Viber နဲ့ H-Life Entertainment တို့ ပူးပေါင်းပြီး “We Are Connected” 2018 သို့ တက်ရောက်သူများအား ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် Hotline ဝန်ဆောင်မှု စတင်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

“We Are Connected” 2018 EDM ဂီတပွဲတော်သို့ တက်ရောက်သူများအား အကောင်းဆုံးအတွေ့အကြုံများ ရရှိနိုင်စေရန်အတွက် ဝေဖန်အကြုံပြုချက်များ၊ ထင်မြင်ချက်များကို Viber Hotline ဝန်ဆောင်မှုနံပါတ် 09 40 33 10008 မှ တစ်ဆင့် ဆက်သွယ်ချိတ်ဆက်ကာ ဝေမျှနိုင်ပြီ ဖြစ်ပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၅၊ ၂၀၁၈ခုနှစ် – ကမ္ဘာ့ထိပ်တန်း စာတိုပို့ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Viber ဟာ H-Life Entertainment နဲ့ ဆက်သွယ်ရေး မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုက “We are Connected” EDM ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့်ပွဲသို့ လာရောက်ကြတယ့် ပရိတ်သတ်များအား မိမိတို့ရဲ့ အကြံပေးချက်များကို Hotline မှတဆင့် သတင်းပေးနိုင်ရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ “We are Connected” EDM ဂီတပွဲတော်တွင် နိုင်ငံတကာမှ Alan Walker ၊ Don Diablo၊ Cash Cash၊ Sander Von Doorn အပြင် အခြားသော EDM အနုပညာရှင်များလည်း ဝင်ရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အဆိုပါ Hotline ဝန်ဆောင်မှုမျိုးကို Viber က အက်ပလီကေးရှင်း ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးဆောင်ရွက်ခြင်းဖြစ်ပါတယ်။

Hotline ဝန်ဆောင်မှုက Viber အက်ပလီကေးရှင်းတစ်ခုတည်းတွင်သာ သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပြီး EDM ပွဲကို စိတ်ဝင်စားကြသူများအနေနဲ့ ပွဲအကြောင်းအရာနဲ့ပတ်သက်ပြီး ဝေဖန်အကြံပြုချက်များ၊ ထင်မြင်ချက်များနဲ့ ပတ်သက်ပြီး သတင်းပေးပို့နိုင်မှာ ဖြစ်ပါတယ်။ Viber အနေနဲ့ H-Life Entertainment အား ဗျူဟာမြောက်မိတ်ဖက် အဖွဲ့အစည်းအနေဖြင့် စတင်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်မှုဟာ ကနဦးကတိကဝတ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ EDM နဲ့ လူငယ်ဘဝပျော်ရွှင်ဖွယ်ရာ ပွဲများတွင် ပိုမိုပါဝင်လာစေနိုင်ရန် ဖြစ်ပါတယ်။

Viber ရဲ့ အရှေ့တောင်အာရှဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်အကြီးအကဲဖြစ်သူ Anubhav Nayyar က “စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီEDM ဂီတပွဲတော်မှာ Viber အနေနဲ့တစ်မှုထူးခြားတဲ့ ဝန်ဆောင်မှုမျိုးပေးပြီး ပါဝင်ခွင့်ရတာ အရမ်းကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ H-Life Entertainment နဲ့ပူးပေါင်းမှုဟာ မြန်မာနိုင်ငံမှ Viber အသုံးပြုသူများကို အကျိုးဖြစ်ထွန်းစေမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

Viber ဟာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ခရီးစဉ်တွင် အတူတကွ ပါဝင်မောင်းနှင်လျက်ရှိတဲ့ ယန္တရားတစ်ခုအဖြစ် ရပ်တည်လျက် ရှိပါတယ်။ မြန်မာနိုင်ငံတွင်းသို့ ပထမဆုံးဝင်ရောက်ခဲ့တယ့် စာတိုပို့အက်ပလီကေးရှင်းဖြစ်တာနဲ့အညီ အသုံးပြုသူပေါင်း ၄၆ သန်းကျော်ဖြင့် Viber က မြန်မာနိုင်ငံသားများရဲ့ယုံကြည်မှုကိုရရှိထားပြီး ဖြစ်ပါတယ်။ အဆိုပါ အချက်ကြောင့် Viber အား ပွဲသွားရောက်သူများရဲ့အသံများကို ပြန်လည်နားထောင်တဲ့ နေရာမှာ အသုံးချရန် ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“ဒီ Hotline နံပါတ်ကနေ တစ်ဆင့် ကျွန်တော်တို့ပွဲကို လာကြမယ့်သူတွေဆီက အကြံပြုချက်တွေ၊ ပွဲမှာဘယ်လိုမျိုးပုံစံ မြင်ချင်တယ်ဆိုတာတွေ နားထောင်ပေးနိုင်မှာ ဖြစ်ပါတယ်။” လို့ H-Life Entertainment ရဲ့ Co-founder နဲ့ Creative Director ဖြစ်သူ ကိုကောင်းဆက်က ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး “ရှေ့လာမယ့် ပွဲတွေကို ပိုမိုကောင်းမွန် လာစေဖို့ ပရိသတ်ရဲ့ ဝေဖန်အကြုံပြုချက်တွေ၊ ထင်မြင်ချက်တွေ လက်ခံရရှိနိုင်အောင် ဒီ Hotline နံပါတ်ကိုဆက်လက်ထားရှိ ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရပြီး ပွဲတွေကို စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဖြစ်အောင် Viber နဲ့ အတူတူ လက်တွဲ ဆောင်ရွက်ရတဲ့အတွက်ဝမ်းသာပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

ယခင်ကျင်းပခဲ့တဲ့ပွဲမှာ ပရိတ်သတ်ထောင်ပေါင်းများစွာ လာရောက်အားပေးခဲ့တဲ့အတွက် လာမယ့်စက်တင်ဘာ ၁၅ ရက်နေ့၊ ရန်ကုန်မြို့ရှိ Thuwannabhumi Event Park တွင် ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ‘We Are Connected’ festival ဟာ EDM ပရိသတ်များအတွက် လက်လွှတ်မခံသင့်တယ့် ပွဲတော်ဖြစ်လာစေရန်မျှော်လင့်ထားပါတယ်။ အဆိုပါပွဲရဲ့ အောင်မြင်မှုနဲ့အတူ မြန်မာပြည်တွင် EDM ပရိသတ်များ ပိုမိုများပြားလာတာနဲ့အမျှ H-Life အနေဖြင့် ယခုနှစ်ပွဲကိုလည်း ယခင်နှစ်က ကျင်းပခဲ့သည့်ပွဲထက် ပိုမိုကြီးကျယ်ခမ်းနားမည်ဟု မျှော်လင့်ထားပါတယ်။