Zawgyi Font Version

Apple ဟာေနာက္အပတ္ (၁၂) ရက္ေန႔မွာသူ႔ရဲ႕ ပစၥည္းအသစ္မိတ္ဆက္ပြဲၾကီးကိုက်င္းပေတာ့မွာပါ။ Cupertino က Steve Jobs Theater မွာက်င္းပမယ့္ အဆိုပါ ပြဲၾကီးမွာ အားလံုးရင္ခုန္ေစာင့္စားေနၾကတာေတာ့ iPhone အသစ္သံုးလံုးပါ။ ဒါေပမယ့္ Apple ရဲ႕ ထံုးစံအတိုင္း Product တစ္ခုတည္းပဲမဟုတ္ပဲ iPhone အျပင္ တစ္ျခားစိတ္ဝင္စားဖို႔ေကာင္းတဲ့ Product အသစ္ေတြပါမိတ္ဆက္သြားမွာပါ။

iPhone အသစ္သံုးလံုး

iPhone X နဲ႔ iPhone 8, 8Plus တို႔ကိုထုတ္ခဲ့တာ ေတာ္ေတာ္ေတာ့ၾကာပါျပီ။ နည္းပညာေခတ္အတြက္ ဒီ အခ်ိန္ပမာဏဟာ ၾကာျပီလို႔ေျပာလို႔ရပါတယ္။ နည္းပညာအသစ္ေတြက အခ်ိန္နဲ႔ အမွ်ကိုေပၚထြက္ေနတာပါ။ iPhone သံုးလံုးမွာ ႏွစ္လံုးက OLED နဲ႔ ျဖစ္ျပီး iPhone XS နဲ႔ XS Plus လို႔ေခၚႏိုင္ပါတယ္။ ဒါေပမယ့္လည္း Apple ဟာ “S” Edition ကို iPhone 7 မွကတည္းက စြန္႔လြတ္ခဲ့တဲ့အတြက္ iPhone X2 နဲ႔ X2 Plus လို႔ေခၚႏိုင္ပါတယ္။ LCD Display သံုးထားတဲ့ တန္ဖိုးနည္း iPhone တစ္လံုးလည္းမိတ္ဆက္မွာျဖစ္ျပီး Apple ရဲ႕ ေစ်းအၾကီးဆံုး iPhone ေစ်းေတြနဲ႔ယွဥ္ရင္ တန္ဖိုးနည္းတယ္လို႔ေျပာရေပမယ့္ ကြ်န္ေတာ္တို႔အတြက္ေတာ့ သိန္းဆယ္ဂဏန္းေက်ာ္မွာမို႔ ေစ်းၾကီးတာက ၾကီးတာပါပဲ။ Apple ရဲ႕ Processor အသစ္ A12 Chip ေတြသံုးထားျပီး 3D Touch Feature မပါဝင္ေတာ့လို႔ နည္းနည္းေတာ့ ဘဝင္မက်မိပါဘူး။ PUBG လို Shooting Game ေတြမွာ Force Touch နဲ႔ေဆာ့လို႔ရလို႔ ေတာ္ေတာ္ေလးအသံုးဝင္တယ္ေလ။ ေက်းဇူးျပဳျပီး 3D Touch မျဖဳတ္ပါေစနဲ႔။

Apple Watch Series 4

Apple ရဲ႕ Smart Watch အသစ္ပါ။ ပိုအားခံတဲ့ Battery ပိုလွျပီး ပိုၾကီးလာမယ့္ Display နဲ႔ အေရာင္အသစ္ေတြပါမိတ္ဆက္ဖို႔ရွိပါတယ္။ ပိုအၾကမ္းခံလာျပီး စိတ္ဝင္စားစရာ Feature အသစ္ေတြပါလာမယ္ေျပာပါတယ္။ Feature အသစ္ေတြပဲ ပါလာမလား Watch 3 ကိုပဲ ဒီဇိုင္းေျပာင္းျပီး ဂ်င္းထည့္မလားဆိုတာေတာ့ေစာင့္ၾကည့္ရမွာပါ။

Home Pods Mini

Apple Home Pod Speaker ေလးေတြသိၾကမွာပါ။ နာမည္ေတာ့သိပ္မၾကီးလိုက္ေပမယ့္ သိတဲ့သူေတြေတာ့သိၾကပါတယ္။ Home Pods ဆိုတဲ့အတိုင္း အိမ္မွာပဲ သံုးႏိုင္ျပီး အျပင္သယ္သြားလို႔မရပါ။ Plug တပ္ျပီးသံုးရပါတယ္။ Home Pod Mini ဆိုေတာ့ Portable အျဖစ္ေျပာင္းလဲမလားဆိုတာေတာ့ ေမွ်ာ္လင့္ရတာပါပဲ။ Apple ရဲ႕ Home Pod ဆိုတဲ့ နာမည္ၾကီးအရ Portable ျဖစ္ဖို႔က မျဖစ္ႏိုင္ပါ။ Portable အျဖစ္ထုတ္ျပီး Outdoor သယ္သြားႏိုင္ရင္လည္း နာမည္နဲ႔ မလိုက္ေတာ့ဘူးေလ။ အဲ့ကိစၥကို Apple ဘယ္လိုမ်ား ရွင္းမလဲဆိုတာ စိတ္ဝင္စားစရာပါ။

New Air Pods

Air Pods စထြက္တုန္းက အရူးအမူးျဖစ္ခဲ့ၾကတယ္။ True Wireless Earphones ေခတ္ကို Apple စခဲ့တယ္။ ဒါေပမယ့္ Air Pods ေတြရဲ႕ေစ်းနဲ႔ Quality က သိပ္ျပီးေတာ့ မေကာင္းလွပါ။ Air Pods အသစ္ေတြမွာ Design ပိုင္း နည္းနည္းျပန္ျပင္ျပီး Audio Quality နဲ႔ Battery Life ကို ျမွင့္တင္ေပးထားႏိုင္တယ္။ ေစ်းႏွုန္းအရလည္း နည္းနည္းေတာ့ ေလ်ာ့ေပးဖို႔ေကာင္းတယ္။ မေလ်ာ့ေပးလည္း ဝယ္ၾကမွာပါပဲေလ။ Apple ထံုးစံေပါ့။

Notch ၾကီးနဲ႔ iPad Pro

iPad မွာပါ Notch ထည့္ဖို႔ Apple ကစဥ္းစားေနပါတယ္။ Apple ရဲ႕ Mobile Device ေတြအကုန္လံုးကို Design ပိုင္းေျပာင္းဖို႔ Apple ကစဥ္းစားေနတာပါ။ ေျပာရရင္ iPhone ေတြရဲ႕ Original Design ကို iPad ေတြမွာယူသံုးခဲ့တာပါ။ Home Button အထားအသိုနဲ႔ အေျခခံ Design ပိုင္းမွာ iPhone ေတြရဲ႕ Design ကို ယူသံုးခဲ့ပါတယ္။ Apple ဟာ iPhone 6 ကတည္းက သံုးခဲ့တဲ့ Design ကို အခု 2018 မွာစြန္႔လြတ္ေတာ့မွာပါ။ Screen အျပည့္ နည္းပညာမသံုးႏိုင္ေသးသေရြ႕ iPhone X ရဲ႕ Design ပိုင္းကိုပဲ ဆက္လက္သံုးသြားဖို႔ရွိျပီး iPad အသစ္ေတြမွာပါ Notch ေတြပါလာေတာ့မွာပါ။ ဒီပြဲမွာ Notch ၾကီးနဲ႔ iPad Pro ကိုေတြ႔ရဖို႔မေသခ်ာေပမယ့္ မိတ္ဆက္ႏိုင္ေျခေတာ့ရွိပါတယ္။

အျခားမိတ္ဆက္လာႏိုင္ဖြယ္ရာရွိတဲ့ Product မ်ား

Apple ရဲ႕ iPhone ေတြ Smart Watch ေတြနဲ႔ iPad အသစ္ေတြကို Wireless အားသြင္းႏိုင္မယ့္ Charging Pad အသစ္ေတြမိတ္ဆက္ႏိုင္တယ္။ Macbook Air အသစ္ကိုမိတ္ဆက္ႏိုင္ဖြယ္ရွိတယ္။

iPhone နဲ႔ Watch အသစ္ေတြကေတာ့ ေသခ်ာေပါက္ မိတ္ဆက္မွာျဖစ္ျပီး က်န္တာေတြကေတာ့ မိတ္ဆက္ႏိုင္ေခ်ပဲရွိပါတယ္။ Apple ရဲ႕ စက္တင္ဘာ (၁၂) ပြဲၾကီးကို အတူတူေစာင့္ၾကည့္လိုက္ရေအာင္။

Unicode Version

Apple ဟာနောက်အပတ် (၁၂) ရက်နေ့မှာသူ့ရဲ့ ပစ္စည်းအသစ်မိတ်ဆက်ပွဲကြီးကိုကျင်းပတော့မှာပါ။ Cupertino က Steve Jobs Theater မှာကျင်းပမယ့် အဆိုပါ ပွဲကြီးမှာ အားလုံးရင်ခုန်စောင့်စားနေကြတာတော့ iPhone အသစ်သုံးလုံးပါ။ ဒါပေမယ့် Apple ရဲ့ ထုံးစံအတိုင်း Product တစ်ခုတည်းပဲမဟုတ်ပဲ iPhone အပြင် တစ်ခြhားစိတ်ဝင်စားဖို့ကောင်းတဲ့ Product အသစ်တွေပါမိတ်ဆက်သွားမှာပါ။

iPhone အသစ်သုံးလုံး

iPhone X နဲ့ iPhone 8, 8Plus တို့ကိုထုတ်ခဲ့တာ တော်တော်တော့ကြာပါပြီ။ iPhone အသစ်တွေဝယ်ထားတဲ့သူတွေကတော့ စိတ်ညစ်ကြမှာပါပဲ။ ဝယ်ထားတာတောင်မကြာသေးပဲ အသစ်ကထွက်ပြီလားပေါ့။ နည်းပညာခေတ်အတွက် ဒီ အချိန်ပမာဏဟာ ကြာပြီလို့ပြောလို့ရပါတယ်။ နည်းပညာအသစ်တွေက အချိန်နဲ့ အမျှကိုပေါ်ထွက်နေတာပါ။ iPhone သုံးလုံးမှာ နှစ်လုံးက OLED နဲ့ ဖြစ်ပြီး iPhone XS နဲ့ XS Plus လို့ခေါ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Apple ဟာ “S” Edition ကို iPhone 7 မှကတည်းက စွန့်လွတ်ခဲ့တဲ့အတွက် iPhone X2 နဲ့ X2 Plus လို့ခေါ်နိုင်ပါတယ်။ LCD Display သုံးထားတဲ့ တန်ဖိုးနည်း iPhone တစ်လုံးလည်းမိတ်ဆက်မှာဖြစ်ပြီး Apple ရဲ့ ဈေးအကြီးဆုံး iPhone ဈေးတွေနဲ့ယှဉ်ရင် တန်ဖိုးနည်းတယ်လို့ပြောရပေမယ့် ကျွန်တော်တို့အတွက်တော့ သိန်းဆယ်ဂဏန်းကျော်မှာမို့ ဈေးကြီးတာက ကြီးတာပါပဲ။ Apple ရဲ့ Processor အသစ် A12 Chip တွေသုံးထားပြီး 3D Touch Feature မပါဝင်တော့လို့ နည်းနည်းတော့ ဘဝင်မကျမိပါဘူး။ PUBG လို Shooting Game တွေမှာ Force Touch နဲ့ဆော့လို့ရလို့ တော်တော်လေးအသုံးဝင်တယ်လေ။ ကျေးဇူးပြုပြီး 3D Touch မဖြုတ်ပါစေနဲ့။

Apple Watch Series 4

Apple ရဲ့ Smart Watch အသစ်ပါ။ ပိုအားခံတဲ့ Battery ပိုလှပြီး ပိုကြီးလာမယ့် Display နဲ့ အရောင်အသစ်တွေပါမိတ်ဆက်ဖို့ရှိပါတယ်။ ပိုအကြမ်းခံလာပြီး စိတ်ဝင်စားစရာ Feature အသစ်တွေပါလာမယ်ပြောပါတယ်။ Feature အသစ်တွေပဲ ပါလာမလား Watch 3 ကိုပဲ ဒီဇိုင်းပြောင်းပြီး ဂျင်းထည့်မလားဆိုတာတော့စောင့်ကြည့်ရမှာပါ။

Home Pods Mini

Apple Home Pod Speaker လေးတွေသိကြမှာပါ။ နာမည်တော့သိပ်မကြီးလိုက်ပေမယ့် သိတဲ့သူတွေတော့သိကြပါတယ်။ Home Pods ဆိုတဲ့အတိုင်း အိမ်မှာပဲ သုံးနိုင်ပြီး အပြင်သယ်သွားလို့မရပါ။ Plug တပ်ပြီးသုံးရပါတယ်။ Home Pod Mini ဆိုတော့ Portable အဖြစ်ပြောင်းလဲမလားဆိုတာတော့ မျှော်လင့်ရတာပါပဲ။ Apple ရဲ့ Home Pod ဆိုတဲ့ နာမည်ကြီးအရ Portable ဖြစ်ဖို့က မဖြစ်နိုင်ပါ။ Portable အဖြစ်ထုတ်ပြီး Outdoor သယ်သွားနိုင်ရင်လည်း နာမည်နဲ့ မလိုက်တော့ဘူးလေ။ အဲ့ကိစ္စကို Apple ဘယ်လိုများ ရှင်းမလဲဆိုတာ စိတ်ဝင်စားစရာပါ။

New Air Pods

Air Pods စထွက်တုန်းက အရူးအမူးဖြစ်ခဲ့ကြတယ်။ True Wireless Earphones ခေတ်ကို Apple စခဲ့တယ်။ ဒါပေမယ့် Air Pods တွေရဲ့ဈေးနဲ့ Quality က သိပ်ပြီးတော့ မကောင်းလှပါ။ Air Pods အသစ်တွေမှာ Design ပိုင်း နည်းနည်းပြန်ပြင်ပြီး Audio Quality နဲ့ Battery Life ကို မြှင့်တင်ပေးထားနိုင်တယ်။ ဈေးနှုန်းအရလည်း နည်းနည်းတော့ လျော့ပေးဖို့ကောင်းတယ်။ မလျော့ပေးလည်း ဝယ်ကြမှာပါပဲလေ။ Apple ထုံးစံပေါ့။

Notch ကြီးနဲ့ iPad Pro

iPad မှာပါ Notch ထည့်ဖို့ Apple ကစဉ်းစားနေပါတယ်။ Apple ရဲ့ Mobile Device တွေအကုန်လုံးကို Design ပိုင်းပြောင်းဖို့ Apple ကစဉ်းစားနေတာပါ။ ပြောရရင် iPhone တွေရဲ့ Original Design ကို iPad တွေမှာယူသုံးခဲ့တာပါ။ Home Button အထားအသိုနဲ့ အခြေခံ Design ပိုင်းမှာ iPhone တွေရဲ့ Design ကို ယူသုံးခဲ့ပါတယ်။ Apple ဟာ iPhone 6 ကတည်းက သုံးခဲ့တဲ့ Design ကို အခု 2018 မှာစွန့်လွတ်တော့မှာပါ။ Screen အပြည့် နည်းပညာမသုံးနိုင်သေးသရွေ့ iPhone X ရဲ့ Design ပိုင်းကိုပဲ ဆက်လက်သုံးသွားဖို့ရှိပြီး iPad အသစ်တွေမှာပါ Notch တွေပါလာတော့မှာပါ။ ဒီပွဲမှာ Notch ကြီးနဲ့ iPad Pro ကိုတွေ့ရဖို့မသေချာပေမယ့် မိတ်ဆက်နိုင်ခြေတော့ရှိပါတယ်။

အခြားမိတ်ဆက်လာနိုင်ဖွယ်ရာရှိတဲ့ Product များ

Apple ရဲ့ iPhone တွေ Smart Watch တွေနဲ့ iPad အသစ်တွေကို Wireless အားသွင်းနိုင်မယ့် Charging Pad အသစ်တွေမိတ်ဆက်နိုင်တယ်။ Macbook Air အသစ်ကိုမိတ်ဆက်နိုင်ဖွယ်ရှိတယ်။

iPhone နဲ့ Watch အသစ်တွေကတော့ သေချာပေါက် မိတ်ဆက်မှာဖြစ်ပြီး ကျန်တာတွေကတော့ မိတ်ဆက်နိုင်ချေပဲရှိပါတယ်။ Apple ရဲ့ စက်တင်ဘာ (၁၂) ပွဲကြီးကို အတူတူစောင့်ကြည့်လိုက်ရအောင်။