Google ရဲ့ Video Streaming Service တစ်ခုဖြစ်တဲ့ YouTube ဟာ လက်ရှိအချိန်မှာ အကြီးမားဆုံး Video Streaming Service တစ်ခုဖြစ်နေပြီဖြစ်ပါတယ်။ Google ကနေ ယခင်တုန်းက အချို့သော Online Streaming အဆင်မပြေတဲ့နိုင်ငံတွေအတွက် YouTube Video တွေကို Offline အနေနဲ့ သိမ်းထားနိုင်တဲ့ Feature ကို မိတ်ဆက်ပေးခဲ့ပြီး အခုအချိန်မှာ အဆိုပါ Feature ဟာ အလွန်ကို အောင်မြင်လာပြီဖြစ်ပါတယ်။

Google က အခုလိုမျိုး YouTube Video တွေကို Download ပြုလုပ်ပြီး Offline သိမ်းထားဖို့ကို အချို့သော Video တွေကိုပဲ ခွင့်ပြုပေးထားမှာဖြစ်ပေမယ့် အခုလိုမျိုး Download ပြုလုပ်ပြီး Offline သိမ်းနိုင်တဲ့ Feature ကို နိုင်ငံပေါင်း ၁၂၅ နိုင်ငံအထိ တိုးချဲ့လိုက်ပြီပဲဖြစ်ပါတယ်။

အခု Features ဟာ YouTube Mobile Application မှာ အသုံးပြုရမှာဖြစ်ပြီးတော့ တကယ်လို့ Video ကလည်း Offline ကြည့်ရှုခွင့်ပေးထားတယ်ဆိုရင် Application မှာ ရှိတဲ့ Download ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး Download ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ အဆိုပါ Download ပြုထားတဲ့ Video တွေကို အမြဲတမ်းရှိနေဖို့အတွက် Online အသုံးပြုနေပေးဖို့ လိုအပ်သလို YouTube Application မဟုတ်တဲ့အခြားသော Application တွေကနေလည်း ကြည့်ရှုလို့ရမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် YouTube အနေနဲ့ အခုလိုမျိုး Video တွေကို Online Streaming အနေနဲ့တင်မဟုတ်ပဲ Offline Playback ကို ကြိုးစားနေတဲ့အတွက် နောက်ပိုင်းကြရင် YouTube Downloader တွေလိုအပ်ဦးပါ့မလားဆိုတာကိုတောင် ပြန်စဉ်းစားရတော့မှာပါ။