Apple ကနေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေတော်တော်များများက တူညီတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ iPhone, iPad, iMac အစရှိတဲ့ Apple Product တွေရဲ့ နာမည်မှာ စာလုံးအသေးနဲ့ရေးထားတဲ့ “i” စာလုံးအသေးပါဝင်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီ “i” က ဘာကိုပြောချင်တာဖြစ်မလဲ?

Apple Product နာမည်တွေမှာပါဝင်တဲ့ “i” စာလုံးဟာ အများစုအတွက်တော့ “Internet” ကို ရည်ရွယ်တယ်ဆိုပြီးပဲ ယူဆကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ တကယ်တမ်းမှာ အမှန်တကယ်မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ 1998 ခုနှစ်တုန်းက Apple ကနေ iMac ကွန်ပျူတာကို တကမ္ဘာလုံးနဲ့ စတင်မိတ်ဆက်လိုက်တဲ့အချိန်က စတင်ပြီး Apple Product တွေမှာ “i” ဆိုတဲ့ စာလုံးပါဝင်လာတာဖြစ်ပါတယ်။ အဆိုပါ iMac ကို ထုတ်ဖော်ပြသတဲ့ ပွဲမှာ Steve Jobs ကိုယ်တိုင်က သူဟာ အဆိုပါ iMac ကွန်ပျူတာကို Customer တွေကို ကွန်ပျူတာတစ်ခုကို အသုံးပြုမယ့်ပုံစံအတိုင်းရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒါကတော့ အင်တာနက်ကို လွယ်လွယ်ကူကူနဲ့ လျှင်လျှင်မြန်မြန် အသုံးပြုဖို့ပဲဖြစ်ပါတယ်။

Steve Jobs က အဆိုပါ ပွဲမှာ iMac ဆိုတဲ့ နာမည်ကို စတင်သုံးစွဲခဲ့တာဖြစ်သလို ပွဲမှာအသုံးပြုတဲ့ Slides တွေမှာလည်း “i” နဲ့ အစချီတဲ့ စာလုံးတွေဖြစ်တဲ့ “Internet, Individual, Instruct, Inform, Inspire” စတဲ့ စာလုံးတွေ အမြောက်အများကို သုံးခဲ့တာဖြစ်ပါတယ်။

အဆိုပါ iMac ကနေ စလာခဲ့တဲ့ Apple Products တွေအရှေ့က “i” စာလုံးဟာ Apple iPhone, iPad စတဲ့ Product တွေအပြင် iTunes လိုမျိုး Software တွေမှာပါ အသုံးပြုလာခဲ့တာ အခုအချိန်ထိပဲဖြစ်ပါတယ်။