Zawgyi

တ႐ုတ္ဖုန္းကုမၸဏီႀကီး VIVO ကေန Z Series ရဲ႕ေနာက္ဆုံးထြက္ဖုန္းအျဖစ္ Z3I ကိုမိတ္ဆက္ၿပီးေနာက္မွာေတာ့ Z3I ထက္ေစ်းသက္သာတဲ့ Z3I Standard Edition ကိုထပ္မံမိတ္ဆက္လိုက္ပါၿပီ။ Mediatek ရဲ႕ Helio P60 SoC နဲ႕အတူ LCD Display ကိုအသုံးျပဳၿပီး ေစ်းသက္သာတဲ့ ဗားရွင္းအျဖစ္ ထပ္မံထုတ္ေပးလိုက္တာပါ။

ျမန္မာေငြ ေလးသိန္းခြဲဝန္းက်င္ရွိတဲ့အဆိုပါ VIVO Z3I Standard Edition ဟာ တ႐ုတ္ျပည္တြင္းေစ်းကြက္ကိုပဲ ရည္႐ြယ္ေနေသးတာျဖစ္ပါတယ္။ VIVO Z3I Standard Edition ရဲ႕ စိတ္ဝင္စားစရာအခ်က္ေတြကေတာ့ 6.3-inch (F HD+) အ႐ြယ္ရွိ Halo Full View Display နဲ႕ 24MP Selfie ကင္မရေတြပဲျဖစ္ပါတယ္။

Helio P60 SoC ကို RAM 6GB နဲ႕ ေမာင္းႏွင္ေပးထားၿပီး အသုံးျပဳထားတဲ့ Operating System ကေတာ့ Android Oreo အေျချပဳ Funtouch OS 4.5 ပဲျဖစ္ပါတယ္။ ကင္မရာသမားေတြအတြက္လည္း ေက်နပ္ေလာက္စရာ အရည္အေသြးရွိ ဓာတ္ပုံေတြထုတ္ေပးနိုင္တဲ့ AI အားျဖည့္ေပးထားတဲ့ 16MP+2MP ကင္မရာ ႏွစ္လုံးတြဲစနစ္လည္းပါဝင္ပါေသးတယ္။

ဘက္ထရီ ပမာဏ 3,315 mAh ပါဝင္လို႔ သာမာန္အသုံးျပဳသူေတြအတြက္ တစ္ရက္ခြဲေလာက္ ေအးေဆးခံမွာပါ။ အေရာင္ေတြကေတာ့ Starry Night Black နဲ႕ Aurora Blue တို႔လို သာမာန္ေတြ႕ေနက် အနက္နဲ႕အျပာတို႔အျပင္ ထူးထူးျခားျခား Dream Pink လို႔ေခၚတဲ့ ပန္းေရာင္ တစ္မ်ိဳးနဲ႕ပါ ရရွိနိုင္ပါတယ္။

Ref: Giz China

Unicode

တရုတ်ဖုန်းကုမ္ပဏီကြီး VIVO ကနေ Z Series ရဲ့နောက်ဆုံးထွက်ဖုန်းအဖြစ် Z3I ကိုမိတ်ဆက်ပြီးနောက်မှာတော့ Z3I ထက်စျေးသက်သာတဲ့ Z3I Standard Edition ကိုထပ်မံမိတ်ဆက်လိုက်ပါပြီ။ Mediatek ရဲ့ Helio P60 SoC နဲ့အတူ LCD Display ကိုအသုံးပြုပြီး စျေးသက်သာတဲ့ ဗားရှင်းအဖြစ် ထပ်မံထုတ်ပေးလိုက်တာပါ။

မြန်မာငွေ လေးသိန်းခွဲဝန်းကျင်ရှိတဲ့အဆိုပါ VIVO Z3I Standard Edition ဟာ တရုတ်ပြည်တွင်းစျေးကွက်ကိုပဲ ရည်ရွယ်နေသေးတာဖြစ်ပါတယ်။ VIVO Z3I Standard Edition ရဲ့ စိတ်ဝင်စားစရာအချက်တွေကတော့ 6.3-inch (F HD+) အရွယ်ရှိ Halo Full View Display နဲ့ 24MP Selfie ကင်မရတွေပဲဖြစ်ပါတယ်။

Helio P60 SoC ကို RAM 6GB နဲ့ မောင်းနှင်ပေးထားပြီး အသုံးပြုထားတဲ့ Operating System ကတော့ Android Oreo အခြေပြု Funtouch OS 4.5 ပဲဖြစ်ပါတယ်။ ကင်မရာသမားတွေအတွက်လည်း ကျေနပ်လောက်စရာ အရည်အသွေးရှိ ဓာတ်ပုံတွေထုတ်ပေးနိုင်တဲ့ AI အားဖြည့်ပေးထားတဲ့ 16MP+2MP ကင်မရာ နှစ်လုံးတွဲစနစ်လည်းပါဝင်ပါသေးတယ်။

ဘက်ထရီ ပမာဏ 3,315 mAh ပါဝင်လို့ သာမာန်အသုံးပြုသူတွေအတွက် တစ်ရက်ခွဲလောက် အေးဆေးခံမှာပါ။ အရောင်တွေကတော့ Starry Night Black နဲ့ Aurora Blue တို့လို သာမာန်တွေ့နေကျ အနက်နဲ့အပြာတို့အပြင် ထူးထူးခြားခြား Dream Pink လို့ခေါ်တဲ့ ပန်းရောင် တစ်မျိုးနဲ့ပါ ရရှိနိုင်ပါတယ်။

Ref: Giz China