Android User တိုင်း Custom Rom ဆိုတာကြားဖူးမှာပါ။ Custom Rom ထည့်တယ်ဆိုတဲ့စကားတွေ Unlock လုပ်တယ်ဆိုတာတွေ ကြားဖူးကြမှာပါ။

ကိုယ်တိုင်လုပ်ဖူးတဲ့သူတွေ ရှိပေမယ့် လူနည်းစုပဲရှိပါတယ်။ Custom Rom ဆိုတဲ့ အဓိပ္ပါယ်၊ သူ့ရဲ့အားသာချက်တွေနဲ့ Custom Rom အမျိုးအစားတွေကို ပြောပြပေးသွားပါမယ်။

Custom Rom ဆိုတာ ကိုယ့် Android ဖုန်းရဲ့ Stock Rom ကိုအစားထိုးမယ့် အပြင်က Android Developer တွေကနေပြီး စိတ်ကြိုက်ပြန်ပြုပြင်ထားတဲ့ Rom တွေပါ။

Custom Rom တွေကို အခြေခံအားဖြင့်သုံးမျိုးခွဲခြားနိုင်တယ်။ ပထမတစ်မျိုးက ကိုယ့်ဖုန်းရဲ့ Stock Rom ကိုပဲအခြေခံပြီး စိတ်ကြိုက် Feature တွေထပ်ဖြည့်ပြီးထုတ်ထားတာပါ။

ဥပမာ- Galaxy Note 8 ရဲ့ Samsung Experience Rom ကို Note 9 ရဲ့ Dolby Atmos နဲ့ Screen Off Memo အစရှိတဲ့ Feature တွေကို Ported (ယူသုံး) ထားတာပါ။

Sony တွေမှာလည်း နောက်ထွက်တဲ့ Device တွေက Feature တွေကို အရင်ထွက်ထားတဲ့ Device တွေမှာသုံးလို့ရအောင် ထုတ်ပေးထားပါတယ်။

ဒုတိယ တစ်မျိုးက Cross UI လို့ခေါ်တဲ့ တစ်ခြား Brand တွေရဲ့ UI ကို မတူညီတဲ့ Device တွေအတွက် ပြုလုပ်ထားတဲ့ Rom တွေပါ။ ဥပမာ Meizu ရဲ့ Flyme UI ကို Xiaomi ဖုန်းတွေပေါ်မှာတင်တာမျိုးပါ။

တတိယ တစ်မျိုးကတော့ Google ရဲ့ AOSP လို့ခေါ်တဲ့ Pure Android ပေါ်အခြေခံပြီး သက်ဆိုင်ရာ Feature တွေထပ်ဖြည့်ထားတဲ့ Rom တွေပါ။

အဲ့ဒီ Rom သုံးမျိုးမှာ ပထမတစ်မျိုးနဲ့ တတိယ တစ်မျိုးသာ လူသုံးများပြီး ဒုတိယတစ်မျိုးကတော့ တော်တော်ရှားသွားပါပြီ။

Android Developer တွေက များသောအားဖြင့် Pure Android ကိုအခြေခံတဲ့ Rom တွေကိုပိုပြုလုပ်ချင်ကြတယ်။

User တွေကလဲ Pure Android ကိုပိုကြိုက်ကြတယ်။ ဒါပေမယ့် Source Code လို့ခေါ်တဲ့ သက်ဆိုင်ရာ Device ရဲ့ ဖွဲ့စည်းထားတဲ့ အခြေခံ Code တွေကို Manufacturer တွေကထုတ်မပေးရင် Pure Android Based Rom တွေမရနို်င်ပါဘူး။ အဲ့အစား ပထမ တစ်မျိုးဖြစ်တဲ့ သက်ဆိုင်ရာ Stock Rom တွေကိုပဲ ပြန်ပြီး Modded လုပ်ရတယ်။

Custom Rom တင်ဖို့အတွက် သက်ဆိုင်ရာ Manufacturer ဆီကို Unlock Code လျောက်ရပါတယ်။ Unlock လုပ်ပြီးမှ TWRP, CWM အစရှိတဲ့ Rom တင်ဖို့အတွက် Custom Recovery တွေသွင်းနိုင်ပါတယ်။

Unlock လုပ်ရင်တော့ Warranty မရှိတော့ပါဘူး။ Relock ပြန်လုပ်လို့ရပေမယ့် Unlock လုပ်ထားတုန်း တစ်စုံတစ်ခု Error တက်ခဲ့ရင် Warranty မရနိုင်တော့ပါဘူး။

  • Feature တွေပိုစုံလာမယ်
  • Android Update တွေကို အစောဆုံးရရှိမယ်
  • အသုံးမလိုတဲ့ App တွေကို ဖြုတ်ချထားလို့ သုံးရတာ ပိုပေါ့ပါးလာမယ်
  • Battery Life ပိုကောင်းလာမယ်
  • Google Camera အစရှိတဲ့ Pixel ဖုန်းတွေရဲ့ Feature တွေရရှိနိုင်မယ်
  • Unlock လုပ်ပြီးသားဖြစ်လို့ Dolby Atmos လို အရမ်းလန်းတဲ့ Mod တွေသုံးနိုင်မယ်
  • တတိယ အမျိုးအစားဖြစ်တဲ့ Pure Android အခြေခံ Custom Rom တွေထဲမှာတော့ Lineage, DotOS, HAVOC, AOSP Extended နဲ့ Pixel Experience Rom တွေကနာမည်ကြီးပါတယ်။

    Custom Rom တော်တော်များများက Snapdragon SoC Phone တွေကိုပဲ အများဆုံး Support လုပ်ကြပါတယ်။

    ကိုယ့်ဖုန်းအတွက် Custom Rom ရှိမရှိကိုတော့ Google မှာဥပမာ- “Redmi 5 Plus XDA” အစရှိဖြင့်ရှာနိုင်ပါတယ်။ တစ်ခြား Instruction တွေ Mod တွေကိုလည်း XDA Site မှာဝင်ရောက်ရှာဖွေနိုင်ပါတယ်။