆% အထိမြှင့်တင်ပေးမယ့် Dual Turbo GPU Engine လည်း ပါဝင်လာတယ်လို့ သိရပါတယ်။
Vivo Z3 ဟာ 6.3” IPS LCD Display ( 1080 x 2280 pixels) , 16MP + 2MP Rear Camera , 12MP Selfie Camera နဲ့ 3315mAh Battery တွေ ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Vivo Z3 ရဲ့ Emerald အရောင်ကို မတ်လ ၆ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 6GB + Storage 64GB ဗားရှင်းအတွက် တရုတ်ငွေ ၁၉၆၈ ယွမ် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်)၊ RAM 6GB + Storage 128GB ဗားရှင်းအတွက် တရုတ်ငွေ ၂၀၉၈ ယွမ် (မြန်မာငွေ ၄၇၀,၀၀၀ကျပ် ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
Ref : Gizmochina