Zawgyi

ေတာင္ကိုရီးယားနဲ႔ အေမရိကန္ႏုိင္ငံတုိ႔မွာ 5G နက္ဝပ္ စတင္သုံးစြဲေနၿပီျဖစ္ေပမယ့္ ဥေရာပမွာေတာ့ ေျခလွမ္းစလာတာကို မေတြ႕ခဲ့ၾကရေသးပါဘူး။ ယေန႔မွာ Vodafone UK ကုမၸဏီဟာ သူတုိ႔ရဲ႕ 5G ဝန္ေဆာင္မႈကို ဇူလိုင္ ၃ ရက္ေန႔မွာ စတင္မယ္လို႔ ေၾကျငာလိုက္ၿပီး ပထမဆုံးတရားဝင္ေၾကျငာလာတဲ့ ေမဂ်ာ Carrier အျဖစ္ မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။

မ်ဳိးဆက္သစ္နက္ဝပ္ဟာ လန္ဒန္၊ ဘာမင္ဂမ္၊ ဘရစၥတုိ၊ ကာဒစ္၊ ဂလက္စကို၊ မန္ခ်က္စတာနဲ႔ လီဗာပူး ၿမိဳ႕ေတြမွာ အရင္ဆုံး ရရွိႏုိင္မွာျဖစ္ၿပီး ႏွစ္ကုန္ပုိင္းမွာေတာ့ ပိုႀကီးတဲ့ ပမာဏကို ျဖန္႔က်က္ႏုိင္မယ္လို႔ Vodafone က ဆုိပါတယ္။ ဒါ့အျပင္ 5G နက္ဝပ္အတြက္ ဝန္ေဆာင္ခဟာလည္း သူ႕ရဲ႕လက္ရွိ 4G ဝန္ေဆာင္မႈေစ်းႏႈန္းနဲ႔ အတူတူေလာက္ပဲလို႔ ဆုိပါတယ္။

Vodafone UK ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Nick Jeffery ကေတာ့ သူတုိ႔ဟာ လြန္ခဲ့တဲ့သုံးႏွစ္တည္းက 5G ခရီးၾကမ္းကို စတင္ေလွ်ာက္လွမ္းခဲ့တာျဖစ္ေၾကာင္းနဲ႔ အေႏွာင့္အယွက္မရွိ ဝန္ေဆာင္မႈေပးႏုိင္ဖို႔ အဆင့္ျမွင့္တင္စမ္းသပ္ခဲ့တဲ့ေနာက္ 5G နက္ဝပ္ကို စတင္အစမ္းေပးပို႔ႏုိင္ခဲ့တဲ့ ပထမဆုံး ယူေကကုမၸဏီျဖစ္လာေၾကာင္း ဂုဏ္ယူစြာေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ လက္ရွိဖုန္းတုိင္းကေတာ့ 5G နက္ဝပ္ကို အသုံးျပဳႏုိင္မွာမဟုတ္တာေၾကာင့္ မ်ဳိးဆက္သစ္ နက္ဝပ္ျမန္ႏႈန္းကို လိုခ်င္တဲ့သူေတြဟာ ေမလ ၂၃ ရက္ေန႔မွာ Xiaomi ကမိတ္ဆက္မယ့္ Mi Mix 3 5G ဖုန္း၊ ေမလကုန္မွာ Samsung ကမိတ္ဆက္မယ့္ Galaxy S10 5G နဲ႔ ဇြန္လမွာ Huawei ကထုတ္လုပ္မယ့္ Mate 20 X 5G / Mate X ဟန္းဆက္ေတြကို အရင္ဝယ္ယူရမွာပါ။

Vodafone ဟာ အျခားဥေရာပႏုိင္ငံေတြျဖစ္တဲ့ ဂ်ာမနီ၊ အီတလီနဲ႔ စပိန္တုိ႔မွာလည္း 5G ကြန္ရက္ကို ၂၀၁၉ ႏွစ္ကုန္မတုိင္ခင္ ျဖန္႔က်က္သြားမယ္လို႔ ဆုိပါတယ္။

Ref – GSM Arena

Unicode

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့မှာ 5G နက်ဝပ် စတင်သုံးစွဲနေပြီဖြစ်ပေမယ့် ဥရောပမှာတော့ ခြေလှမ်းစလာတာကို မတွေ့ခဲ့ကြရသေးပါဘူး။ ယနေ့မှာ Vodafone UK ကုမ္ပဏီဟာ သူတို့ရဲ့ 5G ဝန်ဆောင်မှုကို ဇူလိုင် ၃ ရက်နေ့မှာ စတင်မယ်လို့ ကြေငြာလိုက်ပြီး ပထမဆုံးတရားဝင်ကြေငြာလာတဲ့ မေဂျာ Carrier အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မျိုးဆက်သစ်နက်ဝပ်ဟာ လန်ဒန်၊ ဘာမင်ဂမ်၊ ဘရစ္စတို၊ ကာဒစ်၊ ဂလက်စကို၊ မန်ချက်စတာနဲ့ လီဗာပူး မြို့တွေမှာ အရင်ဆုံး ရရှိနိုင်မှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာတော့ ပိုကြီးတဲ့ ပမာဏကို ဖြန့်ကျက်နိုင်မယ်လို့ Vodafone က ဆိုပါတယ်။ ဒါ့အပြင် 5G နက်ဝပ်အတွက် ဝန်ဆောင်ခဟာလည်း သူ့ရဲ့လက်ရှိ 4G ဝန်ဆောင်မှုဈေးနှုန်းနဲ့ အတူတူလောက်ပဲလို့ ဆိုပါတယ်။

Vodafone UK ရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ Nick Jeffery ကတော့ သူတို့ဟာ လွန်ခဲ့တဲ့သုံးနှစ်တည်းက 5G ခရီးကြမ်းကို စတင်လျှောက်လှမ်းခဲ့တာဖြစ်ကြောင်းနဲ့ အနှောင့်အယှက်မရှိ ဝန်ဆောင်မှုပေးနိုင်ဖို့ အဆင့်မြှင့်တင်စမ်းသပ်ခဲ့တဲ့နောက် 5G နက်ဝပ်ကို စတင်အစမ်းပေးပို့နိုင်ခဲ့တဲ့ ပထမဆုံး ယူကေကုမ္ပဏီဖြစ်လာကြောင်း ဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိဖုန်းတိုင်းကတော့ 5G နက်ဝပ်ကို အသုံးပြုနိုင်မှာမဟုတ်တာကြောင့် မျိုးဆက်သစ် နက်ဝပ်မြန်နှုန်းကို လိုချင်တဲ့သူတွေဟာ မေလ ၂၃ ရက်နေ့မှာ Xiaomi ကမိတ်ဆက်မယ့် Mi Mix 3 5G ဖုန်း၊ မေလကုန်မှာ Samsung ကမိတ်ဆက်မယ့် Galaxy S10 5G နဲ့ ဇွန်လမှာ Huawei ကထုတ်လုပ်မယ့် Mate 20 X 5G / Mate X ဟန်းဆက်တွေကို အရင်ဝယ်ယူရမှာပါ။

Vodafone ဟာ အခြားဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ အီတလီနဲ့ စပိန်တို့မှာလည်း 5G ကွန်ရက်ကို ၂၀၁၉ နှစ်ကုန်မတိုင်ခင် ဖြန့်ကျက်သွားမယ်လို့ ဆိုပါတယ်။

Ref – GSM Arena