Unicode

မြန်မာနိုင်ငံမှ Dota2 အသင်းဖြစ်တဲ့ Team Veteran ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က ကျင်းပခဲ့တဲ့ WESG SEA Finals မှာ တတိယနေရာကို ရရှိခဲ့တာကြောင့် တစ်ကမ္ဘာလုံးမှ နိုင်ငံကိုယ်စားပြုအနေနဲ့ လာရောက်ယှဉ်ပြိုင်ကြမယ့် WESG Dota 2 ပြိုင်ပွဲကို သွားရောက်ဖို့ ခြေတစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ချုံကင်းမြို့မှာကျင်းပမယ့် ကမ္ဘာ့အဆင့် WESG Finals ကိုတက်ရောက်ဖို့အတွက် APAC Finals လို့ ခေါ်တဲ့ ဒုတိယအဆင့် ဒေသတွင်းလက်ရေစစ်ပွဲကို ဝင်ရောက်ရမှာဖြစ်ပြီး APAC Finals ကို အစက မလေးရှားနိုင်ငံမှာပဲ ဇန်နဝါရီလဆန်းမှာ ဆော့ကစားဖို့ စီစဉ်ခဲ့ကြပေမယ့် အခက်အခဲတွေရှိခဲ့တာကြောင့် ယခုတော့ ဖေဖော်ဝါရီ ၁၆ – ၁၈ သို့ ပြောင်းလဲလိုက်သလို ယှဉ်ပြိုင်ရမယ့်နေရာကိုလည်း မကာအိုသို့ ပြောင်းရွှေ့လိုက်ပါတယ်။

ဒီအတွက် WESG ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေက တောင်းပန်ခဲ့ကြပြီး မြန်မာကိုယ်စားပြု Team Veteran ကို အားပေးမယ့်သူတွေလည်း တစ်လခန့် နောက်ဆုတ်ပြီးမှ ကြည့်ရှုအားပေးနိုင်တော့မှာပါ။ ပထမတစ်ခါ WESG SEA Finals အဆင့်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသာ အဓိကပါဝင်ခဲ့ပေမယ့် ဒီတစ်ခါ အရှေ့အလယ်ပိုင်း၊ တောင်အာရှနဲ့ တရုတ်နိုင်ငံမှ အသင်းများပါ ပါဝင်လာမှာဖြစ်တာကြောင့် ပိုပြီးခက်ခဲမှာဖြစ်ပေမယ့် မြန်မာ Esports အမည်ကို နိုင်ငံတကာမှာ အသိအမှတ်ပြုခံဖို့တော့ ကြိုးစားသွားကြမှာဖြစ်ပါတယ်။

WESG ဟာ ၂၀၁၆ က စပြီး နှစ်စဉ်ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ကာ Esports အသင်းတွေဟာ အသင်းအနေနဲ့ မယှဉ်ပြိုင်ရဘဲ နိုင်ငံတူ ကစားသမားများကိုသာ စုစည်းယှဉ်ပြိုင်ရပါတယ်။ အခုနှစ်မှာတော့ ဒီစည်းကမ်းကို ဖြေလျော့ပြီး နိုင်ငံခြားကစားသမား ၂ ဦးထိ ထည့်သွင်းကစားခွင့်ပြုလာတာကြောင့် Pro ကစားသမားဦးရေ နည်းပါးတဲ့ နိုင်ငံတွေပါ ပါဝင်လာနိုင်ပြီး ကမ္ဘာတဝန်းလုံးမှာ ဒေသဇုံပေါင်းများစွာကနေ ကျင်းပခဲ့တဲ့ လက်ရည်စစ်ပွဲတွေက အနိုင်ရအသင်းတွေသာ တက်ရောက်လာတဲ့အတွက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲလို အလားသဏ္ဍာန်တူပါတယ်။

မြန်မာကိုယ်စားပြု Team Veteran မှာ မြန်မာကစားသမားငါးယောက်ဖြစ်တဲ့ Leo, Insane, ShowT, Rap Rap, Kenji တို့ ပါဝင်မှာဖြစ်ကာ APAC Finals ရဲ့ ထိပ်ဆုံးသုံးသင်းကသာ တရုတ်နိုင်ငံက WESG World Finals ကို သွားရောက်နိုင်မှာဖြစ်ပါတယ်။

Zawgyi

ျမန္မာႏုိင္ငံမွ Dota2 အသင္းျဖစ္တဲ့ Team Veteran ဟာ ၿပီးခဲ့တဲ့ ေအာက္တုိဘာလကုန္က က်င္းပခဲ့တဲ့ WESG SEA Finals မွာ တတိယေနရာကို ရရွိခဲ့တာေၾကာင့္ တစ္ကမာၻလုံးမွ ႏုိင္ငံကိုယ္စားျပဳအေနနဲ႔ လာေရာက္ယွဥ္ၿပိဳင္ၾကမယ့္ WESG Dota 2 ၿပိဳင္ပြဲကို သြားေရာက္ဖို႔ ေျခတစ္လွမ္းတုိးႏုိင္ခဲ့ပါတယ္။

တရုတ္ႏုိင္ငံ ခ်ဳံကင္းၿမိဳ႕မွာက်င္းပမယ့္ ကမာၻ႕အဆင့္ WESG Finals ကိုတက္ေရာက္ဖို႔အတြက္ APAC Finals လို႔ ေခၚတဲ့ ဒုတိယအဆင့္ ေဒသတြင္းလက္ေရစစ္ပြဲကို ဝင္ေရာက္ရမွာျဖစ္ၿပီး APAC Finals ကို အစက မေလးရွားႏုိင္ငံမွာပဲ ဇန္နဝါရီလဆန္းမွာ ေဆာ့ကစားဖို႔ စီစဥ္ခဲ့ၾကေပမယ့္ အခက္အခဲေတြရွိခဲ့တာေၾကာင့္ ယခုေတာ့ ေဖေဖာ္ဝါရီ ၁၆ – ၁၈ သို႔ ေျပာင္းလဲလိုက္သလို ယွဥ္ၿပိဳင္ရမယ့္ေနရာကိုလည္း မကာအုိသုိ႔ ေျပာင္းေရႊ႕လိုက္ပါတယ္။

ဒီအတြက္ WESG ၿပိဳင္ပြဲက်င္းပေရးတာဝန္ရွိသူေတြက ေတာင္းပန္ခဲ့ၾကၿပီး ျမန္မာကိုယ္စားျပဳ Team Veteran ကို အားေပးမယ့္သူေတြလည္း တစ္လခန္႔ ေနာက္ဆုတ္ၿပီးမွ ၾကည့္ရႈအားေပးႏုိင္ေတာ့မွာပါ။ ပထမတစ္ခါ WESG SEA Finals အဆင့္မွာ အာဆီယံအဖြဲ႕ဝင္ႏုိင္ငံေတြသာ အဓိကပါဝင္ခဲ့ေပမယ့္ ဒီတစ္ခါ အေရွ႕အလယ္ပုိင္း၊ ေတာင္အာရွနဲ႔ တရုတ္ႏုိင္ငံမွ အသင္းမ်ားပါ ပါဝင္လာမွာျဖစ္တာေၾကာင့္ ပိုၿပီးခက္ခဲမွာျဖစ္ေပမယ့္ ျမန္မာ Esports အမည္ကို ႏုိင္ငံတကာမွာ အသိအမွတ္ျပဳခံဖို႔ေတာ့ ႀကိဳးစားသြားၾကမွာျဖစ္ပါတယ္။

WESG ဟာ ၂၀၁၆ က စၿပီး ႏွစ္စဥ္က်င္းပတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ကာ Esports အသင္းေတြဟာ အသင္းအေနနဲ႔ မယွဥ္ၿပိဳင္ရဘဲ ႏုိင္ငံတူ ကစားသမားမ်ားကိုသာ စုစည္းယွဥ္ၿပိဳင္ရပါတယ္။ အခုႏွစ္မွာေတာ့ ဒီစည္းကမ္းကို ေျဖေလ်ာ့ၿပီး ႏုိင္ငံျခားကစားသမား ၂ ဦးထိ ထည့္သြင္းကစားခြင့္ျပဳလာတာေၾကာင့္ Pro ကစားသမားဦးေရ နည္းပါးတဲ့ ႏုိင္ငံေတြပါ ပါဝင္လာႏုိင္ၿပီး ကမာၻတဝန္းလုံးမွာ ေဒသဇုံေပါင္းမ်ားစြာကေန က်င္းပခဲ့တဲ့ လက္ရည္စစ္ပြဲေတြက အႏုိင္ရအသင္းေတြသာ တက္ေရာက္လာတဲ့အတြက္ ကမာၻ႕ဖလားေဘာလုံးၿပိဳင္ပြဲလုိ အလားသ႑ာန္တူပါတယ္။

ျမန္မာကိုယ္စားျပဳ Team Veteran မွာ ျမန္မာကစားသမားငါးေယာက္ျဖစ္တဲ့ Leo, Insane, ShowT, Rap Rap, Kenji တုိ႔ ပါဝင္မွာျဖစ္ကာ APAC Finals ရဲ႕ ထိပ္ဆုံးသုံးသင္းကသာ တရုတ္ႏုိင္ငံက WESG World Finals ကုိ သြားေရာက္ႏုိင္မွာျဖစ္ပါတယ္။