သင်ဟာ ခေတ်ပေါ်ကားတွေကို ပိုင်ဆိုင်တယ်၊ ဒါမှမဟုတ် ကားအကြောင်းစိတ်ဝင်စားတယ်ဆိုရင် Engine Control Unit ဆိုတာကို သိထားကြမှာပါ။ မသိသေးဘူးဆိုရင်လည်း Engine Control Unit (ECU) က ကားအင်ဂျင်ရဲ့ Fuel Injection ၊ Ignition Timing နဲ့ အင်ဂျင် Intake ထဲကို ဝင်ရောက်လာတဲ့ လေပမာဏကို ထိန်းညှိပေးတာတွေကို ပြုလုပ်ပေးတာဖြစ်ပါတယ်။

အခုလိုမျိုး ECU ကို စက်ရုံက ထုတ်လိုက်တဲ့အတိုင်းမဟုတ်ပဲ သီးသန့် Chip Tuning ပြန်လည်ပြုလုပ်လို့ရပါသေးတယ်။ အခုလိုမျိုး Chip Tuning ကို OBD Socket ဒါမှမဟုတ် Specical Equipment တစ်ခုခုကို အသုံးပြုပြီး Software ကနေ ပြန်ပြီး Tuning လုပ်လိုက်မယ်ဆိုရင် ကားရဲ့ Speed နဲ့ Torque က ၃၀ ရာခိုင်နှုန်းအထိ ပိုပြီး စွမ်းဆောင်ရည်တက်လာနိုင်ပါတယ်။

အခုလိုမျိုး Mcchip-dkr ကို အသုံးပြုပြီး ECU Tuning ပြုလုပ်တာက အဓိကအနေနဲ့ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေဖို့ပဲဖြစ်ပါတယ်။ အခုလိုမျိုး တိုးတက်လာတဲ့အတွက် မောင်းနှင်တဲ့အချိန်မှာ Acceleration ကပိုပြီး မြန်မြန်တက်လာစေပြီးတော့ ကိုယ့်ကားက ယခင်ထက် ပိုပြီး မြန်ဆန်တယ်ဆိုတဲ့ ခံစားမှုကို ချက်ချင်းခံစားရမှာပါ။

ဒါပေမယ့် အခုလိုမျိုး အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို တက်လာအောင်ပြုလုပ်တာက ဆီပိုစားတော့မှာပဲလို့ ထင်စရာရှိပါတယ်။ တကယ်လို့ ဆီစားမှာစိုးရိမ်တယ်ဆိုရင်လည်း Mcchip-dkr eco က သင့်ကားရဲ့ စွမ်းဆောင်ရည်ကို ပိုတိုးလာစေတဲ့အပြင် လောင်စာဆီစားသုံးမှုကိုလည်း ၁၅ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး ရလဒ်ရရှိဖို့အတွက် အင်ဂျင်ရဲ့ လည်ပတ်နှုန်းအနိမ့်ပိုင်းမှာ အင်ဂျင်ရဲ့ Torque ကို တိုးမြှင့်လိုက်ပြီး Air Intake ကိုပါ Optimize ပြုလုပ်လိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

နိဂုံးချူပ်အနေနဲ့ ပြောရရင် ကားထုတ်လုပ်သူတွေက သူတို့ရဲ့ ကားတွေရဲ့ အင်ဂျင်စွမ်းဆောင်နိုင်စွမ်းကို အစွမ်းကုန်အထိ မပြုလုပ်စေပဲ ECU ပိုင်းကို အနည်းငယ် Limit ပြုလုပ်ထားပြီး အတန်းအစားခွဲခြားထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အခုလိုမျိုး Chip Tuning နဲ့ ကိုယ့်ကားက ပေးစွမ်းနိုင်တဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝရရှိစေမှာပဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးလည်း ကိုယ့်ကားကို ဒီိလို Chip Tuning လုပ်ချင်ရင် သံလွင်လမ်းထဲက Optima Werkz Yangon မှာ လုပ်လို့ရပါတယ်။ Optima Werkz ဆိုတဲ့နာမည်နဲ့လိုက်အောင် Service ပိုင်းမှာ လုံးဝစိတ်ချရတဲ့အပြင် သူတို့ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းကလည်း ကျွမ်းတယ်ဆိုတာထက် ပိုပါတယ်။