Vivo က တရုတ်မှာ Z6 5G ကို ကြေညာလိုက်ပါပြီ။ အဲဒီဖုန်းဟာ Snapdragon 765G ပါတဲ့ Vivo ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး ၆.၅၇ လက်မ Full HD+ IPS LCD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 20:9 Aspect Ratio က မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်ပြီး Screen-to-body Ratio က ၉၀.၇၄ ရာခိုင်နှုန်း ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက တော်တော် မိုက်ပါတယ်။

Punch-hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ပါပါတယ်။ Super Night Scene 2.0, Hyper HDR, RAW Format Output, Video Stabilization လုပ်ဆောင်ချက်တွေ ပါတဲ့အတွက် ရုပ်ထွက်က လန်ထွက်နေမှာဖြစ်ပြီး 4K ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။

Dual-mode 5G ထောက်ပံ့ပြီး LPDDR4x RAM နဲ့ UFS 2.1 Storage တွေကြောင့် ဖုန်းက မြန်မြန် အလုပ်လုပ်ပါတယ်။ ဒေတာများများ သိမ်းချင်ရင် microSD Card စိုက်နိုင်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 44W SuperFlash Charge ပါတဲ့အတွက် ဘက်ထရီ သက်တမ်းနဲ့ အားသွင်းနှုန်းက တော်တော်လန်းမှာပါ။ Vivo က ၃၅ မိနစ်မှာ ၇၀ ရာခိုင်နှုန်းနဲ့ ၆၅ မိနစ်မှာ ၁၀၀ ရာခိုင်နှုန်းအားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ ပီစီ အဆင့် Liquid Cooling နည်းပညာ ပါတဲ့အတွက် ဂိမ်းတွေ ရှယ်ကစားရင်တောင် အပူမလွန်ကဲအောင် ကာကွယ်ပေးပါတယ်။

Android 10 အခြေပြု FunTouch OS 10 မောင်းနှင်ထားပါတယ်။ Multi-Turbo 3.0 က AI ကို သုံးပြီး စွမ်းဆောင်ရည်မြင့်မားအောင် ကူညီပေးပါတယ်။ Gamer တွေအတွက် Game Space 3.0 နဲ့ Game Box လို အလန်းစား လုပ်ဆောင်ချက်တွေ ပါပါတယ်။ Dual WiFi ဆက်သွယ်မှု ထောက်ပံ့ပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

6/128GB ကို ၂,၂၉၈ ယွမ်နဲ့ 8/128GB ကို ၂,၅၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၇ သောင်းနဲ့ ၅ သိန်း ၃ သောင်း အသီးသီး ကျသင့်မှာပါ။ Ice Age, Interstellar Silver နဲ့ Aurora Black အရောင်တွေ  ထုတ်လုပ်ထားပြီး တရုတ်မှာ ၂၉ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina