[Zawgyi]

The Information ကေန ေဖာ္ျပလာတဲ့ သတင္းအရ Apple iPhone ေတြမွာ ထည့္သြင္းေပးဖို႔လုပ္ထားတဲ့ “Walkie-Talkie” feature စီမံကိန္းကို ရပ္တန႔္လိုက္ၿပီလို႔ သိရပါတယ္။ ဒီ Feature ဟာ ဆယ္လူလာ ကြန္ရက္မရွိဘဲနဲ႔ iPhone ႏွစ္လုံးကို ဆက္သြယ္ႏိုင္မယ့္ လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။

Apple ဟာ ဒီစီမံကိန္းကို Intel နဲ႔အတူ ပူးေပါင္းလုပ္ေဆာင္ခဲ့တာပါ။ ဆယ္လူလာကြန္ရက္ မရွိတဲ့ဧရိယာေတြမွာ Long-distance ေရဒီယိုလႈိင္းကို အသုံးခ်ၿပီး iPhone ႏွစ္လုံးဟာ အျပန္အလွန္စာတိုပို႔လႊတ္ၿပီး ဆက္သြယ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီနည္းပညာဟာ “Walkie-Talkie” လိုမ်ိဳးပဲ ျဖစ္ေပမယ့္ အသံထုတ္လႊတ္ျခင္း၊ ဖမ္းယူျခင္းျပဳလုပ္လို႔မရဘဲ စာတိုကိုပဲ ပို႔ေဆာင္ျခင္း၊ လက္ခံျခင္း ျပဳလုပ္လို႔ရတာ ျဖစ္ပါတယ္။

ဒီစနစ္ဟာ ေရဒီယို ႀကိမ္ႏႈန္း 900MHz ေက်ာ္မွာ အလုပ္လုပ္တာျဖစ္ၿပီး၊ ေရနံ၊ သဘာဝဓါတ္ေငြ႕ထုတ္လုပ္ျခင္း လုပ္ငန္းခြင္လို ေနရာမ်ိဳးမွာ အေတာ္ကို အသုံးတည့္တာလည္း ျဖစ္ပါတယ္။ ကနဦးတုန္းကေတာ့ 2019 iPhone ေတြထဲမွာ ဒီနည္းပညာသုံးႏိုင္တဲ့ Intel cellular modems ေတြကို ေတြ႕ရွိခဲ့ရတယ္လို႔ သတင္းထြက္ေပၚခဲ့ပါေသးတယ္။ ဒါေပမယ့္ Intel နဲ႔ Apple ရဲ႕ လက္ရွိအေျခအေနေၾကာင့္ ေနာက္ဆက္တြဲသတင္းေတာ့ ထြက္မလာခဲ့ပါဘူး။

Apple အေနနဲ႔ “Walkie-Talkie” feature ထည့္သြင္းမယ့္လုပ္ငန္းကို ရပ္တန႔္ရတဲ့ အေၾကာင္းရင္းဟာ Qualcomm Modem ေတြကို တခါျပန္ၿပီး အသုံးျပဳမွာျဖစ္တဲ့အတြက္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ Apple အေနနဲ႔ ကိုယ္ပိုင္ Modem ထုတ္ႏိုင္ခ်ိန္မွသာ ဒီ Feature ကို ျပန္လည္ထည့္သြင္းလာဖြယ္ ရွိပါတယ္။ Apple ရဲ႕ ကိုယ္ပိုင္ဒီဇိုင္းနဲ႔ Modem ေတြကေတာ့ ၂၀၂၅ မတိုင္မီအထိ အသုံးျပဳႏိုင္ဖြယ္ မရွိေသးဘူးလို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

iPhone တွေမှာ “Walkie-Talkie” Feature ထည့်သွင်းမယ့် စီမံကိန်း ရပ်တန့်လိုက်ကြောင်း သတင်းထွက်ပေါ်လာ

The Information ကနေ ဖော်ပြလာတဲ့ သတင်းအရ Apple iPhone တွေမှာ ထည့်သွင်းပေးဖို့လုပ်ထားတဲ့ “Walkie-Talkie” feature စီမံကိန်းကို ရပ်တန့်လိုက်ပြီလို့ သိရပါတယ်။ ဒီ Feature ဟာ ဆယ်လူလာ ကွန်ရက်မရှိဘဲနဲ့ iPhone နှစ်လုံးကို ဆက်သွယ်နိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

Apple ဟာ ဒီစီမံကိန်းကို Intel နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ဆယ်လူလာကွန်ရက် မရှိတဲ့ဧရိယာတွေမှာ Long-distance ရေဒီယိုလှိုင်းကို အသုံးချပြီး iPhone နှစ်လုံးဟာ အပြန်အလှန်စာတိုပို့လွှတ်ပြီး ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ “Walkie-Talkie” လိုမျိုးပဲ ဖြစ်ပေမယ့် အသံထုတ်လွှတ်ခြင်း၊ ဖမ်းယူခြင်းပြုလုပ်လို့မရဘဲ စာတိုကိုပဲ ပို့ဆောင်ခြင်း၊ လက်ခံခြင်း ပြုလုပ်လို့ရတာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ ရေဒီယို ကြိမ်နှုန်း 900MHz ကျော်မှာ အလုပ်လုပ်တာဖြစ်ပြီး၊ ရေနံ၊ သဘာဝဓါတ်ငွေ့ထုတ်လုပ်ခြင်း လုပ်ငန်းခွင်လို နေရာမျိုးမှာ အတော်ကို အသုံးတည့်တာလည်း ဖြစ်ပါတယ်။ ကနဦးတုန်းကတော့ 2019 iPhone တွေထဲမှာ ဒီနည်းပညာသုံးနိုင်တဲ့ Intel cellular modems တွေကို တွေ့ရှိခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် Intel နဲ့ Apple ရဲ့ လက်ရှိအခြေအနေကြောင့် နောက်ဆက်တွဲသတင်းတော့ ထွက်မလာခဲ့ပါဘူး။

Apple အနေနဲ့ “Walkie-Talkie” feature ထည့်သွင်းမယ့်လုပ်ငန်းကို ရပ်တန့်ရတဲ့ အကြောင်းရင်းဟာ Qualcomm Modem တွေကို တခါပြန်ပြီး အသုံးပြုမှာဖြစ်တဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Apple အနေနဲ့ ကိုယ်ပိုင် Modem ထုတ်နိုင်ချိန်မှသာ ဒီ Feature ကို ပြန်လည်ထည့်သွင်းလာဖွယ် ရှိပါတယ်။ Apple ရဲ့ ကိုယ်ပိုင်ဒီဇိုင်းနဲ့ Modem တွေကတော့ ၂၀၂၅ မတိုင်မီအထိ အသုံးပြုနိုင်ဖွယ် မရှိသေးဘူးလို့ သိရပါတယ်။

Ref: Phone Arena