Unicode

ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ မြန်မာကိုယ်စားပြု Veteran အသင်းဟာ WESG SEA Finals ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပြီး တစ်ကမာ္ဘလုံးက Dota 2 ထိပ်သီးကစားသမားများနဲ့ ယှဉ်ပြိုင်ကစားဖို့ ခြေတစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။

ဒီကနေ မကာအိုမှာ ကျင်းပမယ့် WESG APAC Finals ပြိုင်ပွဲကို တက်ရောက်ခွင့်ရရှိခဲ့ပြီး အနိုင်ရခဲ့ရင်တော့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် WESG World Finals ကိုသွားရောက်ယှဉ်ပြိုင်ရမှာပါ။ ယခင်နှစ်ကလည်း WESG SEA ပွဲမှာ တတိယရခဲ့တာကြောင့် WESG ပွဲစဉ်ကြီးကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပါသေးတယ်။

ဒါပေမယ့် ယနေ့မှာ သတင်းဆိုးတစ်ခုထွက်ပေါ်လာခဲ့ပြီး WESG APAC Finals ပွဲစီစဉ်သူတွေက လက်ရှိ တရုတ်နိုင်ငံ၊ ဝူဟန်ဒေသမှ စတင်ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးကပ်ရောဂါကြောင့် Public ကျင်းပမယ့် ဒီပြိုင်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း မနေ့ကပဲ ကြေညာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်လို့ အမည်ပေးထားတဲ့ ရောဂါဟာ ကပ်ရောဂါဘေးအဆင့်ကို ရောက်ရှိလာပြီး နိုင်ငံတကာအဆင့်ရောက်ရှိလာမယ့် ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးဖို့ WESG APAC Finals ပွဲစဉ်တွေကို ဖျက်သိမ်းလိုက်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

ဒါဟာ ရှောင်လွှဲမရတဲ့ ကံဆိုးခြင်းတစ်ခုဖြစ်ပေမယ့် APAC Final ပွဲကို ရွှေ့ဆိုင်းတာ ဒါနဲ့ဆို နှစ်ခါရှိပါပြီ။ မူလက အခုနှစ်စမှာ မလေးရှားနိုင်ငံအတွင်း ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ပျက်ပြယ်ခဲ့ရပြီး ဖေဖော်ဝါရီလမှ မကာအိုမှာ ကျင်းပမယ်ဆိုပြီး စီစဉ်ခဲ့တာပါ။ ဒါပမယ့် မမျှော်လင့်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရန်ကြောင့် ဒီတစ်ခါလည်း အစီအစဉ်ပျက်ခဲ့ရပြန်ပါတယ်။

WESG ပွဲစဉ်ဟာ Dota 2, CSGO စတဲ့ Esports အမျိုးအစားတွေကို နိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်လာတဲ့ ကစားသမားတွေက ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ WESG APAC ပွဲကို ဘယ်တော့ပြန်ကျင်းပမလဲ ဆိုတာကို မကြာခင် ထပ်ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref – AFK Gaming

Zawgyi

ၿပီးခဲ့တဲ့ ၂၀၁၉ ႏွစ္ကုန္ပုိင္းမွာ ျမန္မာကိုယ္စားျပဳ Veteran အသင္းဟာ WESG SEA Finals ၿပိဳင္ပြဲမွာ တတိယဆု ရရွိခဲ့ၿပီး တစ္ကမာၻလုံးက Dota 2 ထိပ္သီးကစားသမားမ်ားနဲ႔ ယွဥ္ၿပိဳင္ကစားဖုိ႔ ေျခတစ္လွမ္းတုိးႏုိင္ခဲ့ပါတယ္။

ဒီကေန မကာအုိမွာ က်င္းပမယ့္ WESG APAC Finals ၿပိဳင္ပြဲကို တက္ေရာက္ခြင့္ရရွိခဲ့ၿပီး အႏုိင္ရခဲ့ရင္ေတာ့ တရုတ္ႏုိင္ငံမွာ က်င္းပမယ့္ WESG World Finals ကိုသြားေရာက္ယွဥ္ၿပိဳင္ရမွာပါ။ ယခင္ႏွစ္ကလည္း WESG SEA ပြဲမွာ တတိယရခဲ့တာေၾကာင့္ WESG ပြဲစဥ္ႀကီးကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးပါေသးတယ္။

ဒါေပမယ့္ ယေန႔မွာ သတင္းဆုိးတစ္ခုထြက္ေပၚလာခဲ့ၿပီး WESG APAC Finals ပြဲစီစဥ္သူေတြက လက္ရွိ တရုတ္ႏုိင္ငံ၊ ဝူဟန္ေဒသမွ စတင္ျပန္႔ပြားေနတဲ့ ဗုိင္းရပ္စ္ပုိးကပ္ေရာဂါေၾကာင့္ Public က်င္းပမယ့္ ဒီၿပိဳင္ပြဲကို ဖ်က္သိမ္းလိုက္ေၾကာင္း မေန႔ကပဲ ေၾကညာခဲ့ပါတယ္။

ကုိရုိနာဗုိင္းရပ္စ္လို႔ အမည္ေပးထားတဲ့ ေရာဂါဟာ ကပ္ေရာဂါေဘးအဆင့္ကို ေရာက္ရွိလာၿပီး ႏုိင္ငံတကာအဆင့္ေရာက္ရွိလာမယ့္ ေရာဂါျပန္႔ပြားမႈကို ကာကြယ္တားဆီးဖို႔ WESG APAC Finals ပြဲစဥ္ေတြကို ဖ်က္သိမ္းလိုက္တယ္လို႔ ပြဲစီစဥ္သူေတြက ဆုိပါတယ္။

ဒါဟာ ေရွာင္လႊဲမရတဲ့ ကံဆုိးျခင္းတစ္ခုျဖစ္ေပမယ့္ APAC Final ပြဲကို ေရႊ႕ဆုိင္းတာ ဒါနဲ႔ဆုိ ႏွစ္ခါရွိပါၿပီ။ မူလက အခုႏွစ္စမွာ မေလးရွားႏုိင္ငံအတြင္း က်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ ပ်က္ျပယ္ခဲ့ရၿပီး ေဖေဖာ္ဝါရီလမွ မကာအုိမွာ က်င္းပမယ္ဆုိၿပီး စီစဥ္ခဲ့တာပါ။ ဒါပမယ့္ မေမွ်ာ္လင့္ထားတဲ့ ကိုရုိနာဗုိင္းရပ္စ္ရန္ေၾကာင့္ ဒီတစ္ခါလည္း အစီအစဥ္ပ်က္ခဲ့ရျပန္ပါတယ္။

WESG ပြဲစဥ္ဟာ Dota 2, CSGO စတဲ့ Esports အမ်ဳိးအစားေတြကို ႏုိင္ငံကုိယ္စားျပဳအေနနဲ႔ တက္ေရာက္လာတဲ့ ကစားသမားေတြက ယွဥ္ၿပိဳင္ၾကရတာ ျဖစ္ပါတယ္။ WESG APAC ပြဲကို ဘယ္ေတာ့ျပန္က်င္းပမလဲ ဆုိတာကို မၾကာခင္ ထပ္ေၾကညာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – AFK Gaming