Game တစ်ခုကို Download မဆွဲခင်မှာ ကောင်းမကောင်းမသိရတော့ ဆွဲပြီးမှ ပြန်ဖျက်ရတာ တော်တော်လေးစိတ်ပျက်ဖို့ကောင်းပါတယ်။ Download လုပ်ရတာ အချိန်ကုန်သလို Data နဲ့ဆွဲတာဆိုရင် Bill လည်းကုန်ပါသေးတယ်။ အဲ့ဒီလို အဆင်မပြေမှုတွေအတွက် Google ရဲ့ ဖြေရှင်းချက်ရှိပါတယ်။

Google အနေနဲ့ အရင်က Instant Apps ဆိုတဲ့ Feature တစ်ခုကို မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ Instant Apps ဆိုတာကတော့ Play Store က App တစ်ခုခုကို Download မဆွဲပဲ စမ်းသပ်အသုံးပြုလို့ရတဲ့ Feature တစ်ခုပါ။ App တစ်ခုခုတွေလို့ စမ်းသပ်အသုံးပြုကြည့်ချင်တယ်ဆိုရင် App ကြီးတစ်ခုလုံးကို Download ဆွဲစရာမလိုတော့ပါဘူး။ စမ်းသပ်အသုံးပြုနိုင်မယ့် အပိုင်းလေးလောက်ပဲ ဖုန်းထဲကိုယာယီ Download ဆွဲလိုက်မှာဖြစ်တာကြောင့် Data ကုန်တာလည်းသက်သာသလို Download ဆွဲပြီး Install လုပ်နေတာမျိုးတွေမရှိတော့တာကြောင့် အချိန်ကုန်သက်သာပါတယ်။

အခုတော့ Google က အဲ့ဒီ Feature နည်းတူ Instant Games ဆိုတာကို Game တွေအတွက် လုပ်ပေးတော့မှာပါ။ အဲ့ဒီတော့ Game တွေကို အရင်ကလို Download လုပ်ပြီး စမ်းဆော့စရာမလိုတော့ပဲ ချက်ချင်း Play Store ထဲမှာပဲ စမ်းသပ်ဆော့ကစားနိုင်တော့မှာပါ။ Game ဆော့ဖို့ Account လုပ်ရတာ၊ Facebook နဲ့ချိတ်ခိုင်းတာ၊ Google Play Games Account ဝင်ခိုင်းတာမျိုးတွေလည်း လုပ်စရာမလိုတော့တာကြောင့် တော်တော်လေးကို အလုပ်ရှုပ်သက်သာသွားမှာပါ။

Instant Games Feature ကိုတော့ Mobile Gamer တော်တော်များများ သဘောကျမှာသေခြာပါတယ်။ Game တစ်ခုကို Download ဆွဲစရာမလိုပဲ စမ်းဆော့လို့ရမယ်ဆိုတာ တော်တော်လေးအဆင်ပြေပါတယ်။ ဒါပေမယ့် ဒီ Feature ရလာတဲ့အချိန်မှာတော့ Game အားလုံးကို စမ်းသပ်ဆော့ကြည့်လို့ရမှာမဟုတ်ပါဘူး။ အချို့ Game တွေက ဆော့ဖို့အတွက် အမှန်တစ်ကယ်လိုအပ်တဲ့ Data တွေကို Download ဆွဲမှအဆင်ပြေတာကြောင့် Instant Games က အဲ့ဒီလို Game တွေအတွက်တော့ အလုပ်လုပ်မှာမဟုတ်ပါဘူး။ Developer တွေကလည်း သူတို့ Game တွေကို အခု Feature အတွက် ကြိုတင်ထည့်ပေးထားမှ စမ်းသပ်ဆော့ကစားနိုင်မှာပါ။