Unicode

အခုနောက်ပိုင်းမှာ မော်တော်ကားထုတ်လုပ်သူအများအပြားက ပုံမှန်လောင်စာဆီသုံးကားတွေအပြင် Electric ကားတွေကိုပါ ထုတ်လုပ်ဖို့ ဆိုင်းပြင်နေကြတာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင်လည်း နာမည်ကြီး ဂျာမနီနိုင်ငံကားထုတ်လုပ်သူဖြစ်တဲ့ Volkswagen ကနေ အခု Electric ကားတွေနဲ့ ပတ်သတ်တဲ့သတင်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ သတင်းကတော့ Volkswagen ကနေ လာမယ့် ၂၀၂၃ နှစ်ကုန်မှာ Electric ကားပေါင်း ၁ သန်းခန့် ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုပမာဏက ယခင်တုန်းက ခန့်မှန်ထားတဲ့ ၂၀၂၅ ခုနှစ်ထက် ၂ နှစ်ပိုစောနေတာလည်းဖြစ်ပါတယ်။

အဲ့ဒီအတွက် Volkswagen ကနေ လာမယ့် ၂၀၂၅ ခုနှစ်ကြရင် Electric ကားပေါင်း ၁သန်းခွဲခန့် ထုတ်လုပ်သွားမယ်လို့ ပြောင်းလဲပြောကြားခဲ့ပါတယ်။ ဒီပမာဏက Volkswagen လိုမျိုး ကုမ္ပဏီအတွက်တော့ များပြားတဲ့ပမာဏလို့ ပြောလို့ရပါတယ်။

လောလောဆယ်မှာ အခု Electric ကားတွေကို ID.3 Model နဲ့အဓိကရောင်းချသွားမှာဖြစ်ပြီးတော့ အဆိုပါကားတွေဟာ Basic Version ကို ဒေါ်လာ ၃ သောင်းအောက်နဲ့ရရှိနိုင်မှာဖြစ်တဲ့အပြင် Mid နဲ့ Long Range Version တွေအနေနဲ့ပါ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Engadget

Zawgyi

အခုေနာက္ပိုင္းမွာ ေမာ္ေတာ္ကားထုတ္လုပ္သူအမ်ားအျပားက ပုံမွန္ေလာင္စာဆီသုံးကားေတြအျပင္ Electric ကားေတြကိုပါ ထုတ္လုပ္ဖို႔ ဆိုင္းျပင္ေနၾကတာျဖစ္ပါတယ္။ အခုအခ်ိန္မွာဆိုရင္လည္း နာမည္ႀကီး ဂ်ာမနီႏိုင္ငံကားထုတ္လုပ္သူျဖစ္တဲ့ Volkswagen ကေန အခု Electric ကားေတြနဲ႔ ပတ္သတ္တဲ့သတင္းတစ္ခုကို ထုတ္ျပန္လိုက္ပါတယ္။

အဆိုပါ သတင္းကေတာ့ Volkswagen ကေန လာမယ့္ ၂၀၂၃ ႏွစ္ကုန္မွာ Electric ကားေပါင္း ၁ သန္းခန္႔ ထုတ္လုပ္သြားမယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ အခုပမာဏက ယခင္တုန္းက ခန္႔မွန္ထားတဲ့ ၂၀၂၅ ခုႏွစ္ထက္ ၂ ႏွစ္ပိုေစာေနတာလည္းျဖစ္ပါတယ္။

အဲ့ဒီအတြက္ Volkswagen ကေန လာမယ့္ ၂၀၂၅ ခုႏွစ္ၾကရင္ Electric ကားေပါင္း ၁သန္းခြဲခန္႔ ထုတ္လုပ္သြားမယ္လို႔ ေျပာင္းလဲေျပာၾကားခဲ့ပါတယ္။ ဒီပမာဏက Volkswagen လိုမ်ိဳး ကုမၸဏီအတြက္ေတာ့ မ်ားျပားတဲ့ပမာဏလို႔ ေျပာလို႔ရပါတယ္။

ေလာေလာဆယ္မွာ အခု Electric ကားေတြကို ID.3 Model နဲ႔အဓိကေရာင္းခ်သြားမွာျဖစ္ၿပီးေတာ့ အဆိုပါကားေတြဟာ Basic Version ကို ေဒၚလာ ၃ ေသာင္းေအာက္နဲ႔ရရွိႏိုင္မွာျဖစ္တဲ့အျပင္ Mid နဲ႔ Long Range Version ေတြအေနနဲ႔ပါ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

Ref – Engadget