Alphabet ပိုင်တဲ့ Waymo က မောင်းသူမဲ့ ကားတွေနဲ့ လူနေထူထပ်တဲ့ ဧရိယာတွေမှာ ခရီးသည်တွေ တိုးချဲ့ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို စတင်ပြီး ၅ လအကြာမှာ Phoenix မြို့လယ်မှာ အဲဒီ ဝန်ဆောင်မှုကို ပြုလုပ်ပေးလိုက်ပါတယ်။

Waymo opens-up data treasure trove for autonomous vehicles - Telecoms.com

Waymo ဟာ ၂၀၁၇ ခုနှစ် အစောပိုင်းကတည်းက Chandler, Mesa, Tempe နဲ့ Gilbert အပါအဝင် Phoenix အပြင်ဘက်က ဆင်ခြေဖုံးမြို့တွေမှာ မောင်းသူမဲ့ ကားတွေကို စမ်းသပ်ခဲ့တာပါ။ ဒါ့အပြင် အခကြေးငွေ ရယူပြီး မောင်းသူမဲ့ ကားတွေနဲ့ ခရီးသည်တွေ ပို့ဆောင်ပေးတဲ့ Waymo One ဝန်ဆောင်မှုကိုလည်း ပြုလုပ်ပေးထားပါတယ်။ အဲဒီ ဝန်ဆောင်မှုမှာ လိုက်ပါစောင့်ကြည့်တဲ့ ယာဉ်မောင်း ပါသလို မပါတာတွေလည်း ရှိပါတယ်။ ကုမ္ပဏီက အဲဒီ ဝန်ဆောင်မှုကို ဒီနှစ် အစောပိုင်းက Phoenix မြို့လယ်ထဲကိုပါ တိုးချဲ့ခဲ့ပါတယ်။

Waymo builds big lead in self-driving car testing | Financial Times

ကုမ္ပဏီဟာ Phoenix ဆင်ခြေဖုံးမှာ မောင်းသူမဲ့ကားတွေကို စမ်းသပ်စီးချင်တဲ့ လူတွေအတွက် Trusted Tester Program ကို အရင်နှစ်က ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီမှာ ပါဝင်ထားသူတွေဟာ အခုတော့ Phoenix မြို့လယ်မှာ Waymo ရဲ့ မောင်းသူမဲ့ ကားတွေကို စီးနိုင်ပြီ ဖြစ်ပါတယ်။

အဲဒီ ဝန်ဆောင်မှုကို အစောဆုံး စီးနိုင်ခဲ့တဲ့ လူတွေထဲက ၁ ယောက်က Phoenix မြို့တော်ဝန် Kate Gallego ဖြစ်ပြီး သူမက အဲဒီ ဝန်ဆောင်မှုဟာ Phoenix အတွက် ထူးခြားတဲ့ အခွင့်အရေးကို အစောဆုံးရယူနိုင်ခဲ့တာလို့ ပြောပါတယ်။

Waymo ဟာ San Francisco နဲ့ Silicon Valley မှာ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို ပြုလုပ်ပေးဖို့ နီးနေပါပြီ။ ဒါပေမယ့် ကုမ္ပဏီက အခကြေးငွေ ယူမလား၊ မယူဘူးလား ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။

Ref : theverge