[Zawgyi]

ေပါက္ၾကားမႈေတြ အေတာ္မ်ားမ်ား ေပၚေပါက္ခဲ့ၿပီး၊ ေနာက္ဆုံးမွာေတာ့ Vivo ရဲ႕ Z5x ဟာ တရားဝင္ မိတ္ဆက္ျခင္းကို ေရာက္ရွိလာခဲ့ပါၿပီ။ ကုမၸဏီရဲ႕ Z လိုင္းဖုန္းေတြဟာ မ်ားေသာအားျဖင့္ ေဈးႏႈန္းသင့္တင္တဲ့ စမတ္ဖုန္း အမ်ိဳးအစားေတြပဲ ျဖစ္ပါတယ္။

Z5x ကလည္း သင့္တင့္တဲ့ေဈးႏႈန္းနဲ႔ မိတ္ဆက္ျခင္းခံခဲ့ရတာပါ။ ဇြန္လ ၁ရက္ေန႔ဆိုရင္ စတင္ေရာင္းခ်ေတာ့မယ့္ Z5x ေတြဟာ CNY1,398 ($202) ဝန္းက်င္ေဈးႏႈန္းကေန စတင္ၿပီးဝယ္ယူရရွိႏိုင္တယ္ဆိုတဲ့အခ်က္က တ႐ုတ္ျပည္ေဈးကြက္ထဲမွာ အေတာ္ေလးကို ေရာင္းအားေကာင္းဦးမယ္ဆိုတာ သံသယ ျဖစ္စရာမလိုဘူးလို႔ ဆိုရပါလိမ့္မယ္။

ျမန္မာေငြ ၃ သိန္း ၁ ေသာင္းဝန္းက်င္ေလာက္နဲ႔ Vivo ရဲ႕ ပထမဆုံး Punch-hole ကင္မရာအပါအဝင္ ေက်ာဘက္ကင္မရာ သုံးလုံးနဲ႔စမတ္ဖုန္းကို ဝယ္ယူရရွိႏိုင္မယ္ဆိုတာဟာ တကယ္ကို စိတ္ဝင္စားစရာပါပဲ။ Qualcomm Snapdragon 710 chipset ကို အသုံးျပဳထားတဲ့ Z5x ဟာ 4/6/8GB of RAM နဲ႔ 64/128GB Storage အတြဲအဖက္ေတြကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။

မ်က္ႏွာျပင္ရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာရွိေနတဲ့ Selfie ကင္မရာဟာ 16MP, f/2.0 အပါခ်ာနဲ႔ျဖစ္ၿပီး မ်က္ႏွာျပင္ကေတာ့ 6.53-inch 1080 x 2340 resolution နဲ႔ LCD အမ်ိဳးအစားျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးနဲ႔အတူ Fingerprint ကိုလည္း ေတြ႕ျမင္ရပါတယ္။ အဓိကကင္မရာဟာ 16MP, f/1.78 ျဖစ္ၿပီး ဒုတိယကင္မရာက 8MP, f/2.2 ultra-wide angle ျဖစ္ပါတယ္။ တတိယေျမာက္ ကင္မရာကေတာ့ 2MP, f/2.4 depth sensor နဲ႔ ျဖစ္ပါတယ္။

ဘက္ထရီပမာဏကေတာ့ 5,000mAh ျဖစ္ၿပီး 18W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားပါေသးတယ္။ Android 9 Pie ကို အေျခခံထားတဲ့ Funtouch 9 ကို သုံးရမွာျဖစ္ၿပီး Extreme Night Black, Phantom Black နဲ႔ Aurora ဆိုၿပီး အေရာင္သုံးေရာင္ ထုတ္လုပ္ထားပါတယ္။ 4/64 က ($202) ၃သိန္း၁ေသာင္းဝန္းက်င္၊ 6/64 က ($217) ၃သိန္း၄ေသာင္းဝန္းက်င္၊ 6/128 က ($246) ၃သိန္း၈ေသာင္းဝန္းက်င္နဲ႔ 8/128 ကေတာ့ ($289) ၄သိန္း၄ေသာင္းခြဲ ဝန္းက်င္ က်သင့္မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Punch-hole အပါအဝင် အနောက်ကင်မရာ သုံးလုံးနဲ့အတူ တရားဝင်ထွက်ပေါ်လာပြီဖြစ်တဲ့ Vivo Z5x

ပေါက်ကြားမှုတွေ အတော်များများ ပေါ်ပေါက်ခဲ့ပြီး၊ နောက်ဆုံးမှာတော့ Vivo ရဲ့ Z5x ဟာ တရားဝင် မိတ်ဆက်ခြင်းကို ရောက်ရှိလာခဲ့ပါပြီ။ ကုမ္ပဏီရဲ့ Z လိုင်းဖုန်းတွေဟာ များသောအားဖြင့် ဈေးနှုန်းသင့်တင်တဲ့ စမတ်ဖုန်း အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

Z5x ကလည်း သင့်တင့်တဲ့ဈေးနှုန်းနဲ့ မိတ်ဆက်ခြင်းခံခဲ့ရတာပါ။ ဇွန်လ ၁ရက်နေ့ဆိုရင် စတင်ရောင်းချတော့မယ့် Z5x တွေဟာ CNY1,398 ($202) ဝန်းကျင်ဈေးနှုန်းကနေ စတင်ပြီးဝယ်ယူရရှိနိုင်တယ်ဆိုတဲ့အချက်က တရုတ်ပြည်ဈေးကွက်ထဲမှာ အတော်လေးကို ရောင်းအားကောင်းဦးမယ်ဆိုတာ သံသယ ဖြစ်စရာမလိုဘူးလို့ ဆိုရပါလိမ့်မယ်။

မြန်မာငွေ ၃ သိန်း ၁ သောင်းဝန်းကျင်လောက်နဲ့ Vivo ရဲ့ ပထမဆုံး Punch-hole ကင်မရာအပါအဝင် ကျောဘက်ကင်မရာ သုံးလုံးနဲ့စမတ်ဖုန်းကို ဝယ်ယူရရှိနိုင်မယ်ဆိုတာဟာ တကယ်ကို စိတ်ဝင်စားစရာပါပဲ။ Qualcomm Snapdragon 710 chipset ကို အသုံးပြုထားတဲ့ Z5x ဟာ 4/6/8GB of RAM နဲ့ 64/128GB Storage အတွဲအဖက်တွေကို ရွေးချယ်နိုင်ပါတယ်။

မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာရှိနေတဲ့ Selfie ကင်မရာဟာ 16MP, f/2.0 အပါချာနဲ့ဖြစ်ပြီး မျက်နှာပြင်ကတော့ 6.53-inch 1080 x 2340 resolution နဲ့ LCD အမျိုးအစားဖြစ်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးနဲ့အတူ Fingerprint ကိုလည်း တွေ့မြင်ရပါတယ်။ အဓိကကင်မရာဟာ 16MP, f/1.78 ဖြစ်ပြီး ဒုတိယကင်မရာက 8MP, f/2.2 ultra-wide angle ဖြစ်ပါတယ်။ တတိယမြောက် ကင်မရာကတော့ 2MP, f/2.4 depth sensor နဲ့ ဖြစ်ပါတယ်။

ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပြီး 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါသေးတယ်။ Android 9 Pie ကို အခြေခံထားတဲ့ Funtouch 9 ကို သုံးရမှာဖြစ်ပြီး Extreme Night Black, Phantom Black နဲ့ Aurora ဆိုပြီး အရောင်သုံးရောင် ထုတ်လုပ်ထားပါတယ်။ 4/64 က ($202) ၃သိန်း၁သောင်းဝန်းကျင်၊ 6/64 က ($217) ၃သိန်း၄သောင်းဝန်းကျင်၊ 6/128 က ($246) ၃သိန်း၈သောင်းဝန်းကျင်နဲ့ 8/128 ကတော့ ($289) ၄သိန်း၄သောင်းခွဲ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Ref: GSMArena