University of Stuttgart မှ ကျောင်းသား အဖွဲ့ ၁ ဖွဲ့က တီထွင်ထားတဲ့ ပြိုင်ကားလေးဟာ အမြန်ဆုံး အရှိန်တင်နိုင်တဲ့ လျှပ်စစ်ကား အဖြစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။

GreenTeam Uni Stuttgart ဟာ ၁.၄၆၁ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၁၀၀ ကီလိုမီတာ (၆၂ မိုင်) အထိ အရှိန်မြှင့်နိုင်ပြီး Guinness ရဲ့ ကမ္ဘာမှာ အမြန်ဆုံး အရှိန်မြှင့်နိုင်တဲ့ လျှပ်စစ်ကား အဖြစ် မှတ်တမ်းတင်ခြင်း ခံလိုက်ရပါတယ်။

EV Race Car Sets 0-62 mph World Record (100 km/h) In 1.513 Seconds (w/videos)

၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အဲဒီ အဖွဲ့ဟာ ဆယ်စုနှစ် ၁ ခုကြာ အဲဒီ လျှပ်စစ်ကားကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကားဟာ ဘီး ၄ ဘီးစလုံး မောင်းနှင်နိုင်ပြီး ကာဘွန်ဖိုက်ဘာနဲ့ အများစု တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူတို့ဟာ မော်တာတွေ၊ ဘက်ထရီနဲ့ 3D-printed Hubs တွေကို ကိုယ်တိုင် ထုတ်လုပ်ခဲ့တာလို့ Website မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ စံချိန်တင်သွားတဲ့အပြင် အဲဒီကားဟာ 2020/2021 Formula Student Season အတွင်း ဥရောပက ပြိုင်ပွဲတွေမှာ ဆု ၂ ခု ရခဲ့ပြီး အဲဒီ Series မှာ ပထမနေရာကို ရခဲ့ပါတယ်။

အရင်ကတော့ အမြန်ဆုံး အရှိန်မြှင့်တင်နိုင်တဲ့ ကားဟာ Tesla Model S Plaid ဖြစ်ပြီး ကုမ္ပဏီက ၂ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၆၀ မိုင် အရှိန်မြှင့်တင်နိုင်တယ်လို့ ပြောပါတယ်။

Ref : roadandtrack