[Unicode]

အီလက်ထရစ်ကားတွေကို အားသွင်းဖို့ အားသွင်းစက်တွေဆီကို သွားဖို့ မလိုတော့ပါဘူး။ Volkswagen က အီလက်ထရစ်ကားတွေ ရှိရာ နေရာကို သွားပြီး အားသွင်းပေးနိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သင့် နေအိမ် အဆောက်အဦးရဲ့ ကားပါကင်နေရာမှာ ကားရပ်လိုက်တာနဲ့ စက်ရုပ်တွေက အားလာသွင်းပေးမှာ ဖြစ်တဲ့အတွက် တော်တော် ဟန်ကျပါတယ်။

ကုမ္ပဏီက အဲဒီ နည်းပညာကို V2X လို့ နာမည်ပေးထားပြီး အီလက်ထရစ်ကားတွေ လျှင်မြန်လွယ်ကူစွာ အားသွင်းနိုင်ဖို့ ဖန်တီးထားပါတယ်။ ပါကင်မှာ ကားထားပြီးတာနဲ့ ယာဉ်မောင်းက စမတ်ဖုန်း App ဒါမှမဟုတ် ကားရဲ့ Touchscreen ကနေ အားသွင်းစက်ရုပ်ကို ဆင့်ခေါ်ရမှာပါ။ စက်ရုပ်က ကား တည်နေရာနဲ့ အားသွင်းပေးရမယ့် ပမာဏကို သိနားလည်ပါတယ်။ အဲဒီနောက်မှာ စက်ရုပ်က Mobile Charger ၁ ခုကို ကားရှိရာသို့ ဆွဲလာပြီး အားသွင်းပေါက်အား ဖွင့်ပေးဖို့ ကားကို ခိုင်းစေမှာပါ။ စက်ရုပ်က အားသွင်းကြိုးကို အားသွင်းပေါက်မှာ တပ်ဆင်ပြီးတာနဲ့ သူ့ရဲ့ မူလ နေရာကို ပြန်သွားမှာပါ။ အားသွင်းပြီးတာနဲ့ စက်ရုပ်က Mobile Charger ကို မူလနေရာကို ပြန်ဆွဲသွားမှာပါ။

အဲဒီ နည်းပညာမှာ လူသားရဲ့ အကူအညီ လုံး၀ မလိုအပ်ပါဘူး။ စက်ရုပ်မှာ ကင်မရာ၊ လေဆာ စကင်နာနဲ့ Ultrasonic Sensors တွေ ထည့်သွင်းထားပြီး အလိုအလျှောက် အလုပ်လုပ်နိုင်ပါတယ်။ ကားပါကင်ထဲမှာ တခြား ကားတွေကို မတိုက်မိဘဲ မောင်းနှင်နိုင်ပါတယ်။ Mobile Charger မှာ 25 kilowatt-hours ပါပြီး 50 kilowatts အထိ လျှင်မြန်စွာ အားသွင်းပေးနိုင်ပါတယ်။

အားသွင်းပေးတဲ့ စက်ရုပ်တွေဟာ လူသားတွေကို တော်တော် အကျိုးပြုမှာပါ။ ယာဉ်မောင်းက ကားပါကင်မှာ အားသွင်း စက်ကို လိုက်ရှာစရာ မလိုတော့ပါဘူး။ ဒါ့အပြင် Volkswagen က တည်ဆောက်ပြီးသား အဆောက်အဦးတွေမှာ အားသွင်းစက်တွေ တပ်ဆင်တာထက် စက်ရုပ်တွေကို သုံးတာက ကုန်ကျစားရိတ် ပိုသက်သာတယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ဒီနည်းပညာကို ဖန်တီးနေဆဲ ဖြစ်ပြီး လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်မယ့် အချိန်ကို မပြောသေးပါဘူး။

Ref : digitaltrends

[Zawgyi]

အီလက္ထရစ္ ကားေတြကို အားသြင္းေပးမယ့္ Volkswagen ရဲ႕ စက္ရုပ္

အီလက္ထရစ္ကားေတြကို အားသြင္းဖို႔ အားသြင္းစက္ေတြဆီကို သြားဖို႔ မလိုေတာ့ပါဘူး။ Volkswagen က အီလက္ထရစ္ကားေတြ ရွိရာ ေနရာကို သြားၿပီး အားသြင္းေပးႏုိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သင့္ ေနအိမ္ အေဆာက္အဦးရဲ႕ ကားပါကင္ေနရာမွာ ကားရပ္လိုက္တာနဲ႔ စက္ရုပ္ေတြက အားလာသြင္းေပးမွာ ျဖစ္တ့ဲအတြက္ ေတာ္ေတာ္ ဟန္က်ပါတယ္။

ကုမၸဏီက အဲဒီ နည္းပညာကို V2X လို႔ နာမည္ေပးထားၿပီး အီလက္ထရစ္ကားေတြ လွ်င္ျမန္လြယ္ကူစြာ အားသြင္းႏုိင္ဖို႔ ဖန္တီးထားပါတယ္။ ပါကင္မွာ ကားထားၿပီးတာနဲ႔ ယာဥ္ေမာင္းက စမတ္ဖုန္း App ဒါမွမဟုတ္ ကားရဲ႕ Touchscreen ကေန အားသြင္းစက္ရုပ္ကို ဆင့္ေခၚရမွာပါ။ စက္ရုပ္က ကား တည္ေနရာနဲ႔ အားသြင္းေပးရမယ့္ ပမာဏကို သိနားလည္ပါတယ္။ အဲဒီေနာက္မွာ စက္ရုပ္က Mobile Charger ၁ ခုကို ကားရွိရာသို႔ ဆြဲလာၿပီး အားသြင္းေပါက္အား ဖြင့္ေပးဖို႔ ကားကို ခုိင္းေစမွာပါ။ စက္ရုပ္က အားသြင္းႀကိဳးကို အားသြင္းေပါက္မွာ တပ္ဆင္ၿပီးတာနဲ႔ သူ႔ရဲ႕ မူလ ေနရာကို ျပန္သြားမွာပါ။ အားသြင္းၿပီးတာနဲ႔ စက္ရုပ္က Mobile Charger ကို မူလေနရာကို ျပန္ဆြဲသြားမွာပါ။

အဲဒီ နည္းပညာမွာ လူသားရဲ႕ အကူအညီ လံုး၀ မလိုအပ္ပါဘူး။ စက္ရုပ္မွာ ကင္မရာ၊ ေလဆာ စကင္နာနဲ႔ Ultrasonic Sensors ေတြ ထည့္သြင္းထားၿပီး အလိုအေလွ်ာက္ အလုပ္လုပ္ႏိုင္ပါတယ္။ ကားပါကင္ထဲမွာ တျခား ကားေတြကို မတိုက္မိဘဲ ေမာင္းႏွင္ႏိုင္ပါတယ္။ Mobile Charger မွာ 25 kilowatt-hours ပါၿပီး 50 kilowatts အထိ လွ်င္ျမန္စြာ အားသြင္းေပးႏုိင္ပါတယ္။

အားသြင္းေပးတဲ့ စက္ရုပ္ေတြဟာ လူသားေတြကို ေတာ္ေတာ္ အက်ိဳးျပဳမွာပါ။ ယာဥ္ေမာင္းက ကားပါကင္မွာ အားသြင္း စက္ကို လိုက္ရွာစရာ မလိုေတာ့ပါဘူး။ ဒါ့အျပင္ Volkswagen က တည္ေဆာက္ၿပီးသား အေဆာက္အဦးေတြမွာ အားသြင္းစက္ေတြ တပ္ဆင္တာထက္ စက္ရုပ္ေတြကို သံုးတာက ကုန္က်စားရိတ္ ပိုသက္သာတယ္လို႔ ေျပာပါတယ္။ ကုမၸဏီက ဒီနည္းပညာကို ဖန္တီးေနဆဲ ျဖစ္ၿပီး လက္ေတြ႕စမ္းသပ္မႈေတြ ျပဳလုပ္မယ့္ အခ်ိန္ကို မေျပာေသးပါဘူး။

Ref : digitaltrends