Zawgyi

Vivo Z5x စမတ္ဖုန္းဟာ လြန္ခဲ့တဲ့တစ္ပတ္ကမွ သတင္းထြက္ေပၚလာခဲ့ၿပီး လာမယ့္ ေမလ ၂၄ ရက္ေန႔မွာ ျမန္ျမန္ဆန္ဆန္ပဲ မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ အခုခ်ိန္ထိ Vivo Z5x ရဲ႕အဓိက Feature ေတြကို ကုမၸဏီက တရားဝင္ထုတ္ျပန္လာတာမ်ဳိးေတာ့ မရွိေသးေပမယ့္ သူ႕ရဲ႕မီဒီယာဖိတ္စာထဲက Render ပုံရိပ္နဲ႔ အျခားသတင္းေတြကို အေျခခံၿပီး ဒီဇုိင္းနဲ႔ ဘကၳရီသက္တမ္း စတာေတြကိုေတာ့ သိထားၾကပါတယ္။

ပုိစတာထဲမွာပါလာတဲ့ Render ပုံရိပ္ထဲမွာ Z5x စမတ္ဖုန္းဟာ ပါးလႊာတဲ့ Bezel လိုင္းေတြနဲ႔အတူ ဆယ္ဖီကင္မရာအတြက္ Punch-hole အေပါက္အား အေပၚဘယ္ဘက္ေထာင့္မွာ ထည့္သြင္းလာတဲ့ Display မ်က္ႏွာျပင္တုိ႔ကို ေတြ႕ရမွာျဖစ္ပါတယ္။ ေနာက္ဘက္မွာေတာ့ ေထာင္လိုက္ထားရွိတဲ့ ကင္မရာသုံးလုံးတြဲနဲ႔အတူ Fingerprint တစ္ခုတုိ႔ ပါဝင္ေနပါတယ္။

ဖုန္းရဲ႕ညာဘက္ျခမ္းမွာ အသံတုိးခ်ဲ႕နဲ႔ ပါဝါခလုတ္ေတြ ပါဝင္ၿပီး ဘယ္ဘက္ျခမ္းကေတာ့ Vivo ရဲ႕ ကိုယ္ပိုင္ AI Assistant ျဖစ္တဲ့ Jovi ကို ခုိင္းေစႏုိင္မယ့္ သီးသန္႔ခလုတ္တစ္ခု ပါဝင္လာပါတယ္။ ေအာက္ဘက္မွာလည္း Audio Jack တစ္ခု ပါဝင္တာကိုေတြ႕ရတယ္။

Vivo Z5x ဟာ Extreme Night Black နဲ႔ Phantom Black ဆုိတဲ့ ကာလာႏွစ္မ်ဳိးျဖင့္ထြက္လာမွာျဖစ္ၿပီး မန္မုိရီက 4 /64GB, 6 /64GB, 6 /128GB နဲ႔ 8 /128GB ဆုိၿပီး ေလးမ်ဳိးရရွိႏုိင္မွာပါ။ ေနာက္ထပ္ႏွစ္ရက္သုံးရက္ ေနရင္ တရားဝင္မိတ္ဆက္လာတဲ့အခါမွ သူ႕ရဲ႕ေစ်းႏႈန္းနဲ႔ ရရွိႏုိင္မယ့္ ေစ်းကြက္စတာေတြကို သိရွိႏုိင္မွာ ျဖစ္ပါတယ္။

Ref  – GSM Arena

Unicode

Vivo Z5x စမတ်ဖုန်းဟာ လွန်ခဲ့တဲ့တစ်ပတ်ကမှ သတင်းထွက်ပေါ်လာခဲ့ပြီး လာမယ့် မေလ ၂၄ ရက်နေ့မှာ မြန်မြန်ဆန်ဆန်ပဲ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အခုချိန်ထိ Vivo Z5x ရဲ့အဓိက Feature တွေကို ကုမ္ပဏီက တရားဝင်ထုတ်ပြန်လာတာမျိုးတော့ မရှိသေးပေမယ့် သူ့ရဲ့မီဒီယာဖိတ်စာထဲက Render ပုံရိပ်နဲ့ အခြားသတင်းတွေကို အခြေခံပြီး ဒီဇိုင်းနဲ့ ဘက္ထရီသက်တမ်း စတာတွေကိုတော့ သိထားကြပါတယ်။

ပိုစတာထဲမှာပါလာတဲ့ Render ပုံရိပ်ထဲမှာ Z5x စမတ်ဖုန်းဟာ ပါးလွှာတဲ့ Bezel လိုင်းတွေနဲ့အတူ ဆယ်ဖီကင်မရာအတွက် Punch-hole အပေါက်အား အပေါ်ဘယ်ဘက်ထောင့်မှာ ထည့်သွင်းလာတဲ့ Display မျက်နှာပြင်တို့ကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ဘက်မှာတော့ ထောင်လိုက်ထားရှိတဲ့ ကင်မရာသုံးလုံးတွဲနဲ့အတူ Fingerprint တစ်ခုတို့ ပါဝင်နေပါတယ်။

ဖုန်းရဲ့ညာဘက်ခြမ်းမှာ အသံတိုးချဲ့နဲ့ ပါဝါခလုတ်တွေ ပါဝင်ပြီး ဘယ်ဘက်ခြမ်းကတော့ Vivo ရဲ့ ကိုယ်ပိုင် AI Assistant ဖြစ်တဲ့ Jovi ကို ခိုင်းစေနိုင်မယ့် သီးသန့်ခလုတ်တစ်ခု ပါဝင်လာပါတယ်။ အောက်ဘက်မှာလည်း Audio Jack တစ်ခု ပါဝင်တာကိုတွေ့ရတယ်။

Vivo Z5x ဟာ Extreme Night Black နဲ့ Phantom Black ဆိုတဲ့ ကာလာနှစ်မျိုးဖြင့်ထွက်လာမှာဖြစ်ပြီး မန်မိုရီက 4 /64GB, 6 /64GB, 6 /128GB နဲ့ 8 /128GB ဆိုပြီး လေးမျိုးရရှိနိုင်မှာပါ။ နောက်ထပ်နှစ်ရက်သုံးရက် နေရင် တရားဝင်မိတ်ဆက်လာတဲ့အခါမှ သူ့ရဲ့ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် ဈေးကွက်စတာတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

Ref  – GSM Arena