[Zawgyi]

Facebook ကပိုင္ဆိုင္တဲ့ WhatsApp ဟာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလကတည္းက Business app ကိုေၾကညာခဲ့တာ ျဖစ္ပါတယ္။ ေၾကညာစဥ္က ေနာက္တစ္ႏွစ္ဇန္နဝါရီလမွာ ျဖန႔္ခ်ိမယ္လို႔ဆိုခဲ့ပါတယ္။ ဒါေပမယ့္ Android တစ္ခုတည္းအတြက္ပဲ ျဖန႔္ခ်ိခဲ့တာပါ။

WhatsApp Business ရဲ႕ iOS အတြက္ျဖစ္တည္မႈဟာ တစ္ႏွစ္ေက်ာ္ကာလအတြင္းမွာ ဘာစကားသံမွမၾကားခဲ့ရဘဲ တိတ္ဆိတ္ေနခဲ့တာပါ။ ၂၀၁၉ ရဲ႕ ေဖေဖာ္ဝါရီလထဲမွာေတာ့ ပထမဦးဆုံးအႀကိမ္အျဖစ္ iOS မွာသုံးႏိုင္မယ့္ Beta Version ကို ထုတ္ေပးခဲ့ပါတယ္။ ဒီေနာက္ပိုင္း စမ္းသပ္မႈေတြဟာ ေခ်ာေမြ႕စြာနဲ႔ျဖတ္သန္းႏိုင္ခဲ့တာေၾကာင့္ Stable Version ကို ထုတ္ေပးခဲ့တာလို႔ ယူဆရပါတယ္။

iOS အတြက္ Business app ျဖန႔္ခ်ိလိုက္တဲ့အေၾကာင္းကို WhatsApp က တရားဝင္ထုတ္ျပန္ေၾကညာျခင္း မျပဳလုပ္ခဲ့ပါဘူး။ ဒါေပမယ့္ WABetaInfo ရဲ႕ ေဖာ္ျပခ်က္အရ App ဟာ Mexico မွာ ရေနၿပီလို႔ သိရပါတယ္။ ဘရာဇီး၊ အာဂ်င္တီးနားနဲ႔ ျပင္သစ္က အသုံးျပဳသူေတြကလည္း သူတို႔ႏိုင္ငံတြင္းမွာ iOS အတြက္ WhatsApp Business ရရွိေနၿပီျဖစ္တယ္လို႔ အတည္ျပဳခ်က္ေပးခဲ့ၾကပါတယ္။

WhatsApp Business ဟာ WhatsApp Messenger နဲ႔ မတူညီဘဲ စီးပြားေရးလုပ္ငန္းေတြကို ဦးတည္ထားတဲ့ သီးသန႔္ App တစ္ခုျဖစ္ပါတယ္။ ဒီ App ဟာ Away message, Greeting message နဲ႔ Quick replies စတဲ့ Features ေတြကို အဓိကထားၿပီး တည္ေဆာက္ထားတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Working hours, address နဲ႔ သူတို႔ရဲ႕ Profile page ေတြကို လူမႈကြန္ရက္အေကာင့္၊ ဒါမွမဟုတ္ ဝက္ဘ္ဆိုက္ေတြနဲ႔ ခ်ိတ္ဆက္ခြင့္ေပးၿပီး စီးပြားေရးလုပ္ငန္းဆိုင္ရာ အခ်က္အလက္ေတြကို ေဖာ္ျပခြင့္ေပးထားတာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

iOS ပေါ်ကို Stable Version အဖြစ် ရောက်လာတဲ့ WhatsApp Business

Facebook ကပိုင်ဆိုင်တဲ့ WhatsApp ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက Business app ကိုကြေညာခဲ့တာ ဖြစ်ပါတယ်။ ကြေညာစဉ်က နောက်တစ်နှစ်ဇန်နဝါရီလမှာ ဖြန့်ချိမယ်လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့် Android တစ်ခုတည်းအတွက်ပဲ ဖြန့်ချိခဲ့တာပါ။

WhatsApp Business ရဲ့ iOS အတွက်ဖြစ်တည်မှုဟာ တစ်နှစ်ကျော်ကာလအတွင်းမှာ ဘာစကားသံမှမကြားခဲ့ရဘဲ တိတ်ဆိတ်နေခဲ့တာပါ။ ၂၀၁၉ ရဲ့ ဖေဖော်ဝါရီလထဲမှာတော့ ပထမဦးဆုံးအကြိမ်အဖြစ် iOS မှာသုံးနိုင်မယ့် Beta Version ကို ထုတ်ပေးခဲ့ပါတယ်။ ဒီနောက်ပိုင်း စမ်းသပ်မှုတွေဟာ ချောမွေ့စွာနဲ့ဖြတ်သန်းနိုင်ခဲ့တာကြောင့် Stable Version ကို ထုတ်ပေးခဲ့တာလို့ ယူဆရပါတယ်။

iOS အတွက် Business app ဖြန့်ချိလိုက်တဲ့အကြောင်းကို WhatsApp က တရားဝင်ထုတ်ပြန်ကြေညာခြင်း မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် WABetaInfo ရဲ့ ဖော်ပြချက်အရ App ဟာ Mexico မှာ ရနေပြီလို့ သိရပါတယ်။ ဘရာဇီး၊ အာဂျင်တီးနားနဲ့ ပြင်သစ်က အသုံးပြုသူတွေကလည်း သူတို့နိုင်ငံတွင်းမှာ iOS အတွက် WhatsApp Business ရရှိနေပြီဖြစ်တယ်လို့ အတည်ပြုချက်ပေးခဲ့ကြပါတယ်။

WhatsApp Business ဟာ WhatsApp Messenger နဲ့ မတူညီဘဲ စီးပွားရေးလုပ်ငန်းတွေကို ဦးတည်ထားတဲ့ သီးသန့် App တစ်ခုဖြစ်ပါတယ်။ ဒီ App ဟာ Away message, Greeting message နဲ့ Quick replies စတဲ့ Features တွေကို အဓိကထားပြီး တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Working hours, address နဲ့ သူတို့ရဲ့ Profile page တွေကို လူမှုကွန်ရက်အကောင့်၊ ဒါမှမဟုတ် ဝက်ဘ်ဆိုက်တွေနဲ့ ချိတ်ဆက်ခွင့်ပေးပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်တွေကို ဖော်ပြခွင့်ပေးထားတာ ဖြစ်ပါတယ်။

Ref: GSMArena