[Zawgyi]

Apple ဟာ လာမယ့္ ေအာက္တိုဘာ ၃၀ ရက္ေန႔မွာ သူ႔ရဲ႕ ဒုတိယေျမာက္ Event ကို က်င္းပျပဳလုပ္သြားမယ္လို႔ ေၾကညာထားပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ပထမအႀကိမ္က ထုတ္မျပျဖစ္ခဲ့တဲ့ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ နာမည္ႀကီးၿပီး ထိပ္ဆုံးစာရင္းမွာ ပါေနတာေတြကေတာ့ New iPad Pros, Update လုပ္ထားတဲ့ MacBook Air တို႔ပါပဲ။ တျခား ေမွ်ာ္လင့္စရာေတြလည္း ရွိဦးမွာပါ။

 

New iPad Pros

ေမွ်ာ္လင့္ျခင္းေတြရဲ႕ ထိပ္ဆုံးမွာ ရွိေနတာကေတာ့ New iPad Pros ပါပဲ။ ဒါကိုပဲ ဒီ Event ရဲ႕ အဓိက မိတ္ဆက္မႈအျဖစ္ ျပဳလုပ္သြားမယ္လို႔ ထင္ပါတယ္။ အခုအခ်ိန္ထိလည္း New iPad Pros ရဲ႕ ပုံပန္းသ႑ာန္ကို ခန႔္မွန္းေနၾကတုန္းပါ။ ဘယ္သူမွ အတိအက် မသိၾကေသးပါဘူး။ အားလုံးေမွ်ာ္လင့္ထားတာကေတာ့ မ်က္ႏွာျပင္ပိုက်ယ္သြားမယ္၊ Edge-to-edge screens ျဖစ္ေနၿပီး Notch မပါေတာ့ဘူး၊ ေဘးေထာင့္ေကြးေတြက ေျပျပစ္လုံးဝန္းေနမယ္၊ Home Button မပါေတာ့ဘဲ Face ID scanner ပါဝင္လာမယ္ ဆိုတာေတြပါပဲ။ ၿပီးေတာ့ အပိုဆုေလးအေနနဲ႔ USB-C Lighting port ေလးေပါ့။

ဒါေတြနဲ႔အတူ ထပ္ၿပီးေမွ်ာ္လင့္ထားတာက Processor ကိုလည္း အဆင့္ျမႇင့္တင္ေပးထားဖို႔ပါပဲ။ ၿပီးခဲ့တဲ့ ထုတ္ကုန္ေတြမွာ အသုံးျပဳထားတဲ့ A12 Bionic chipset သုံးေပးထားဖို႔ကိုလည္း ေမွ်ာ္လင့္ရႏိုင္ပါတယ္။ ဒါကေတာ့ အတြင္းအစိတ္အပိုင္းအတြက္ ေမွ်ာ္လင့္ထားတဲ့ ႀကီးမားတဲ့ အေျပာင္းအလဲေတြထဲကမွ တစ္ခုျဖစ္ပါတယ္။

 

MacBook Air

၂၀၁၅ ကစၿပီးေတာ့ Apple ဟာ သူတို႔ရဲ႕ MacBook Air ေတြရဲ႕ Function ပိုင္းေတြကို အဆင့္ျမႇင့္တင္ေပးျခင္း မျပဳလုပ္ေတာ့ပါဘူး။ အားေပးသူေတြ အေတာ္ေလးကို ေမွ်ာ္လင့္ေနၾကတာကေတာ့ ေပါ့ပါးလြန္းတဲ့ Laptop တစ္လုံးကို Apple က ထုတ္လုပ္ေပးဖို႔ပါပဲ။ Apple က အားလုံးရဲ႕ ဆႏၵေတြကို ျဖည့္ဆည္းေပးမွာလား။ ဒါကလည္း ရင္ခုန္စရာ ေမွ်ာ္လင့္ျခင္း တစ္ခုပါ။ Apple အေနနဲ႔ 12-inch MacBook သစ္ကို ျပသႏိုင္ဖို႔ အာ႐ုံစိုက္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ဖူးပါတယ္။ ဒါေပမယ့္ ပိုၿပီးေမွ်ာ္လင့္ရမွာက အဆင့္ျမႇင့္တင္မႈ ျပဳလုပ္ေပးမယ္လို႔ ဆိုထားတဲ့ MacBook Pro ပါ။

ေနာက္တစ္ခုက New Air ဟာ လက္ရွိ Air အတိုင္း 13-inch မ်က္ႏွာျပင္နဲ႔ ဆက္ထြက္လာမယ္လို႔လည္း ေမွ်ာ္လင့္ထားရပါတယ္။ ဒါေပမယ့္ Resolution ေတြက ပိုၿပီးျမင့္လာမယ္၊ Bezels ေတြကေတာ့ အရင္အတိုင္းပဲ။ ေတာင္းဆိုမႈေတြ မ်ားေနတဲ့ Specs ပိုင္းကေရာ ပိုေကာင္းလာမွာလား၊ ပိုၿပီးျဖည့္ဆည္းေပးမွာလားဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။ (ဘာေၾကာင့္လဲဆိုေတာ့ လက္ရွိ Air က ေခတ္မမီေတာ့တဲ့ 2015-era Intel processor သုံးထားတာေၾကာင့္ပါ)

 

Mac Mini ျပန္လာမွာလား

Apple အေနနဲ႔ Mac Mini ကို ေမ့ထားခဲ့တာ ဘယ္ေလာက္ေတာင္ ၾကာခဲ့ၿပီလဲ။ ေနာက္ဆုံး မိုဒယ္သစ္ကို ျမင္ခဲ့ဖူးတာေတာင္ ၂၀၁၄ခုႏွစ္ ေအာက္တိုဘာ ၁၆ ရက္ေန႔လို႔ ထင္ပါတယ္။ ဒီေလာက္ ၾကာရွည္တဲ့ အခ်ိန္ကာလကို ေက်ာ္လြန္ခဲ့ၿပီဆိုေတာ့ Apple မွာ Mac Mini fans ေတြအတြက္ တစ္ခုခု ေတာ့ လုပ္ေပးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အနည္းဆုံးေတာ့ မိုဒယ္သစ္ တစ္ခုခုကို ထုတ္ျပဖို႔ေပါ့။ Specification ေတြကို အဆင့္ျမႇင့္တင္ေပးတာတို႔ Professional user ေတြအတြက္ Features ေတြ ထပ္ထည့္ေပးတာမ်ိဳးတို႔ေပါ့။

တျခား Mac ေတြကိုလည္း အဆင့္ျမႇင့္တင္ေပးမယ္ဆိုတဲ့ သတင္းမ်ိဳး

လတ္တေလာမွာ အေတာ္မ်ားမ်ားက New iPad Pros, MacBook Air, Mac mini စတာေတြကို အာ႐ုံစိုက္ေနၾကေပမယ့္ အေမ့ခံ Mac ေတြကလည္း အမ်ားႀကီးရွိေနပါေသးတယ္။ Intel မွာ New desktop chip ရွိေနပါတယ္။ ဒါဟာ Apple ရဲ႕ iMac, iMac Pro မိုဒယ္ေတြအတြက္ ျဖစ္လာႏိုင္ပါတယ္။ ၿပီးေတာ့ 13-inch MacBook Pro Escape Key ေတြ၊ 12-inch MacBook ရဲ႕ Spec boost ကိစၥေတြကိုလည္း ေျပလည္ေအာင္ ေျဖရွင္းေပးမႈေတြက ဒီ Event မွာ ေမွ်ာ္လင့္စရာေတြပါပဲ။

Ref: The Verge

[Unicode]

Apple ဟာ လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့မှာ သူ့ရဲ့ ဒုတိယမြောက် Event ကို ကျင်းပပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပထမအကြိမ်က ထုတ်မပြဖြစ်ခဲ့တဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ နာမည်ကြီးပြီး ထိပ်ဆုံးစာရင်းမှာ ပါနေတာတွေကတော့ New iPad Pros, Update လုပ်ထားတဲ့ MacBook Air တို့ပါပဲ။ တခြား မျှော်လင့်စရာတွေလည်း ရှိဦးမှာပါ။

 

New iPad Pros

မျှော်လင့်ခြင်းတွေရဲ့ ထိပ်ဆုံးမှာ ရှိနေတာကတော့ New iPad Pros ပါပဲ။ ဒါကိုပဲ ဒီ Event ရဲ့ အဓိက မိတ်ဆက်မှုအဖြစ် ပြုလုပ်သွားမယ်လို့ ထင်ပါတယ်။ အခုအချိန်ထိလည်း New iPad Pros ရဲ့ ပုံပန်းသဏ္ဍာန်ကို ခန့်မှန်းနေကြတုန်းပါ။ ဘယ်သူမှ အတိအကျ မသိကြသေးပါဘူး။ အားလုံးမျှော်လင့်ထားတာကတော့ မျက်နှာပြင်ပိုကျယ်သွားမယ်၊ Edge-to-edge screens ဖြစ်နေပြီး Notch မပါတော့ဘူး၊ ဘေးထောင့်ကွေးတွေက ပြေပြစ်လုံးဝန်းနေမယ်၊ Home Button မပါတော့ဘဲ Face ID scanner ပါဝင်လာမယ် ဆိုတာတွေပါပဲ။ ပြီးတော့ အပိုဆုလေးအနေနဲ့ USB-C Lighting port လေးပေါ့။

ဒါတွေနဲ့အတူ ထပ်ပြီးမျှော်လင့်ထားတာက Processor ကိုလည်း အဆင့်မြှင့်တင်ပေးထားဖို့ပါပဲ။ ပြီးခဲ့တဲ့ ထုတ်ကုန်တွေမှာ အသုံးပြုထားတဲ့ A12 Bionic chipset သုံးပေးထားဖို့ကိုလည်း မျှော်လင့်ရနိုင်ပါတယ်။ ဒါကတော့ အတွင်းအစိတ်အပိုင်းအတွက် မျှော်လင့်ထားတဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေထဲကမှ တစ်ခုဖြစ်ပါတယ်။

 

MacBook Air

၂၀၁၅ ကစပြီးတော့ Apple ဟာ သူတို့ရဲ့ MacBook Air တွေရဲ့ Function ပိုင်းတွေကို အဆင့်မြှင့်တင်ပေးခြင်း မပြုလုပ်တော့ပါဘူး။ အားပေးသူတွေ အတော်လေးကို မျှော်လင့်နေကြတာကတော့ ပေါ့ပါးလွန်းတဲ့ Laptop တစ်လုံးကို Apple က ထုတ်လုပ်ပေးဖို့ပါပဲ။ Apple က အားလုံးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမှာလား။ ဒါကလည်း ရင်ခုန်စရာ မျှော်လင့်ခြင်း တစ်ခုပါ။ Apple အနေနဲ့ 12-inch MacBook သစ်ကို ပြသနိုင်ဖို့ အာရုံစိုက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပိုပြီးမျှော်လင့်ရမှာက အဆင့်မြှင့်တင်မှု ပြုလုပ်ပေးမယ်လို့ ဆိုထားတဲ့ MacBook Pro ပါ။

နောက်တစ်ခုက New Air ဟာ လက်ရှိ Air အတိုင်း 13-inch မျက်နှာပြင်နဲ့ ဆက်ထွက်လာမယ်လို့လည်း မျှော်လင့်ထားရပါတယ်။ ဒါပေမယ့် Resolution တွေက ပိုပြီးမြင့်လာမယ်၊ Bezels တွေကတော့ အရင်အတိုင်းပဲ။ တောင်းဆိုမှုတွေ များနေတဲ့ Specs ပိုင်းကရော ပိုကောင်းလာမှာလား၊ ပိုပြီးဖြည့်ဆည်းပေးမှာလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ (ဘာကြောင့်လဲဆိုတော့ လက်ရှိ Air က ခေတ်မမီတော့တဲ့ 2015-era Intel processor သုံးထားတာကြောင့်ပါ)

 

Mac Mini ပြန်လာမှာလား

Apple အနေနဲ့ Mac Mini ကို မေ့ထားခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ နောက်ဆုံး မိုဒယ်သစ်ကို မြင်ခဲ့ဖူးတာတောင် ၂၀၁၄ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့လို့ ထင်ပါတယ်။ ဒီလောက် ကြာရှည်တဲ့ အချိန်ကာလကို ကျော်လွန်ခဲ့ပြီဆိုတော့ Apple မှာ Mac Mini fans တွေအတွက် တစ်ခုခု တော့ လုပ်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ အနည်းဆုံးတော့ မိုဒယ်သစ် တစ်ခုခုကို ထုတ်ပြဖို့ပေါ့။ Specification တွေကို အဆင့်မြှင့်တင်ပေးတာတို့ Professional user တွေအတွက် Features တွေ ထပ်ထည့်ပေးတာမျိုးတို့ပေါ့။

 

တခြား Mac တွေကိုလည်း အဆင့်မြှင့်တင်ပေးမယ်ဆိုတဲ့ သတင်းမျိုး

လတ်တလောမှာ အတော်များများက New iPad Pros, MacBook Air, Mac mini စတာတွေကို အာရုံစိုက်နေကြပေမယ့် အမေ့ခံ Mac တွေကလည်း အများကြီးရှိနေပါသေးတယ်။ Intel မှာ New desktop chip ရှိနေပါတယ်။ ဒါဟာ Apple ရဲ့ iMac, iMac Pro မိုဒယ်တွေအတွက် ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ 13-inch MacBook Pro Escape Key တွေ၊ 12-inch MacBook ရဲ့ Spec boost ကိစ္စတွေကိုလည်း ပြေလည်အောင် ဖြေရှင်းပေးမှုတွေက ဒီ Event မှာ မျှော်လင့်စရာတွေပါပဲ။

Ref: The Verge